Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို ဖီဆန်ကြပြီလား "

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ကို ဖီဆန် ကြတာလား။ ဆင်းရဲသား နင်းပြား တောင်သူ လယ်သမား တွေကို လိမ်လည်လှည့် ဖျားတာလား။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒေသခံ တောင်သူ လယ်သမား များနှင့် ပြေလည်အောင် ဆွေးနွေးညှိနှိုင်းရန် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များထံ ညွှန်ကြား ထားကြောင်း သိရသော်လည်း၊ ဒေသခံ ကျေးရွာသူ ကျေးရွာသားများ ပိုမိုဒုက္ခ ရောက်စေရန် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက တမင်ကြံရွယ်လုပ်
ဆောင် နေသည်မှာ ထင်ရှား လှသည်။

အမှတ်(၁)ခဲယမ်း မီးကျောက်တပ်သည် ပဲခူးမြို့၊ သာယာကုန်း ကျေးရွာ အုပ်စုမှ ကျေးရွာ တောင်သူလယ်သမားများပိုင် လယ်ယာ မြေဧက (၅၈၀၀) ကျော်ကို အဓမ္မ သိမ်းဆည်း ထားပြီးနောက် ပြန်မပေးသေးသည့်အပြင်၊ သုံးမိုင်နီးပါး အရှည်ရှိသည့် အုတ်တံတိုင်းစည်းရိုး ကာရံလိုက်သဖြင့် ကျေးရွာသူ ကျေးရွာ သားများ အလွန်ဒုက္ခ ရောက်လျက်ရှိပါသည်။

အုတ်တံတိုင်း စည်းရိုးသည် ကျေးရွာအ၀င် အထွက်လမ်းများ အားလုံးကို ပိတ်ဆို့ လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့် ကလေးငယ်များ သာမက၊ ကျောင်းသူ ကျောင်းသားများပါ အုတ်တံတိုင်း စည်းရိုးကို ၀ါးလှေကားဖြင့် ခက်ခက်ခဲခဲ ကျော်ဖြတ်သွားလာ နေရပါသည်။

အဆိုပါ ၀ါးလှေကားလေးကိုပင် မကြာခန လာရောက်ခုတ်ဖြတ် ဖျက်ဆီး လေ့ရှိသေးသည်။ သုံးမိုင်နီးပါးအရှည်ရှိသည့် ထိုအုတ်တံတိုင်း စည်းရိုးကြောင့် ကျောင်းသား ငယ်လေးများသည် အဆိုပါ အုတ်တံတိုင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့် အပြင်၊ နှစ်မိုင်နီးပါး ဝေးသော မူလတန်း ကျောင်းလေးသို့ နှစ်နာရီကြာမျှ ခြေလျင်လျှောက်၍ နေ့စဉ်ကျောင်းတက် နေရပါသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တာဝန်ရှိသလို အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးသင့်ပါသည်။
ကျမတို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ မကြာမီတွင် တရားဝင် တင်ပြတောင်းဆို သွားမည်ဖြစ်ပါသည်။






No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ