Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ဒီမိုကရေစီ ရရှိရေးအတွက် ဟောင်ကောင်ကျောင်းသားတွေ စတင်သပိတ်မှောက်


ဟောင်ကောင် ရွေးကောက်ပွဲ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ ဟောင်ကောင် ကျောင်းသားတွေဟာ တနလာင်္နေ့ကစပြီး အတန်း မတက်ဘဲ စတင်သပိတ် မှောက်လိုက် ကြပါတယ်။

တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းများစွာက ကျောင်းသားထောင်ပေါင်းများစွာဟာ တစ်ပတ်ကြာ သပိတ်ပွဲမှာ ပါဝင်ဖို့ သန္နိဋ္ဌာန်ချ ခဲ့ကြပါ တယ်။

ဒါဟာ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားနေတဲ့ Occupy Central အဖွဲ့က အောက်တိုဘာ ၁ရက်မှာပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ပိုမို ကျယ်ပြန့်ကြီးမားတဲ့ ကန့်ကွက်ဆန္ဒပြပွဲရဲ့ ရှေ့ပြေးတစ်ခုဖြစ်ပါတယ်။

ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူတွေဟာ တနလာင်္နေ့မနက်ပိုင်းက အလယ်တန်း ကျောင်းတွေ အပြင်မှာ ရပ်ပြီး ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို အ၀ါရောင်ဖဲပြားတွေဝေကာ အတန်းမတက်ဘဲ သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ လူထုစုဝေးပွဲတွေ နဲ့ ဟောပြောပွဲတွေကိုလည်း သပိတ်မှောက် ကျောင်းသားတွေ ဦးစီး ပြုလုပ်ခဲ့ကြပါတယ်။

ဟောင်ကောင်ရဲ့ ခေါင်းဆောင်ပိုင်းကို ရွေးချယ်တင်မြှောက်မယ့် မဲဆန္ဒခံယူပွဲမှာ လွတ်လပ်စွာအမည်စာရင်းတင်သွင်းခွင့်ပေးရေးကို ဘေဂျင်းအစိုးရက ငြင်းပယ်ခဲ့တာဟာ ဟောင်ကောင်မှာ ဒီမိုကရေစီတိုးတက်လာစေရမယ်လို့ ၁၉၉၇ ခုနှစ်က ဗြိတိန် လက်ကနေ လွှဲယူစဉ် ပေးခဲ့တဲ့ ကတိက၀တ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ