Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

မြန်မာ့ရွှေဈေး ဆက်လက် ကျဆင်းနေမည်

မြန်မာ့ရွှေဈေး သည် ယခင် ကျဆင်းလျက် ရှိသော ဈေးထက်ပင် စက်တင်ဘာလ အတွင်း၌ ဆက်လက် ဈေးကျ နေကြောင်း ရွှေကုန်သည် များက ဆိုသည်။ သီတင်းကျွတ် အခါတော်နေ့ နီးကပ် လာသည်နှင့် အမျှ ပုံမှန် အရောင်းအဝယ် ကောင်းလေ့ ရှိသဖြင့် ရွှေဈေးကွက် လှုပ်ရှား နိုင်ရေး မျှော်လင့် ထားသော်လည်း ကျဈေးဖြင့်သာ ရင်ဆိုင် နေရကြောင်း ရွှေရတနာ အရောင်း ဆိုင်ရှင် တစ်ဦး
က ဆိုသည်။

စက်တင်ဘာ ၂ဝ ရက်အထိ အခေါက်ရွှေ တစ်ကျပ်သား ၆၄၉၅ဝဝ ကျပ်၊ အခေါက်ရွှေ အဆင့်- ၂ တစ်ကျပ်သား ၆၄၈၅ဝဝ ကျပ်၊ ဒင်္ဂါးရွှေ တစ်ကျပ်သား ၅၈၉ဝဝဝ ကျပ် ဝန်းကျင် ပေါက်ဈေးသာ ရှိကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေး မှာလည်း တစ်အောင်စ ဒေါ်လာ ၁၂ဝဝ ဝန်းကျင်ခန့် အထိ ဈေးကျသွားပြီး နိုင်ငံတကာ ရေးရာ အခြေအနေ များကြောင့် ဈေးတက်ရန် အလားအလာ မရှိဟု သိရသည်။

မြန်မာ့ ရွှေဈေးကွက် တွင်းသို့ တရုတ် နိုင်ငံမှ ရွှေအရိုင်းများ ဝင်ရောက် နေခြင်းကြောင့် လည်း ဈေးကွက်တွင် ဝယ်လိုအား နည်းပြီး ရောင်းလိုအား ပိုမို နေကြောင်း သိရသည်။

ရွှေဈေးကွက်တွင် ထူးခြားသော ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘဲ ကျဈေးဖြင့် ကာလရှည် အရောင်း အဝယ် ဖြစ်နေပြီး လတ်တလော အခြေအနေ တွင် ရွှေထည် ဝယ်လို အားလည်း နည်းပါး နေသည်ဟု လက်ဝတ် ရတနာ အရောင်း ဆိုင်ရှင် တစ်ဦးက ပြောသည်။

စီးပွားရေး လုပ်ငန်းများ နှေးကွေး၍ လူထုအတွင်း ပိုလျှံဝင်ငွေ နည်းပါး နေခြင်းကြောင့် ရွှေဈေးကွက်မှာ အတန်ကြာ အရောင်းပါး နေရခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ရက်များ အတွင်း၌ ရွှေအပေါင် လုပ်ငန်းများသာ တွင်ကျယ် ခဲ့ပြီး အရောင်း ကျဆင်းလျက် ရှိကြောင်း သိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ