Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

ဂျာမန်နိုင်ငံက ဗလီနဲ့ နေအိမ်တချို့ကို ရဲတွေဝင်စီး


ဂျာမနီနိုင်ငံရဲတွေက ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကို ​ထောက်ခံသူလို့ ​သံသယရှိသူတွေရဲ့ ​နေအိမ် ​၇ ​လုံးကို ​ဝင်ရောက် ​စီးနှင်းမှု ​လုပ်ခဲ့သလို ​ဗလီကျောင်းဆောင်တစ်ခုနဲ့ ​အစ္စလာမ်မစ် ​စင်တာတစ်ခုကိုလည်း ​ဝင်ရောက် ​စီးနှင်းမှု ​လုပ်ခဲ့ပါတယ်။

အဲဒီလူတွေဟာ ​အကြမ်းဖက်မှု ​လုပ်တော့မယ့်အတွက် ​လက်ဦးမှု ​ရယူတဲ့အနေနဲ့ ​ကြိုတင်တားဆီးမှု ​လုပ်တာလို့ ​ရဲတွေက ​ပြောပါတယ်။

ရဲတွေရရှိတဲ့ ​သတင်းအရ ​အရေးပေါ် ​လူနာတင်ယာဉ် ​တစ်စီးကို ​ဝယ်ယူနိုင်ဖို့ ​ရံပုံငွေ ​ရှာဖွေပွဲတွေ ​ပြုလုပ်ခဲ့ကြပြီး ​အဲဒီယာဉ်ကို ​ဆီးရီးယားနိုင်ငံဆီ ​ပို့ဆောင်ခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ ​အဲဒီလူနာတင်ယာဉ်ကို ​စစ်သွေးကြွအဖွဲ့တွေ ​တင်ဆောင်ရာမှာ ​အသုံးပြုမှာဖြစ်ပြီး ​အဲဒီယာဉ်ထဲ ​ဆီမီအော်တို ​သေနတ်တွေ ​တင်ဆောင်ဖို့ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​ဂျာမနီနိုင်ငံက ​ကားအဟောင်းတွေကိုလည်း ​စစ်ဖြစ်တဲ့ ​ဒေသကို ​ပို့ဆောင်ပေးမှုတွေရှိခဲ့ပြီး ​အဲဒီယာဉ်ကို ​အသုံးပြုပြီး ​စစ်သွေးကြွအဖွဲ့တွေက ​အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံအကြား ​သွားလာမှု ​လုပ်နေတာလို့ ​ပြောပါတယ်။

အခုလို ​ဝင်ရောက် ​စီးနှင်းမှုအတွင်း ​ဖမ်းဆီးအရေးယူမှုတွေ ​မရှိပေမယ့် ​ကွန်ပြူတာတွေ၊ ​hard ​drives ​တွေနဲ့ ​လျှပ်စစ်ဒေတာ ​တချို့ကိုတော့ ​သိမ်းယူလိုက်ပါတယ်။

Bavaria ​က ​နေအိမ် ​၅ ​လုံးနဲ့ ​Lower ​Saxony ​နဲ့ ​North ​Rhine-Westphalia ​ဒေသက ​နေအိမ်တွေကို ​ဝင်စီးခဲ့တာပါ။

ဒါ့အပြင် ​ဗလီတစ်လုံးနဲ့ ​အစ္စလာမ်မစ် ​စင်တာတစ်ခုကိုလည်း ​စီးနှင်းခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ​ထောက်လှမ်းရေးတွေရဲ့ ​အဆိုအရ ​အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံက ​စစ်သွေးကြွအဖွဲ့တွေနဲ့ ​ပူးပေါင်း ​တိုက်ခိုက်နေတဲ့ ​ဂျာမနီနိုင်ငံသား ​အယောက်ပေါင်း ​၄၀၀ ​လောက်ရှိတယ်လို့ ​ခန့်မှန်းထားပါတယ်။

အဲဒီထဲက ​ဂျာမနီနိုင်ငံကို ​ပြန်လည်ဝင်ရောက်လာသူ ​အယောက် ​၃၀ ​လောက်ကို ​တရားစွဲဆိုဖို့ ​ဂျာမနီအစိုးရက ​ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ ​သောကြာနေ့တုန်းကတော့ ​ဗလီ ​အခုပေါင်း ​၂၀၀၀ ​က ​မွတ်စလင်တွေ ​စုပေါင်းပြီး ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ရဲ့ ​လုပ်ရပ်တွေကို ​ဆန့်ကျင်တဲ့အကြောင်း ​ပြောဆိုကြသလို ​လူငယ်တွေ ​အစွန်းရောက်လုပ်ငန်းမှာ ​မပါဝင်အောင် ​ကြိုးစားလုပ်ဆောင်ကြမယ်လို့လည်း ​ပြောဆိုထားဖူးပါတယ်။

ဘာလင်မြို့ရှိ မွတ်စလင်တချို့ ဝတ်ပြုကြစဉ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ