Home
Popular Posts
-
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ေ...
-
အဆိပ်ဖြေဆေး အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ...
-
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈) ၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး ၂။ အသက် - ၁၉၇၁ (၃...
-
ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိ...
-
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်...
-
ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပ...
-
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာ ကမ်းခြေ ဒေသ မှာ နေထိုင်ပါတယ...
-
တရုတ်ပြည်သို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်ထံ အပ်နှံခဲ့ကြောင...
-
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံး...
-
Ikamasutra လို ခေါ်တဲ့ ဖိုမ ဆက်ဆံ ရေး ကာမ ကျမ်း app လေး ကို တင်ပေးလိုက်ပါတယ်။ Andriod ဖုန်းပေါ်မှာ ဖိုမ ဆက်ဆံရေး ကာမကျမ်းလေ့ လာ လို သူများအတွ...
Tuesday, September 23, 2014
ဒေါ်အောင်ဆန်းစုကြည် မရှိတော့လျှင်
မကြာသေးမီက အဖြစ်အပျက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စိုးရိမ်ပူပန်ရမည့် အနေ အထား ဖြစ်ခဲ့သည်။ သူ မရှိတော့လျှင် ဒီမိုကရေစီအရေးတော်ပုံ၏ အခြေအနေ မည်သို့ဆက်ဖြစ်မည်ကို လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် မရှိတော့လျှင် မြန်မာပြည်အခြေအနေ မည်သို့ ဖြစ်လာ မည်နည်း။ အခြေအနေကို စိတ်ကူး ကြည့်ကြပါစို့။ မြန်မာစစ်ဗိုလ်ချုပ်များက ဤကဲ့သို့အခြေအနေမျိုးကို အိပ်မက်နေကြသည်မှာ ကြာ ပြီဖြစ်ပြီး ထိုသို့ဖြစ် စေချင် နေသည်မှာလည်း သံသယရှိစရာ မလိုပေ။
သို့သော် အများစုသော မြန်မာပြည်သူများ အတွက်မှာမူ အလွန်အမင်းစိတ်ပျက် အားလျော့ဖွယ် အခြေ အနေဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် တန်ဖိုး မဖြတ်နိုင် သည့် ခေါင်းဆောင်ကို ဆုံးရှုံး ရမည် ဖြစ်သောကြောင့်ပင်။
ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းသားဖြစ်နေစေဦး သူ့တွင် ဧရာမခွန်အား အစွမ်းသတ္တိရှိနေသေးသည်။ လက်နက်များ အကြီးအကျယ် တပ်ဆင်ထားသည့် စစ်ဗိုလ်ချုပ်များ၏ နှလုံးသားထဲထိ စိုးရိမ်ကြောက်ရွံ့နေ ရလေအောင် ထိုးနှက် နိုင်စွမ်း ရှိသူလည်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေး သံဖိနပ်အောက်၌ ၄၆ နှစ်တာ ရှင်သန် ရုန်းကန်ခဲ့ရသူ ခွန်အားအာဏာမဲ့နေသည့် ပြည်သူများကို စိတ်ဓာတ် ရေးရာအရ ခွန်အားမြှင့်ပေးနိုင်သူ လည်း ဖြစ်သည်။ သူက မြန်မာပြည်အတွက် မျှော်လင့်ချက် လည်း ဖြစ်သည်။
မကြာသေးမီက အစားအသောက်များ လက်ခံရန် ဒေါ်စုက ငြင်းဆန်နေသည် ဆိုသည့် သတင်းများထွက်
ပေါ်လာသည့်အခါ လူအများ စိုးရိမ်စိတ် ပွားကြရ သည်။ သူ့ ကျန်းမာရေးကို ပူပန်ကြသလို သူမရှိသည့်
နောက်ပိုင်း နိုင်ငံအရေး ကိုလည်း တွေးပူကြသည်။
ယခုကာလ အတောအတွင်း သူ့ကို တွေ့ခွင့်ရှိသူ ၂ ဦးဖြစ်သည့် ရှေ့နေနှင့် ဆရာဝန်တို့က ဒေါ်အောင်ဆန်းစု ကြည်သည် သြဂုတ်လလယ် ပိုင်းမှစ၍ မတရားချုပ်နှောင်ထားမှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် ဆန္ဒပြနေခဲ့သဖြင့် ပို၍ ပိန်သွားကာ အဟာရ ချို့တဲ့လာပုံရသည်ဟု ဆိုကြသည်။
ဤသည်မှာ သူ့အတွက် အစာငတ်ခံဆန္ဒပြခြင်းဟု မဆိုနိုင်သေးပေ။ ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း ၌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ပထမဦးဆုံးနှင့် တကြိမ်တခါသာ အစာအငတ်ခံ တောင်းဆိုခြင်း ပြုခဲ့ သည်ဟုဆိုရမည်။ ၁၉၈၉ ခုနှစ် အစောပိုင်းကာလများအတွင်း ပထမအကြိမ် သူ အိမ်အချုပ်ကျခံရစဉ်က အစားအစာများ လက်ခံရန် ငြင်းဆန်၍ တခြား သော သူ၏ရဲဘော် လုပ်ဖော်ကိုင်ဖက်များနှင့် အတူတူ ချုပ်နှောင်ရန် တောင်းဆိုခဲ့သည်။
သို့သော် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီ အရေး လှုပ်ရှားသူ များကို နှိပ်စက်ညှဉ်းပန်းမှု မပြုပါမည့် အကြောင်း အာမခံစကား ကြားရပြီးနောက်တွင်မှ ဆန္ဒပြနေမှုကို ရုပ် သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်စု၏ ကိုယ် အလေးချိန် ၁၀၆ ပေါင် မှ ပေါင် ၉၀ သို့ ကျဆင်း သွားခဲ့ သည်။ ဆံပင်ကျွတ်ခြင်း၊ မျက်စိအမြင် ချို့ယွင်းလာခြင်းနှင့် ကိုယ်ခံအားစနစ် ယုတ်လျော့လာခြင်းများ ခံစား ခဲ့ရသည်။
ထိုအချိန်က ဒေါ်စု အသက် ၄၀ ကျော်ပိုင်းမျှသာ ရှိသေးသော်လည်း ယခု သူ့အသက်က ၆၀ ကျော်သို့ ချဉ်း လာခဲ့ပြီ။ အစာအငတ်ခံမည်ဆိုပါက ကျန်းမာရေး ပို၍ ထိခိုက်ခံစားရဖွယ် ရှိနေသည်။ အသက်ရှင်နိုင်ရုံမျှ သာ လျှော့ချစားမည် ဆိုလျင်လည်း ကျန်းမာရေး ပြဿနာများက ပိုကြီးလာနိုင်သည်။
အကယ်၍ ဒေါ်စု ဆုံးပါးသွားပါက၊ သို့မဟုတ် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ခေါင်းဆောင်မှုတာဝန် မယူနိုင်
လောက်အောင် အပြင်းအထန် နာမကျန်းဖြစ်ပြီ ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။
ဤအချက်ကို သေသေချာချာ စဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း
ဒေါ်စုသည် အိမ်အကျယ်ချုပ်ဖြင့် ၁၃ နှစ် ကုန်လွန်ခဲ့ရသည်။ ပုံမှန် ကျန်းမာရေး စောင့်ရှောက်ခံခွင့် မရှိသလို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကလည်း ကြီးမားခဲ့မည်မှာ သေချာသည်။
လူအများစုက ဒေါ်စု မရှိသည့်နောက်ပိုင်း မြန်မာပြည်အရေးကို မတွေးလိုကြ။ နိုင်ငံရေးကဏ္ဍတွင် ဒေါ်စု မရှိ ခဲ့လျှင် အကြီးအကျယ် ထိုးနှက်ချက်သဖွယ် ဖြစ်စေနိုင်၍ အင်အားချိနဲ့နေပြီးသား ဒီမိုကရေစီ လှုပ်ရှားမှုကြီး ကို ပို၍ အကျိုးယုတ် စေမည် ဖြစ်သည်။ ဒေါ်စုမရှိပါက ဆက်ခံနိုင်မည့် ခေါင်းဆောင်ဟူ၍ တဦး တယောက် မျှ ထင်သာမြင်သာ မတွေ့ရသော ကြောင့် ဖြစ်၏။
အခြားတဖက်တွင် နိုင်ငံကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်များက ဒေါ်စု ဆုံးပါးခဲ့ပါက ၎င်းတို့ကို ဒုက္ခပေးနေ သည့် တရန်ငြိမ်းပြီဟု မြင်ကြပေလိမ့်မည်။ ထို့ပြင် ဒေါ်စုကို သူတို့အာဏာ ထိပါးလာနိုင်သည့် ခြိမ်းခြောက်မှု ဟုလည်း မြင် ထားကြသည် မဟုတ်ပါလား။
စစ်ဗိုလ်ချုပ်များအတွက် ဒေါ်စု မရှိတော့မှ သူတို့ အနာဂတ် တောက်ပပွင့်လင်းမည်ဟု မြင်ကောင်း မြင်ကြပါ လိမ့်မည်။ ၁၉၈၉ ခုနှစ် အစောပိုင်းမှ စ၍ ဒေါ်စု အကြိမ်ကြိမ်ဆင်နွှဲ လာခဲ့သည့် အကြမ်းမဖက် ထိပ်တိုက် ရင်ဆိုင် မှုများကိုလည်း ကြောက်နေစရာ မလိုတော့ဟု ထင်နေလိမ့်မည်။ မတရားသည့် အမိန့်အာဏာ ဟူ သမျှ ဖီဆန်ကြဟူ၍ ပြောဆို တိုက်တွန်းမည့်သူလည်း မရှိနိုင်တော့ပါ။
၁၉၈၉ ခုနှစ်အစောပိုင်းက ဒေါ်စု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများမှာ ဇူလိုင်လ ၁၉ ရက်နေ့ထိ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ အာဇာနည်နေ့ပွဲကို စုဝေးချီတက်မည့် လူထုကို စစ်အစိုးရက အလွန်အကျွံ အင်အားပြ ဟန့်တားခဲ့ရပြီး နောက်တနေ့၌ ဒေါ်စုကိုလည်း ပထမအကြိမ် အိမ်အကျယ်ချုပ် ချထားခဲ့သည်။
ဒေါ်စု ဆုံးပါးသွားပါက စစ်ဗိုလ်ချုပ်များ နောက်ထပ် ပျော်ရွှင်ကျေနပ်ကြရမည့် အချက်တခုမှာ ၁၉၉၀ ပြည့်
နှစ်ရွေးကောက် ပွဲကာလ အခြေအနေကဲ့သို့ ရွေးကောက်ပွဲများတွင် နောက်ထပ် စိတ်အနှောင့်အယှက်တွေ့စ ရာ ရှိတော့မည် မဟုတ်သည့် အချက်ပင်။ စစ်အစိုးရက ၎င်းတို့ကို လိုလားသည့် ပါတီအနိုင်ရအောင် နည်းပေါင်းစုံ ပံ့ပိုး ကြိုးပမ်း ပေးခဲ့သော်လည်း ဒေါ်စုဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အံ့မခန်း အနိုင်ရခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်နေရာ ၈၀ ရာခိုင်နှုန်းကျော် နိုင်ခဲ့သည်။ ထိုအချိန်က သူကိုယ်တိုင် အကျဉ်း ကျနေ ပြီး ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ၀င်အောင် တိုက် တွန်းခဲ့သူမှာ ဒေါ်စုသာ ဖြစ်သည်။ သူ့ကို အိမ်အကျယ်ချုပ် ချထားစေဦး၊ စစ်ဗိုလ်ချုပ်များအတွက် ဒုက္ခ တွေ့
စေရန် ဖန်တီးနိုင်စွမ်း ရှိသည်ကို ဒေါ်စုက ပြသနိုင်ခဲ့သည်။
ထို့ပြင် ၁၉၉၅ ခုနှစ်တွင် ကိုယ်စားလှယ်များကို စစ်အစိုးရ ကျင်းပနေသည့် အမျိုးသားညီလာခံမှ ဆန္ဒပြထွက် ခွာလာစေရန် ဆွဲထုတ်ခဲ့သူမှာလည်း ဒေါ်စုသာ ဖြစ်သည်။ အိမ်အကျယ်ချုပ် ၆ နှစ်ကျော် ကျခံရပြီးနောက် လွတ်မြောက်လာခါစ လ အနည်းငယ်၌ ဤဆုံးဖြတ်ချက်ကို သူ ပြုခဲ့ခြင်း ဖြစ်သည်။ အမျိုးသားညီလာခံ ကျင်းပနေပုံမှာ ဒီမိုကရေစီ ကျင့်ထုံးများနှင့် မညီဟု ဒေါ်စုက သုံးသပ်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ် များက စိတ်ကောင်းဝင်၍ ပြန်လွှတ်ပေးသော်လည်း ဒေါ်စုက ယခုလို တုံ့ပြန် ခုခံလာသည့်အပေါ်တွင် သူတို့ က မကျေမချမ်းနိုင် ဖြစ်ကြရသည်။
၁၉၉၈ ခုနှစ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က စစ်ဗိုလ်ချုပ်များကို ဆူးကြား ဘူးညပ်သည့် အလား ဖြစ်
စေရန် ပြုမူခဲ့ ပြန်သည်။ သူ ဦးဆောင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို ဖွဲ့စည်းခဲ့ပြီး ဤအဖွဲ့က စစ်တပ် ဆောင်ရွက် နေသည့် အုပ်ချုပ်ရေးအာဏာကို လုံးဝ စိန်ခေါ်ခဲ့သည်။ စစ်တပ်ကလည်း အချိန်ဖြုန်းမနေဘဲနှင့် အသစ်ဖွဲ့စည်းလိုက်သည့် CRPP အဖွဲ့ဝင်များကို ဖမ်းဆီးလိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
ထိုအချိန်နောက်ပိုင်းတွင် ဒေါ်စုက အများထက်စာလျှင် ပို၍ လွတ်လပ်ခွင့်ရှိသည့် ကာလအပိုင်းအခြား တချို့ ကို ထုံ့ပိုင်း ထုံ့ပိုင်း ခံစားခွင့်ရလာခဲ့သည်။ ဒေါ်စု ဆန္ဒပြတောင်းဆိုသည့် အချိန်တိုင်း လူထုထောက်ခံမှု ပိုမိုရရှိလာခဲ့သည်။ နောက်ဆုံး လူထုမြင်ကွင်းမှ အချိန်ကြာ ပျောက်ကွယ်နေသည့်တိုင် ဒေါ်စုအပေါ် လူထု၏ ထောက်ခံမှု လျော့ကျသွားဖွယ် အကြောင်း မရှိတော့ပေ။
ဒေါ်စုက နိုင်ငံတလွှား စည်းရုံးရေးခရီးများ သွားခဲ့ပြီး သူ့မိန့်ခွန်းများကို ကြားလိုသည့် လူထုပရိသတ်
ထောင်သောင်းနှင့် ချီ၍ စုရုံးလာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ လူထုအပေါ် ဆွဲဆောင်မှု ရှိလှသည့် သတ္တိပြောင်လှသော မိန့်ခွန်းများကြောင့်လည်း သာမန် မြန်မာပြည်သူများ၏ နှလုံးသားအတွင်း မျှော်လင့် ချက်များ ပြန်လည်နိုးထ လာခဲ့ရသည်။ သို့သော် ဒေါ်စုလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည့် စစ်ဗိုလ် ချုပ်များအတွက်မူ ဒေါသဖြစ်ဖွယ်ချည်းသာ ဖြစ်နေတော့ သည်။ သို့အတွက်ကြောင့်လည်း ဒေါ်စုနှင့် လူထုကို ခွဲခြားထားနိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများကို ကြံဆ လုပ်ဆောင်ကြ လေတော့သည်။
ဤဖြစ်ရပ်များအားလုံးက ဒေါ်စုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှသာ တော်ရာကျမည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များ ကို ပို၍ စဉ်းစားမိလာစေသည်။ ဒေါ်စု မရှိမှသာလျှင် သူတို့၏ လုပ်ငန်း အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော် နိုင်တော့မည် ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က စစ်အစိုးရက သူတို့အလိုကျ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ အဆုံးသတ်နိုင် ခဲ့သည်။
ဤဖွဲ့စည်းပုံအရ စစ်တပ်သြဇာလွှမ်းထားသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးမည် ဖြစ်ပြီး နိုင်ငံရေးကိစ္စများ တွင် အတိုက်အခံ အင်အားစုများကို ဖယ်ကျဉ် ထားနိုင်ရေးအတွက် စီမံထားသည်။ အကယ်၍ လွန်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်း စုကြည်ကို သူ၏ ခြံဝင်းအတွင်း၌ ချုပ်နှောင်မထားခဲ့ပါက စစ်တပ် အနေနှင့် ရေရှည် မျှော်မှန်းထားသည့် ရည်ရွယ်ချက်များ အကောင်အထည် ပေါ်နိုင်ပါ့မလားဟူ၍ စောကြော သံသယဖြစ်ဖွယ် ရှိသည်။
နိုင်ငံကို အုပ်ချုပ်နေကြသည့် စစ်ဗိုလ်ချုပ်များ အသိုင်းအ၀န်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ရည်များ ကို ပြဿနာအဖြစ် မြင်နေသည့်အလျှောက် သူ့ကို ချုပ်ချယ်ထားသည့် သက်တမ်းအား တရားမ၀င်နည်း လမ်းများဖြင့် ဆက်၍ တိုးနေကြ တော့သည်။ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ ၏ ဘေး အန္တရာယ်မှ ကာကွယ်တားဆီးရေးဥပဒေ၊ ပုဒ်မ ၁၀ (ခ) အရ ဒေါ်စုကို အကျယ်ချုပ်ချထားခြင်း ဆိုလျှင် အများဆုံး ၅ နှစ်သာ ထိန်းသိမ်းထားခွင့်ရှိ သည်။ သို့သော်လည်း ၅ နှစ်ကျော်လာသည့်တိုင် ဒေါ်စုကို ဆက်လက်ချုပ်နှောင်ထားဆဲ ဖြစ်သည်။
ယခုအခါ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ၍ တစိတ်တပိုင်း အရပ်သားအုပ်ချုပ်မှု ပုံစံမျိုး အရေခွံ ပြောင်းရန် နောက်တဆင့် ကြိုးပမ်းနေကြပြီ ဖြစ်သည်။
ဤရွေးကောက်ပွဲသစ်သာ ဖြစ်လာပါက ၁၉၉၀ ပြည့်နှစ်ကကဲ့သို့ အမှားမျိုး မဖြစ်စေရန်လည်း သူတို့က သတိထားနေကြသည်။ သို့သော် ဖြစ်ခဲ့သည့် အတိတ်သမိုင်းကို ပြောင်းပြန်လှန် ရန်အတွက် ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားမှ ဖြစ်မည်။ ပါးစပ်ပိတ်နေစေမှ ဖြစ်မည်ကိုလည်း စစ်ဗိုလ်ချုပ်များက သိ နေကြသည်။
အကယ်၍ ဤရွေးကောက်ပွဲသစ် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ယိုယွင်းလာပါက လွန်ခဲ့သည့် နှစ် ၂၀ က မက်ခဲ့သည့် အိပ်မက်ကို ဆုလာဘ်အဖြစ် စစ်ဗိုလ်ချုပ်များအား အောင်ပွဲနှင်းလိုက် သည့်သဖွယ်သာ ဖြစ်ပေတော့မည်။ ဒေါ်စု ဆုံးပါးသွားခြင်းက ဒီမိုကရေစီ အရေးတော်ပုံ နိဂုံးတော့ မဟုတ် တန်ရာ။ သို့သော် သေချာသည်ကတော့ များစွာ ချိနဲ့ အားပျော့သွားပေလိမ့်မည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကာလတွင် ဒေါ်စုကို ပြင်ပကမ္ဘာနှင့် လုံးဝနီးပါးမျှ အဆက်အသွယ် ဖြတ်ထား ခဲ့သော်လည်း ဒေါ်စုသည်သာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တခုတည်းသော အကြီး အကျယ်ဆုံး မျှော်လင့်ချက် ဖြစ်နေသေးသည်။ မြန်မာနိုင်ငံရှိ လူမျိုးစုံ တိုင်းရင်းသားပြည်သူများအကြား လူအများ ယုံကြည်အားထားနိုင်သည့် တဦး တည်းသော ခေါင်းဆောင်လည်း ဖြစ်နေသည်။ နိုင်ငံတကာ မိသားစုကလည်း သူ့အပေါ် လေးစားရိုသေကြပြီး နိုင်ငံ၏ ကျဆင်းယိုယွင်းနေသည့် စီးပွားရေးစနစ် ပြန် လည်တည်ဆောက်ရေးအတွက်လည်း အဓိကအခန်းကဏ္ဍက စွမ်းဆောင်ပေး နိုင်မည့်သူ ဖြစ်နေသည်။
ဒေါ်စုက စစ်ဗိုလ်ချုပ်များကို ရိုးဖြောင့်စွာ တသမတ်တည်း မကွယ်မထောက်ပြောနိုင်သည့် ရှားပါးသော အရည်အချင်း ပိုင် ဆိုင်သူလည်း ဖြစ်သည်။ သူ၏ ရပ်တည်ချက်အတိုင်း တည်တည်ကြည်ကြည် ပြောနိုင် သည်။ အမှန်တော့ ဒေါ်စုတွင် ပိုင် ဆိုင်ထားသည့် အထက်ပါ အချက်များက သူပြောပြောနေသည့် "နိုင်ငံရေး ၏ ရိုးဖြောင့်မှုဂုဏ်" မှ လာခြင်း ဖြစ်သည်။ သူ၏ သတ္တိ၊ သံန္နိဌာန် ခိုင်ကြည်မှု၊ အမှန်တရားကို လက် ဆုပ် လက်ကိုင် ပြုထားမှု စသည့် အချက်များက သူ၏ ခွန်အားများ ဖြစ်နေပြီး မြန်မာ့သမိုင်းတွင် မရှိဘူးသေး
သော ပြည်သူအများစုကို တိုက်တွန်းနားချနိုင်သည့် ခေါင်းဆောင်မှု နေရာမျိုး ရနေခြင်း ဖြစ်သည်။
စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်အောက် ၄၆ နှစ်တွင် သူ၏ ဆန္ဒခိုင်မာမှု၊ သံန္နိဌာန်ပြင်းပြမှုမှ ပေါ်ထွက်လာ သည့် အင်အား အစွမ်းဖြင့် မြန်မာတနိုင်ငံလုံးကို အမိန့်ပေး ညွှန်ကြားနိုင်သူ ခေါင်းဆောင်တဦး ရရှိနေသည် မှာ ကံကောင်းသည်ဟု ဆိုရပါ လိမ့်မည်။ အကယ်၍ ဒေါ်စုသာ ဆုံးပါးသွားခဲ့ပြီ ဆိုပါစို့။ ပြည်သူများ၏ ဘ၀က ယခုအတိုင်း ဆက်လက် လည်ပတ်နေကြပါ လိမ့်မည်။ သို့သော်လည်း နိုင်ငံက ပို၍ ချွတ်ခြုံကျဆင်းရဲမှုများ ကြုံရဖွယ်ရှိပြီး လက်ရှိဖိနှိပ်ခံနေရသည့် အခြေအနေထက် ပိုဆိုးသည့် ငရဲတွင်းကဲ့သို့သော အခြေအနေဆိုး မျိုးကို ဆက်လက်ကြုံရဖွယ်သာ ရှိနေပါတော့သည်။
Labels:
ဆောင်းပါ
Subscribe to:
Post Comments (Atom)
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်






















ဤနေရာတွင်ကြော်ငြာလက်ခံပြီ
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ
-
▼
2014
(4256)
-
▼
September
(1389)
- DVB - ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် တွံတေးလယ်သမာ...
- DVB - မူးယစ်ဆေးဝါးပြသနာ ထိရောက်စွာ ဖြေရှင်းပေးဖို့...
- DVB -30-09-2014 VoxPop
- သီချင်းနားထောင်ရတာဝါသနာပါသူများအတွက် Rocket Player...
- သီချင်း ဗီဒီယိုတွေကို ပုံစံ ၁၀မျိုးနဲ့ နားဆင်နိုင်...
- အိင်္ကျီဒီဇိုင်းလေးလုပ်မယ်
- မိမိဓါတ်ပုံလေးကို အနားထောင့်လေးမှာကော်လံစတိုင်ဒီဇိ...
- 3D ဒီဇိုင်းလုပ်နည်းနဲ့ အလင်းတန်းထည့်နည်း
- photoshop နဲ့ အပုံဖြတ်နည်းလေးနဲ့ နောက်ခံပုံပြောင်း...
- Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ
- Folder Highlight For PC
- ★★ Modern Combat 5 - Blackout v1.0.1c {Android Gam...
- ♪ အင်တာနက်ကို အချိန်သက်မှတ်ပြီး အလိုလျှောက်ပိတ်ပေး...
- တပ်မတော်သားအမှု အရပ်ဘက် တရားရုံးတွင် ရုံးထုတ်
- မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသ...
- ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီ...
- လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒ...
- ဇလွန်မြို့နယ် မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး...
- မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် လုပ်ငန်းရှင် မျ...
- ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ...
- မူးယစ်ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပစ်ဒဏ် ပေးမည...
- အထက်အညာဒေသ ၌ ထန်းပင်ကို အသုံးပြု၍ နေအိမ် အဆောက်အအံ...
- ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်လိုင်းများ ရပ်...
- ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး...
- နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့...
- အီရန်ဟာ IS ထက်ကမ္ဘာကို ခြိမ်းခြောက်နေလို့ ဆို
- ဟောင်ကောင်ဆန္ဒပြပွဲ ပြည်ပစွက်ဖက်မှု တရုတ်အစိုးရ သတိပေး
- ဟောင်ကောင်ဆန္ဒပြပွဲ အလုပ်သမားသမဂ္ဂ ပါဝင်နိုင်
- ရဲတွေဖြိုခွင်းခဲ့ပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြကြဆဲ
- မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးမှု ကုလမှာရပ်ဖို့ စော...
- လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သ...
- အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန...
- ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက်မှာ ကျသွားတယ်လို့ ရွာသ...
- ပျောက်ဆုံး တောင်တက်သမားရှာရေး တရုတ်ကူညီရေးအဖွဲ့ ရောက်
- ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲငယ်တွေ ရှိနေဆဲ
- တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအာ...
- ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ
- ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်
- မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ
- တိုက်ပွဲတွေကြောင့် မြ၀တီ နယ်စပ်လုံခြုံရေး တင်းကြ...
- ဗကသအဖွဲ့ဝင် ဖြူနှင်းထွေး လွှတ်ဖို့ တောင်းဆိုဆန္ဒပြ
- ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲဖို့ တိုက်...
- ကွမ်းခြံကုန်း လျှပ်စစ်ဓါတ်အားစက်ရုံ ဒေသခံရွာသားမျာ...
- DKBA နဲ့ အစိုးရတပ် တိုက်ပွဲဆက်
- ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ
- ကျိုက်မရောမြို့နယ်တစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထား
- အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း ...
- မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အြေ...
- ဟောင်ကောင်ဆန္ဒပြပွဲဓါတ်ပုံများကြောင့် တရုတ်ပြည်မကြီ...
- ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရ
- အာဖဂန် နစ္စတန်မှာ သမ္မတသစ် ကျမ်းကျိန်
- DVB - မြေနုကျွန်း နယ်နမိတ်သတ်မှတ်နိုင်ရေး ကိုင်းတေ...
- DVB - သိမ်ဖြူမီးရထားဝန်ထမ်းအိမ်ရာ ဖယ်ရှားဖို့ ညွှန်...
- DVB -29-09-2014 လယ်ယာမြေသိမ်းရုပ်သံ
- Facebook မှာ Video & Comment Photo တွေတင်မရတာဖြေရှ...
- တစ်ရက်အတွင်း Facebook မှာ Friend တွေ အများကြီးရအော...
- Hacking with Expert 3 (Facebook Hacking)
- Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လု...
- Facebook Lock မကျအောင်ကာကွယ်နည်း
- Facebook ရဲ့ Status ကို မမြင်အာင်ဝှက်ထားမယ်
- Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ
- မိမိ "Facebook Profile" ကို ဘယ်သူဝင်ကြည့်လဲဆိုတာြ...
- Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက...
- Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖ...
- Facebook Auto Like လုပ်ပေးသည့် Site Lists များ
- အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ...
- Facebook Bug ( Hacking Facebook with 1 SMS Only )
- Facebook မှာ သင်ရှာထားသမျှကို သူများမသိအောင်ဖျက်ပစ...
- SAYTYA Facebook Caller (Facebook ပေါ်ကနေ FreeCallေ...
- Gmail နှင့် Facebook ကိုစတိုင်သစ်လေးနဲ့ လုပ်မယ် ..
- Facebook ပေါ်တွင် လှုပ်ရှားနေသောပုံတွေကိုတင်ကြမယ် [...
- Facebook ကို Pro တစ်ယောက်ကြီးလိုအသုံးပြုနည်း (နည်း...
- Facebook လော့ချင်ချင်သူများအတွက် Facebook Lock v.2...
- ♪ ဖုန်းတစ်ခုလုံးကိုရွှေရောင်များဖြင့်အလှဆင်ထားမယ့် ...
- FB Downloader v.1.3 APK (Facebook ပေါ်မှ ပုံ၊ ဗီဒီယ...
- Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆ...
- Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း (၁)
- သခင်သိန်းမောင်(ဝါးခယ်မ)ဈာပန အခမ်းအနား
- ပျောက်ဆုံး ရဟတ်ယာဉ် ၂ ရက်ကျာ်အထိ မတွေ့သေး
- ခါကာဘိုရာဇီတွင် အဆက်အသွယ် ပြတ်တောက်သွားသော ကယ်ဆယ်ေ...
- ဆွဲကြိုးချသေဆုံး
- ပြေးပြေးလွှားလွှား နေ့ရက်များ
- Viber မှတဆင့် ညစ်ညမ်းပုံများ ပေးပို့သူကို အရေးယူရာ...
- တောင်ဥက္ကလာတွင် ၀မ်းပျက်ရောဂါကူးစက်၊ ကလေး ၂၀ခန့် ဆေ...
- ရန်ကုန် စတော့အိပ်ချိန်းကို အများပိုင်ကုမ္ပဏီ ၃ ခုဖြ...
- အမျိုးသား (၁)ဦးယာဉ်တိုက်ခံရ၍ သေဆုံးမှုဖြစ်
- ဘီးလူးစီးသည် ဟုထင်မှတ်ပြီး အဖိုးဖြစ်သူက မြေးကို ရေ...
- ပစ်ခတ်မှုတွေကြား ညှိနှိုင်းတာတွေလည်းရှိကြောင်း DKBA ...
- DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ...
- ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် စီးသူများ အ...
- ကျောင်းခန်း မလုံလောက်မှုကြောင့် ကျောင်းသား အင်အားေ...
- ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်
- အစ္စလာမ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှု လူ ၂ ဦးကို သေ...
- ဆောက်လုပ်ခွင့်လိုင်စင်မရှိသော အဆောက်အအုံများ ဆောက်...
- ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ
- ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး နှင့် အိန္ဒိယနိုင်ငံ...
- မန့်ပန်ပြည်သူ့စစ်တစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးသွား...
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အစုရှယ်ယာ ငါး...
- အစိုးရတပ် ပစ်ခတ်၍ ကေအဲန်ယူ တပ်ဖွဲ့ ၁ဦးသေ၊ တဦးထိခ...
- ၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦး...
-
▼
September
(1389)














No comments:
Post a Comment