Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ရွှေ့ပြောင်းအလုပ်သမားများကို ဆေးဝါးထောက်ပံ့မှု ထိုင်းအစိုးရ ရပ်တော့မည်

ထိုင်းကျန်းမာရေး ဌာနတွေ ကနေပြီး ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ နယ်စပ် ဒုက္ခသည်တွေ အတွက် ဆေးဝါး ထောက်ပံ့မှုတွေ ရပ်တော့မှာ ဖြစ်ပါတယ်။

နယ်စပ်က ဒုက္ခသည်စခန်းတွေ နဲ့ ရွှေ့ပြောင်းအလုပ် သမားတွေအတွက် ထိုင်းကျန်းမားရေး ဝန်ကြီးဌာန ကနေ ထုတ်ပေးတဲ့ အိပ်ခ်ျအိုင်ဗွီလူနာတွေ အတွက် ARD ဆေးဝါးတွေ အပါအ ဝင် ဆေးဝါးထောက် ပံ့မှုတွေ ရပ်တော့ မယ်လို့ ပြောပါတယ်။

ထိုင်းက သူတို့ ရနေတဲ့ ကျန်းမာရေးအတွက် ဘတ်ဂျက်ငွေတွေ ထပ်ရဖို့ အလားအလာ မရှိတော့တာကြောင့် ထောက်ပံ့မှုတွေ ရပ်ဆိုင်းမယ်လို့ စက်တင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မှာ ပြုလုပ်တဲ့ နှစ်နိုင်ငံ နယ်စပ် လူနာလွှဲပြောင်းရေးနဲ့ ရောဂါကာကွယ်ရေး ဆွေးနွေးပွဲမှာ ဒေါက်တာ အောင်ကျော်ထွေးက ပြောပါတယ်။

ကရင်ပြည်နယ် ကျန်းမာရေးဌာနမှာ ဒေါက်တာ အောင်ကျော်ထွေးကတော့ “ထိုင်းဘက် သူတို့ ပရီစင်တေးရှင်းအရပ်ပေါ့။ လာမယ့် ၂၀၁၅ စက်တင်ဘာလလောက်မှာ ကမ္ဘာက ရနေတဲ့ ဘတ်ဂျက်ငွေတွေကို အခုလောလောဆယ် အခြေအနေမှာဆိုရင် ထပ်ရဖို့ မရှိတော့ဘူးဆိုတော့ အဓိကက ARD လူနာတွေအတွက် အဲ့လူတွေက ရွှေ့ပြောင်း အလုပ်သမားတွေ ပါတယ်၊ မယ်လ ဒုက္ခသည်တွေ ပါတယ်။ ARD ဆိုတော့ ဝန်ထုပ်က ကြီးတယ်။ တသက်လုံး ထောက်ပံ့ပေးရမှာကိုး။ ဒီတော့ ဘတ်ဂျက်တွေ ရပ်လိုက်ပြီဆိုရင် လူနာတွေက ကျနော်တို့ ဘက်ကို ပြန်လွှဲပြောင်းရတော့မှာ။ ကျနော်တို့ မြဝတီဘက်မှာလည်း ပြင်ဆင်ထားပြီးပြီ။ ကျနော်တို့ လိုချင်တာကတော့ သူတို့ဆီမှာ ဘယ်လောက်ရှိလဲ။ ကျနော်တို့ဘက်ကို ဘယ်လိုလွှဲမလဲ။ ARD လာယူမယ့်လူတွေအတွက် ဘယ်လို စီစဉ်ဆောင်ရွက်ပေးမလဲ။ ဒါတွေကို ကျနော်တို့ ထပ်ဆွေးနွေးဘောတူရမဲ့ အပိုင်းတွေ၊ ပြီးတော့ ကျနော်တို့ ဝန်ကြီးဌာနကို တင်ပြရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းက သုံးနေတဲ့ ARD ဆေးဝါး အမျိုးအစားတွေ သိဖို့ လိုသေးသလို လူနာတွေအတွက် အကျိုးရှိရှိ ဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံ ညို့နှိုင်းဆွေးနွေးမှု လုပ်ဖို့ လိုသေးတယ်လို့လည်း ပြောပါတယ်။

လူနာတွေ လွှဲပြောင်းမှုနဲ့ ကူးစက်ရောဂါတွေ ကာကွယ်ဖို့ အဖြေရှာရေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက် နဲ့ ၂၃ ရက်နေ့တွေမှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ လူတွေ နှစ်နိုင်ငံအကြား အလွယ်တကူ သွားလာနေကြသလို ကူးစက်ရောဂါတွေလည်း အလွယ်တကူ ပျံ့နှံ့နေတာကြောင့် နှစ်နိုင်ငံ ကျန်းမာရေး ဝန်ထမ်းတွေ ပူးပေါင်းပြီး ကူးစက်ရောဂါတွေ ကာကွယ်သွားမယ်လို့ ပြောပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှာ ဒေါက်တာ ချိုင်းရနန် သာရာဝီ၀ပ်ကတော့ “ထိုင်းနဲ့ မြန်မာအကြားမှာတော့ ဒီလိုပဲု ဖြတ်သွားဖြတ်လာ ဒါတွေ ရှိပါတယ်။ ဥပဒေနဲ့ အညီ သွားလာတဲ့ သူတွေလည်း ရှိသလို ဥပဒေနဲ့ မညီပဲ သွားတဲ့လူတွေလည်း ရှိပါတယ်။ အဲလိုဖြတ်သန်း သွားလာသူ များတော့လည်း ရောဂါပိုးတွေလည်း ဖြတ်သန်းသွားလာတာပါပဲ။ ဒါကြောင့်  နယ်စပ်ဒေသမှာ ငှက်ဖျား၊ HIV၊ ပြီးတော့ ဝမ်းပျက်ဝမ်းလျော့၊ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါတွေ အလွယ်တကူ ပျံ့နှံ့နေတာပါ။ ဒါကြောင့် နှစ်နိုင်ငံ  ကျန်းမာရေး ဝန်ထမ်းတွေ ပူးပေါင်းပြီး ကူးစက်ရောဂါတွေကို ကာကွယ်ထိန်းချုပ်သွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အကြံပေးအရာရှိ ချိုင်းရနပ်က ဦးဆောင်တက်ရောက်ပြီး မြန်မာဘက်က ကရင်ပြည်နယ် ကျန်းမာရေးဌာန ဒေါက်တာ အောင်ကျော်ထွေး တက်ရောက် ဆွေးနွေးသွားပါတယ်။

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ကျန်းမာရေး ကုန်ကျစရိတ် ၁ နှစ်မှာ ဘတ်သန်း ၁၀၀ လောက်ရှိနေတာပါ။


နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေစဉ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ