Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

တရုတ်အစိုးရမှ မြန်မာ့ဆန်များ ထပ်မံဖမ်းဆီးသဖြင့် မူဆယ် ၁၀၅ မိုင်စခန်းတွင် ဆန်တန်ချိန် နှစ်သောင်းခန့် ၀ယ်သူမဲ့ဖြစ်နေ

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်များ တရုတ်နိုင်ငံ အစိုးရ၏ ဖမ်းဆီးခြင်း ခံရသဖြင့် မူဆယ် ၁၀၅ မိုင် စခန်းရျိ ကုန်စည်ဒိုင် တွင် ဆန်တန်ချိန် ၂၀၀၀၀ ခန့် ၀ယ်ယူသူ မရှိဘဲ ဖြစ်နေကြောင်း မန္တလေး မြို့တွင်းရှိ ဆန်ကုန်သည် များထံမှ သိရသည်။

မူဆယ် ကုန်စည်ဒိုင်ရှိ တာဝန်ရှိ သူများ အနေဖြင့်လည်း ၄င်း ပြဿနာကို ဖြေရှင်းရန် နည်းလမ်း ရှာမတွေ့သေးဘဲ မိမိတို့ ရရန် ကြွေးကျန် များကိုသာ ရနိုင်သမျှ တောင်းယူ ထားရန် အကြံပေး ထားသည်ဟု  ဆန်ကုန်သည် များက ပြောပြသည်။ ''အဝယ်တစ်ဦး မှ မလာဘူး။ ရွှေလီဘက်မှာ အဖမ်းခံ ရတဲ့ကုန်သည် လင်မယား က အခြားကုန်သည် တွေကိုပါ ဖော်တဲ့အတွက် မြန်မာဘက်က ဆန်ဝယ်တဲ့ ကုန်သည် တွေအားလုံး တစ်ဦးမှ မနေရဲတော့ဘဲ ရှောင်ပြေး သွားကြတယ်။ အကြွေး ကိစ္စတွေ မဖြေရှင်း ရသေးဘူး'' ဟု ဆန်စပါး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ ဆန်ကုန်သည် များအနေဖြင့် မူဆယ် ၁ဝ၅ မိုင်ဂိတ်တွင် ဆန်အတွက် အခွန်ဆောင်ပြီး ဖြစ်သော်လည်း တရုတ်ပြည်တွင်း ကုန်သွယ်မှုမှာ တရားဝင် မဖြစ်ဘဲ မှောင်ခို လမ်းကြောင်းမှ သွားသော အရောင်းအဝယ် တစ်ခုသာ ဖြစ်နေပြီး အရောင်းအဝယ် ကိစ္စအားလုံး နီးပါး ကြွေးစနစ် ဖြစ်သဖြင့် လတ်တလော တွင် ကုန်သည်များ အခက်ကြုံ နေရကြောင်း သိရသည်။

''ခုလိုဆိုတော့ မြန်မာ ကုန်သည်တွေ ဘက်မှာ နစ်နာမှုတွေ ချည်းဖြစ် နေတယ်။ အကြွေး စနစ်နဲ့ အရောင်းအဝယ် လုပ်ရတော့ အဖမ်းခံရလို့ ဟိုဘက်က ကုန်သည်တွေ မလာရင် ငွေကြေး ဆုံးရှုံးမှုတွေ ရင်ဆိုင် ရဦးမယ်'' ဟု ဆန်ကုန်သည် တစ်ဦး က ပြောသည်။

မြန်မာ့ ဆန်ရောင်းဝယ်မှု တွင် တရုတ်နိုင်ငံ ကုန်သွယ်မှု သည်အဓိက ဖြစ်ပြီး အခြား ထွက်ပေါက် မရှိသဖြင့် တရုတ်နိုင်ငံမှ အကြွေးဖြင့် လာရောက် ဝယ်ယူသော ကုန်သည်များကို သာ အားထား ရောင်းချ နေရကြောင်း သိရသည်။ ကြွေးကျန် များ ပြန်လည် ရယူရာ တွင်လည်း တရုတ်ငွေ ဈေးကျချိန် များ၌သာ ပေးချေမှု များကြောင့် အဘက်ဘက်မှ နစ်နာနေရပြီး အရည်အသွေး ပိုင်းဆိုင်ရာ နှင့် ဈေးနှိမ်မှု များလည်း ရှိကြောင်း သိရသည်။ ဆန်စပါး အရောင်းအဝယ် ရပ်ချိန်တွင် အခြားကုန်စည် များပါ အရောင်းအဝယ် မကောင်းသဖြင့် လတ်တလော ဈေးကွက် ပျောက်နေသည်ဟု ဆန်ကုန်သည် များက ပြောပြသည်။

လောလောဆယ် တွင် မြန်မာ ကုန်သည်များ အနေဖြင့် ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ အခြေအနေ ကောင်းလာမည့် အချိန်ကိုသာ စောင့်ဆိုင်း၍ အရောင်းအဝယ် ပြုရမည် ဖြစ်ကြောင်း သိရသည်။ နေ့စဉ် ဆန်တန်ချိန် ၂ဝဝဝ ခန့် မန္တလေးမြို့သို့ နယ်အနှံ့မှ ဆန်များ ဝင်ရောက်နေပြီး ဈေးကွက် ပျောက်ချိန်တွင် အရောင်းအဝယ် များလည်း နှေးကွေး နေသည်ဟု သိရသည်။ လကုန်ပိုင်းတွင် နှစ်ဖက်သော အစိုးရများ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်မည် ဟူသော သတင်းစကားများ ထွက်ပေါ်နေ သော်လည်း တိကျသော ထုတ်ပြန်မှုများ မရှိသေးကြောင်း သိရသည်။ (၃၃၁)

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ