Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

ထိုင်နိုင်ငံသား ပဲ့နင်းကို လှေဦးတိုင်မှာ ကြိုးနှင့်တုတ်ထားတဲ့ တရားမ၀င် ငါးဖမ်းစက်လှေ ၁ စီးအား ဖမ်းဆီးမိ

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၄)ရက်နေ့ က တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ နယ် သူဌေးကျွန်းအနီး ပင်လယ်ပြင်မှာ ရတခလရ(၂၆၅)မှ ဗိုလ်ကြီး ဟန်နွေထွန်း ဦးစီးတဲ့ စက်လှေ ၂၆၅-၃ ဟာ ပင်လယ်ပြင် စိုးမိုးရေး ဆောင်ရွက်နေစဉ် တစ်ဘက် ထိုင်းနိုင်ငံ ရေပြင်မှ မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ၀င်ရောက်လာတဲ့ မသင်္ကာဖွယ်ရာ စက်လှေ ၁ စီးကို တွေ့ ရှိ ဖမ်းဆီးခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

ဖမ်းဆီးမိတဲ့ စက်လှေဟာ တရားမ၀င် ငါးခိုးဖမ်းတဲ့ စက်လှေဖြစ်ပြီး စက်လှေပေါ်မှာ ဦးဝင်းမြင့် အေးရိပ်ငြိမ်ရပ်ကွက်၊ ကော့သောင်းမြို့ နယ် နေသူ အပါအ၀င် လှေသား ၅ ဦးနဲ့ အတူ ငါးဖမ်းပစ္စည်း ကရိယာတွေလည်း တွေ့ ရှိခဲ့ပါတယ်။

စက်လှေရဲ့ ပဲ့နင်းဖြစ်တဲ့ ထိုင်းနိုင်ငံသား အော့ကစ်ဝှမ်းခမ်း (ရနောင်းမြို့ မှာနေထိုင်သူ) ကိုတော့ လှေဦးတိုင်မှာ ကြိုးနဲ့ တုတ်နှောင်ထားတာ တွေ့ ရပါတယ်။ လှေသားတွေ ပြောပြချက်အရ အဆိုပါ စက်လှေဟာ တရားမ၀င် ငါးခိုးဖမ်းလှေ ဖြစ်ပြီး မြန်မာရေပိုင်နက် အတွင်းမှာ မကြာခဏ ၀င်ရောက် ငါးခိုးဖမ်းလေ့ ရှိကြောင်း၊ ပဲ့နင်းဟာ မြန်မာ နိုင်ငံသား လှေသားတွေကို မကြာခဏ ရိုက်နှက် အနိုင်ကျင့်ခြင်းများကြောင့် မကျေနပ်လို့ စက်တင်ဘာ (၂၄)ရက်နေ့ က မြန်မာရေပိုင်နက် အတွင်းကို ငါးဖမ်းဖို့ ထိုင်းနိုင်ငံက ထွက်ခွာလာစဉ် ပဲ့နင်းကို ဖမ်းဆီးတုတ်နှောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

စက်တင်ဘာလ(၂၅)ရက်နေ့ မှာတော့ အဆိုပါ စက်လှေပေါ်ပါ တရားခံ(၆)ဦးကို ကော့သောင်းမြို့ မ ရဲစခန်းမှာ ငါးလုပ်ငန်း ဥပေဒေတွေ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ခိုင်လုံတဲ့ သတင်းရပ်ကွက်ကနေ သစ်ထူးလွင်မှ စုံစမ်းသိရရှိရပါတယ်။



ထိုင်းငါးဖမ်းလှေများ ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ