Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 13, 2014

တောင်တက်သမားနှစ်ဦး ရှာဖွေကယ်ဆယ်ရန် တရုတ်မှ အကြီးဆုံးကယ်ဆယ်ရေးအဖွဲ့ လာရောက်ကူညီမည်


တောင်ခြေအထိ တက်ရောက်ခဲ့သော တောင်တက်အဖွဲ့ဝင်အချိ့ကို တွေ့ရစဉ် (ဓာတ်ပုံ − သဘာဝခေါ်သံဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ခ်)
၁၂ ရက်ကြာ အဆက် အသွယ် ပြတ်တောက်နေခဲ့သော ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် မြန်မာဘက်က အကူအညီတောင်း သည့်အတွက် တရုတ်နိုင်ငံ၏ အ ကြီးဆုံး အရပ်သား ကယ်ဆယ် ရေးအဖွဲ့ဖြစ်သည့် ဘလူးစကိုင်း ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ပူတာအိုသို့ ဆက်လက်ထွက်ခွာမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ယင်းမြန်မာ တောင်တက် သမားနှစ်ဦးကို ဘလူးစကိုင်း ကယ်ဆယ်ရေးအဖွဲ့ လာရောက် ရှာဖွေကယ်ဆယ်မည့် အကြောင်း မြန်မာနိုင်ငံရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူ တစ်ဦးနှင့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းမှ အမှု ဆောင်တစ်ဦးက 7Day Daily အား အတည်ပြုပြောကြားခဲ့သည်။

‘‘တရုတ်-မြန်မာ ချစ်ကြည် ရေး အဖွဲ့ကနေတစ်ဆင့် ထူး ဖောင်ဒေးရှင်းကို ကယ်ဆယ်ရေး လုပ်ဖို့ ဆက်သွယ်လာတယ်။ သူ တို့မှာ တောင်တက်ပစ္စည်းကိရိ ယာ အပြည့်အစုံ ပါတဲ့အတွက် အမြန်ဆုံးတွေ့ဖို့ ပေါင်းပြီး ရှာ ဖွေကယ်ဆယ်ရေး လုပ်ဆောင် သွားမယ်’’ဟု ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 အဆက်အသွယ်  ပြတ် တောက်နေသည့် ၎င်းတို့နှစ်ဦးကို ပြည်ပနိုင်ငံများမှ နိုင်ငံတကာအ ဆင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ငှားရမ်းရှာဖွေမည်ဟု ထူး ဖောင်ဒေးရှင်းက စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ ပြီးနောက် ၎င်းတို့အဖွဲ့ ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်သည်။ ဘလူး စကိုင်းကယ်ဆယ်ရေးအဖွဲ့အနေ ဖြင့် ကယ်ဆယ်ရေးစစ်ဆင်ရေး အတွက် Panel နှစ်ခုကို ဖွဲ့စည်းခဲ့ ပြီး အသင့်ပြင်ဆင်ထားပြီးပြီဟု တရုတ်သတင်းဌာန ဆင်ဟွာက ဖော်ပြထားသည်။
တောင်တက်သမား အောင် မြင့်မြတ်နှင့် ဝေယံမင်းသူတို့သည် သြဂုတ် ၃၁ ရက် ညနေ ၀၅း၀၁ နာရီကျော်က ခါကာဘိုရာဇီ တောင်ထိပ်သို့ ရောက်ရှိကာ အလံစိုက်နိုင်ပြီးကတည်းက တောင်ခြေစခန်းရှိ ကျန်အဖွဲ့သားများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၁၁ ရက် မွန်း လွဲပိုင်းမှစတင်၍ ခါကာဘိုရာဇီ တောင်ထိပ်သို့ လွန်ခဲ့သည့်(၁၈) နှစ်က ပထမဆုံး တက်ရောက်နိုင် ခဲ့သည့် ထူးဖောင်ဒေးရှင်းမှ ဦးနမားဂျွန်ဆင်၊ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း) နှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဉ်နှစ်စီးဖြင့် သွားရောက်ရှာဖွေမှု ပြုလုပ်နေခဲ့ပြီး စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းအထိ တွေ့ရှိမှု မရှိသေးပေ။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် တပ်မတော် (လေ)မှ ရဟတ်ယာဉ်တစ်စီးဖြင့် ရှာဖွေမှု ပြုလုပ်နေသည်ဟု ဆိုသည်။
‘‘မတွေ့သေးပါဘူး။ ရာသီ ဥတုကြောင့် ရဟတ်ယာဉ်က ဆက်တက်လို့ မရသေးဘူး။ မနက်ဖြန်ဆက်ရှာကြမယ်။ အခု စောင့်ကြည့်နေကြပါတယ်’’ဟု တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝခေါ်သံ ဖောင်ဒေးရှင်း)မှ အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောသည်။
 အဆက်အသွယ် ပြတ် တောက်နေသူများကို ကယ်ဆယ် ရန်အတွက် စကိုင်းဘလူးအပြင် အခြားအဖွဲ့များကိုလည်း ကမ်း လှမ်းထားပြီး မကြာမီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိလာဦးမည်ဟု ထူးဖောင်ဒေးရှင်းက ဆိုသည်။
ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး တာကာရှိ အိုဇာကီနှင့် တိဗက် လူမျိုး မြန်မာနိုင်ငံသား နမားဂျွန်ဆင်(ခ)အောင်ဆည်တို့ ပထမ ဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ ပြီးနောက် ယခုတောင်တက်အ ဖွဲ့မှာ ပထမဆုံး အကြိမ်အဖြစ် တက်ရောက်နေခြင်း ဖြစ်သည်။
ခါကာဘိုရာဇီတောင်သည် မြန်မာနှင့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ထိစပ်ရာ၊ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်တွင်တည်ရှိသည်။
၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့သော ပထ၀ီလေ့လာမှု စစ်တမ်းတစ်ရပ်အရ ခါကာဘိုရာဇီမှာ ၅,၈၈၁ မီတာ(၁၉,၂၉၆ ပေ) အမြင့်ရှိကြောင်း တိုင်းထွာနိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ထား သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ