Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

ဝါးခယ်မ သခင်သိန်းမောင် ကွယ်လွန်

ဝါးခယ်မ သခင်သိန်းမောင်ဟာ အာရှတော်ဝင်ဆေးရုံမှာ စက်တင်ဘာလ ၂၇ ရက် နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သခင်သိန်းမောင်ရဲ့ သားဖြစ်တဲ့ ဦးဇော်သိန်း ပြောဆိုခဲ့တာက အခုလို ပြောဆိုခဲ့ပါတယ်။

“အန်ကယ်တို့ အာရှတော်ဝင်ဆေးခန်းကနေပြီး ရုပ်ကလာပ်ကို ရေဝေးကို ဒီနေ့ ရွေ့လိုက်တယ်။ ဆုံးတာ ည ၁၁ နာရီ ၁၅ မှာ ဆုံးတယ်။ တနင်္လာနေ့ ညနေ ၅ နာရီမှာ ရေဝေးသုဿ      န်မှာပဲ သင်္ဂြိုလ်မယ်။”

ဝါးခယ်မ သခင်သိန်းမောင်ကို ၁၉၁၉ ခုနှစ်မှာ ဝါးခယ်မမြို့မှာ မွေးဖွားခဲ့ပြီး၊ အထက်တန်းအထိ ပညာသင်ကြား ခဲ့ပါတယ်။

၁၉၃၈-၃၉ ခုနှစ်တွင် သခင်သန်းထွန်းနဲ့ ဆရာကွန်းတို့ ကျောင်းဆရာလုပ်သော ရန်ကုန်မြို့ ကန်တော်ကလေးရှိ ဗမာမွတ်ဆလင်ကျောင်းတွင် အထက်တန်းပညာဆက်လက်သင်ကြားခဲ့ပြီး ၁၃ဝဝ ပြည့်အရေး တော်ပုံတွင် ပါဝင်ခဲ့တယ်။

ဂျပန်ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးကာလအတွင်း အရေးတော်ပုံမြေအောက်ဂျာနယ်ကို သခင်ဘဟိန်း၊ ဦးကျော်ငြိမ်းတို့နှင့်အတူ လျှို့ဝှက်စွာ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

၁၉၄၈ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီကို မတရားသင်းကြေညာပြီးသည့်နောက်တွင် သာယာဝတီထောင် တွင် ဖမ်းဆီးထိန်းသိမ်းကာ ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်။

မက်စ်စာပေလေ့လာရေးအဖွဲ့ကို လေထီးဗိုလ်အုန်းမောင်၊ ဦးကျော်ရင်တို့နှင့် စုဖွဲ့ခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတွင် ပါဝင်ခဲ့ပြီး ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအပြီးတွင် ဖွဲ့စည်းခဲ့သည့် ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့ပါတယ်။

သခင်သိန်းမောင်ဟာ တိုင်းပြည်အတွက် တာဝန်ကျေခဲ့သူလို့ မောင်မိုးသူက ပြောပါတယ်။

“ဦးလေးက ၉၆ နှစ်မှာ ဆုံးတယ်။ တိုင်းပြည်အတွက်လည်း တာဝန်ကျေပါတယ်။ မိသားစုအတွက် တာဝန်ကျေပါတယ်။ လူမျိုးအတွက်လည်း တာဝန်ကျေပါတယ်။ ဘဘတို့အပေါ်မှာ တာဝန်ကျေပြီးတော့ တသက်လုံး မိဘလို စောင့်ရှောက်လာတာဖြစ်တဲ့အတွက် အင်မတန် နှမျောတယ်။ နှမျောပေမယ့် ဂုဏ်ယူပါတယ်။ ဘဘ ဆုံးသွားပေမယ့် တိုင်းပြည်တွက် ဒီလောက်လုပ်နိုင်ခဲ့တာပဲ။ ဒီအသက်အရွက်အထိ ရပ်ခဲ့တာ လုပ်ခဲ့တာပဲလို့ အဲဒီလိုပဲ ပြောချင်ပါတယ်။”

သခင်သိန်းမောင်ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများမှာ ပါဝင်ခဲ့သလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲ များတွင် နောက်ဆုံးကြိမ်ထိ စွမ်းစွမ်းတမံ ပါဝင်ခဲ့ပါတယ်။

မကွယ်လွန်မီအချိန်ထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်ရဲ့ နာယကနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းရေး ကော်မတီရဲ့ နာယက အဖြစ်လည်း နောက်ဆုံးချိန်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၀ါးခယ်မ သခင်သိန်းမောင်ကို တနင်္လာနေ့မှာ ရေဝေးသုဿ န် မှာ မီးသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ