Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

သြစီရဲတွေ ​အကြမ်းဖက်လို့ သံသယရှိသူ ​တစ်ဦးကို ​ပစ်သတ်


အေဘီစီ ​​ရေဒီယို ​​သြစတြေးလျရှိရာ ​​မဲလ်ဘုန်းမြို့အတွင်း ​​အကြမ်းဖက်မှု ​​တိုက်ဖျက်ရေးရဲတွေက ​​မနေ့တုန်းကပဲ ​အကြမ်းဖက်သမားလို့ ​ယူဆရသူ ​​လူငယ်တစ်ယောက်ကို ​​သေနတ်နဲ့ ​​ပစ်သတ်လိုက်ပါတယ်။

မဲလ်ဘုန်းမြို့ ​​အရှေ့တောင်ပိုင်းက ​​အသက် ​​၁၈ ​​နှစ်အရွယ် ​​အမျိုးသားဟာ ​​ဝန်ကြီးချုပ်ကို ​​သတ်ပစ်မယ်လို့ ​​ပြောဆိုဖူးသူ ​​ဖြစ်သလို ​​ရဲတွေရဲ့ ​​စောင့်ကြည့်မှုကို ​​ခံနေရသူလည်း ​​ဖြစ်ပါတယ်။

သူ့ကို ​​ရဲတွေက ​​စစ်ဆေးနေတုန်း ​​ဓားထုတ်ပြီး ​​ရဲတစ်ဦးကို ​​တစ်ကြိမ်ထက်မနည်း ​​ဓားနဲ့ထိုးခဲ့ပြီး ​​နောက်ရဲတစ်ယောက်ရဲ့ ​​လက်ကိုလည်း ​​ဓားနဲ့ထိုးခဲ့ပါတယ်။

အဲဒီအပြုအမှုတွေကြောင့် ​​ရဲတွေက ​​ပစ်သတ်လိုက်တာဖြစ်ပါတယ်။

အေဘီစီက ​​ရရှိတဲ့ ​​သတင်းအရ ​​သူ့ရဲ့ ​​ခရီးသွားလက်မှတ်ကို ​​ရဲတွေက ​​သိမ်းဆည်းထားဖူးသလို ​​တောက်လျှောက် ​​စောင့်ကြည့်ခံရသူလည်း ​​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​​အကြမ်းဖက်မှုတွေ ​​ဖြစ်နိုင်တယ်ဆိုတဲ့ ​​ပြောဆိုမှုကြောင့် ​​လောလောဆယ် ​​လုံခြုံရေးတွေ ​​တိုးမြှင့်ချထားသလို ​​စောင့်ကြည့်မှုတွေလည်း ​​ပိုများလာပါတယ်။

ဒီကနေ့မှာပဲ ​​အကြမ်းဖက်မှု ​​တိုက်ဖျက်ရေးဆိုင်ရာ ​​ဥပဒေကြမ်းကို ​​လွှတ်တော်မှာ ​​တင်သွင်းမှာဖြစ်ပြီး ​​အဲဒီဥပဒေသာ ​​အတည်ပြုခွင့်ရမယ်ဆိုရင် ​​သြစတြေးလျ ​​ရဲနဲ့ ​​ထောက်လှမ်းရေးမှာ ​​အာဏာပိုရှိလာမှာ ​​ဖြစ်ပါတယ်။

အဲဒီထဲက ​​လုပ်ပိုင်ခွင့် ​​တချို့ကတော့ ​​သင်္ကာမကင်း ​​ဖြစ်သူတွေရဲ့ ​​ခရီးသွားလက်မှတ်ကို ​​ဖျက်သိမ်းခွင့်၊ ​​၁၄ ​​ရက်ကြာ ​​ထိန်းသိမ်းခွင့်၊ ​​ပြည်ပမှာ ​​အကြမ်းဖက်မှု ​​ကိစ္စနဲ့ ​​အမှုရင်ဆိုင်ခဲ့ရသူတွေကိုလည်း ​​စစ်ဆေးခွင့်တွေကို ​​ပေးမယ့် ​​အချက်တွေအပြင် ​​တခြားအချက်များစွာလည်း ​​ပါဝင်ပါတယ်။

တချို့နိုင်ငံရေးသမားတွေကတော့ ​​ဒီဥပဒေကို ​​ရဲတွေ ​​အသုံးချပြီး ​​ဖမ်းဆီးမှုတွေ၊ ​​ညှင်းပမ်းမှုတွေ ​​လုပ်မှာကို ​​စိုးရိမ်နေကြပါတယ်။ ​​တချို့ပညာရှင်တွေကလည်း ​​ဒီဥပဒေက ​​သာမာန်လူတွေရဲ့ ​​လှုပ်ရှားမှုကိုပါ ​​ထိခိုက်လာနိုင်တဲ့အတွက် ​​စိတ်ဝမ်းကွဲမှုတွေ ​​ဖြစ်ပေါ်ရာက ​​အစွန်းရောက်ဝါဒီတွေ ​​စွဲကိုင်သွားစေနိုင်တယ်လို့ ​​သုံးသပ်ထားပါတယ်။

အကြမ်းဖက်မှု ​လုပ်ရပ်ကို ​ဆွေမျိုးတွေ ​မထောက်ခံ

သြစတြေးလျနိုင်ငံမှာ ​အကြမ်းဖက်မှု ​ပြုလုပ်ဖို့ ​စီစဉ်တယ်ဆိုပြီး ​ဖမ်းဆီးခံထားရတဲ့ ​Omarjan ​Azari ​ရဲ့ ​ဦးလေးတော်စပ်သူကတော့ ​ဆီးရီးယားနိုင်ငံအတွင်းက ​IS ​တပ်ဖွဲ့ဝင်တွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်တဲ့အပေါ် ​ထောက်ခံကြောင်း ​ပြောဆိုလိုက်ပါတယ်။

Omarjan ​Azari ​ဟာ ​အာဖဂန်နစ္စတန် ​နိုင်ငံဖွား ​သြစတြေးလျနိုင်ငံသားဖြစ်ပြီး ​ဆီရီးယားနဲ့ ​အီရတ်နိုင်ငံမှာ ​လှုပ်ရှားနေတဲ့ ​IS ​တပ်ဖွဲ့တွေကိုယ်စား ​သြစတြေးလျ ​နိုင်ငံသား ​တစ်ဦးဦးကို ​လည်လှီး ​သတ်ဖြတ်ဖို့ ​ကြိုးစားတယ်ဆိုပြီး ​ရဲတွေက ​ပြီးခဲ့တဲ့ ​တပါတ်ကပဲ ​ဖမ်းဆီးလိုက်သူ ​ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ​Omarjan ​Azari ​ရဲ့ ​ဦးလေးဖြစ်သူ ​Ehsan ​Azari ​ကတော့ ​IS ​တပ်ဖွဲ့တွေဟာ ​အကြမ်းဖက်သမားတွေသာ ​ဖြစ်ပြီး ​လုံခြုံရေးအတွက် ​ခြိမ်းခြောက်သူတွေဖြစ်တဲ့အတွက် ​ထိပ်တိုက်ရင်ဆိုင် ​ချေမှုန်းမှု ​လုပ်ရမယ်လို့ ​ပြောလိုက်ပါတယ်။

Ehsan ​Azari ​က ​IS ​တပ်ဖွဲ့ကို ​နှိမ်နင်းဖို့ ​သြစတြေးလျက ​စစ်သားတွေ ​စေလွှတ်တဲ့အပေါ် ​ထောက်ခံကြောင်း ​ပြောသွားတာပါ။

Ehsan ​Azari ​ဟာ ​Western ​Sydney ​တက္ကသိုလ်က ​ပညာရှင် ​တစ်ဦးလည်း ​ဖြစ်ပါတယ်။

ဖမ်းဆီးခံနေရတဲ့ ​Omarjan ​Azari ​ရဲ့ ​မိဘနှစ်ပါးကတော့ ​ဆော်ဒီအာရေးဘီးယားနိုင်ငံ ​မက္ကာမြို့မှာ ​ဘုရားဖူး ​သွားနေတုန်းဖြစ်ပြီး ​သူတို့သား ​အဖမ်းခံရတာကို ​မသိကြသေးဘူးလို့ ​အေဘီစီ ​သတင်းထောက် ​Peter ​Lloyd ​က ​သတင်းပေးပို့ထားပါတယ်။


မွတ်စလင်ဘုရားဖူးချိန်မတိုင်ခင် ​​သြစတြေးလျက ​​ကြိုတင်သတိပေးမှုတွေလုပ်

လာမယ့်လဟာ ​​မွတ်စလင် ​​ဘာသာဝင်တွေ ​​ဆော်ဒီအာရေးဘီးယားနိုင်ငံ ​​မက္ကာ ​​မြို့ကို ​​ဘုရားဖူးသွားကြမယ့် ​​လဖြစ်တဲ့အတွက် ​​သြစတြေးလျ ​​အစိုးရက ​​နားလည်မှုလွဲမှားတာတွေ ​​မဖြစ်အောင် ​​မွတ်စလင်ခေါင်းဆောင်တွေနဲ့ ​​ကြိုတင် ​​တွေ့ဆုံဆွေးနွေးမှု ​​လုပ်နေပါတယ်။

ဘုရားဖူးခရီးစဉ်ဟာ ​​အရေးကြီးတဲ့ ​​ခရီးစဉ်ဖြစ်တယ်ဆိုတာကို ​​နားလည်ပေမယ့် ​​မွတ်စလင်ဘာသာဝင်တွေအနေနဲ့ ​​သတ်မှတ်ထားတဲ့ ​​ငွေကြေးထက် ​​ပိုယူသွားဖို့ ​​မသင့်တဲ့အကြောင်း ​​ကြိုတင်သတိပေးတာဖြစ်ပြီး ​​ကန့်သတ် ​​စစ်ဆေးမှုတွေ ​​ရှိနိုင်တယ်ဆိုတဲ့အကြောင်းကို ​​ကြိုတင် ​​အသိပေးတာ ​​ဖြစ်တယ်လို့ ​​သြစတြေးလျ ​​အာဏာပိုင်တွေက ​​ပြောပါတယ်။

လေယာဉ်အကောက်ခွန် ​​ဌာနက ​​တာဝန်ရှိသူတွေက ​​Grand ​​Mufti ​​လို ​​ဘာသာရေးခေါင်းဆောင်နဲ့ ​​အီမမ်ကောင်စီဝင် ​​ခေါင်းဆောင်တွေကို ​​တွေ့ဆုံပြီး ​​ကြိုတင်ရှင်းပြမှုတွေ ​​လုပ်ထားတယ်လို့ ​​လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ​​Scott ​​Morrison ​​က ​​ပြောပါတယ်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ