ညှိုးလျသိမ်ငယ်ခြင်းတွေနဲ့
.. ဘ၀ဟာ အခုမှ ခပ်ကျကျ ခါးသက်နေခဲ့
ဘယ်လိုအကုသိုလ်များလဲ
.. အကြိမ်ကြိမ်ပါပဲ .. အဲ့ဒီ တော်သလင်းမှာ ကျနော်သံသရာရှည်နေရတော့တာ။
ခနခနရှိုက်မိတဲ့
ဝင်သက်ထွက်သက်တွေနဲ့ .. တနင်္ဂနွေက ခနခန ထားသွားနေတယ်
တော်သလင်းရယ် ...
တနင်္ဂနွေရယ် .. မိုးရယ် ..
ကျနော်မက်နေမိတဲ့အိပ်မက်ဟာ
ရေခဲမြစ်တစ်စင်းလဲ ဖြစ်တယ်။ တိတိပပ ပေါက်ကွဲဖို့ဝန်မလေးတဲ့ သစ်ရွက်လေးလဲ ဖြစ်တယ်။ ကျနော်ဟာလဲ
ရူးလွန်းခဲ့တယ်။
မသိကျိုးကျွံချန်ရစ်သွားဖို့ရယ်
.. တိတ်တိတ်ဆိတ်ဆိတ်ကျန်ရစ်သွားဖို့ရယ် ... အဲ့ဒီ တနင်္ဂနွေဟာ ကျနော့်ကို ခနခန
ပြဌာန်းတယ်။ ရင်ဘတ်တစ်ခုလုံး ထိတ်လန့်သွားလောက်တဲ့အထိ ကျနော် ထုံကျဉ်ခဲ့ရဖူးတယ်။
မိုးရယ်။
စကားလုံးတွေ
မရှိတော့လောက်အောင် .. စကားလုံးတွေ ပျောက်ဆုံးနေလောက်အောင် .. အတိတ်ရဲ့
အရိပ်တွေနဲ့ ကျနော့်ကို တနင်္ဂနွေလေး မျက်နှာလွှဲသွားတယ်။
တကယ်လို့များ ...
တကယ်လို့များပေါ့လေ ...
ဘ၀ကိုနောက်တစ်ကြိမ်အသစ်က
ပြန်စခွင့်ရခဲ့မယ်ဆိုပါစို့ ... တနင်္ဂနွေရဲ့ သံသယငွေ့ငွေ့တွေအောက်
ကျနော် ဘယ်တော့မှ
လူမဖြစ်ချင်ဘူး။



































No comments:
Post a Comment