Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

အမျိုးသမီး ငြိမ်းချမ်းရေးဆု နော်စီဖိုးရာစိန်နဲ့ ဒေါ်စောမြရာဇာလင်းတို့ ရရှိ

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် စောမြ ရာဇာလင်းတို့ အမျိုးသမီး ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရ ပါတယ်။

ရန်ကုန်မြို့ Excel Tower Hotel မှာ စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေက ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် အမျိုးသမီးရေးရာ ဆွေးနွေးပွဲမှာဒီဆုကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဆုချီးမြှင့်တာနဲ့ ပတ်သက်ပြီး အခမ်းအနား တက်ရောက်ခဲ့တဲ့ ဒေါ်နော်အုန်းလှက အခုလိုပြောပါတယ်။

"အမျိုးသမီးငြိမ်းချမ်းရေးဆုရှင်ပေါ့နော်၊ ဆရာမ နော်စီဖိုးရာစိန်နဲ့ ဆရာမ ဒေါ်စောမြရာဇာလင်းကို အမျိုးသမီးဖိုရမ်ကနေပြီးတော့ ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တယ်ပေါ့နော်၊ အဲ့ဒီမှာ ဆရာမ နော်စီဖိုးရာစိန်က ကိုယ်တိုင်တော့မတက်ရောက်ဘူး၊ ဆရာမ ဒေါ်စောမြရာဇာလင်း ကိုယ်တိုင် တက်ရောက်ယူတယ်ပေါ့နော်၊ အဲ့ဒီမှာ ဆရာမတို့ကတော့ ငြိမ်းချမ်းရေးကိုဖြင့် ကြိုးပမ်းသွားမယ် ဆိုတဲ့အကြောင်းပြောတယ်"

အခမ်းအနားမှာ ငြိမ်းချမ်းရေးဆုအပြင် လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဒေါ်နော်အုန်းလှ၊ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံဒေါ်မြင့်မြင့်အေး၊ NDF ပါတီက ဒေါ်ဘောက်ဂျာ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်က ဒေါ်ခင်မိမိခိုင်တို့ကိုလည်း ဂုဏ်ပြုဆုတွေအသီးသီး ချီးမြှင့်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရသူ ဒေါ်စောမြရာဇလင်းက ဒီဆုရရှိတာကြောင့် အမျိုးသမီးထုအနေနဲ့ နိုင်ငံ့ အရေးကို ပိုမိုဆောင်ရွက်ဖို့ တွန်းအားပေးသလိုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ