Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

ဆီးရီးယားစစ်ပွဲကိစ္စ ကန်သံအမတ် ကုလအတွင်းရေးမှူးချုပ်ထံ စာပေးပို့


ဆီးရီးယားမှာရှိတဲ့ Islamic State IS လို့ခေါ်တဲ့ အစ္စလာမ် စစ်သွေးကြွတွေကို လေကြောင်းကနေ ပထမဦးဆုံး စတင် တိုက်ခိုက်မှု ပြုလုပ်လိုက်ပြီ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆီးရီးယား အစိုးရ အနေနဲ့ သူ့နိုင်ငံအတွင်းမှာ အခြေစိုက်နေတဲ့ စစ်သွေးကြွတွေကို အဆုံးသပ်သွားအောင် မလုပ်နိုင်တာ၊ ဒါမှမဟုတ် မလုပ်တာဖြစ်တဲ့အတွက် အခုလို အရေးယူ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

IS စစ်သွေးကြွတွေဟာ အီရတ်နိုင်ငံက ပြည်သူတွေကို တိုက်ခိုက်ဖို့အတွက် ငွေ ကြေးထောက်ပံ့မှုတွေ လေ့ကျင့်သင်တန်း ပေးတာတွေကို ဆီးရီးယားနိုင်ငံအတွင်းကနေ ဘေးကင်း လုံခြုံစွာနဲ့ လုပ်ကိုင်လျက်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့ သံတမန် Samantha Power က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံကို စာရေးပြီး အကြောင်းကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ကြေညာစာတမ်းအရ နိုင်ငံတနိုင်ငံအနေနဲ့ သူ့ရဲ့ပိုင်ဆိုင်တဲ့ နယ်နမိတ်အတွင်းမှာ ဒါမျိုးလုပ်ဆောင်နေတာကို ဟန့်တားဖို့ တာဝန်ရှိတယ်လို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားတဲ့အကြောင်း သူမရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ Barack Obama ကလည်း အကြမ်းဖက်သမားတွေအနေနဲ့ နိုင်ငံတခုမှာ ဘေးကင်းလုံခြုံစွာ နေထိုင်ပြီး အမေရိကန် နိုင်ငံသားတွေအပေါ် ခြိမ်းခြောက်မှု ပြုနေတာမျိုးကို ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက IS စစ်သွေးကြွတွေနဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေကို စတင် တိုက်ခိုက်ခဲ့တဲ့ အင်္ဂါနေ့က လေကြောင်းစစ်ဆင်ရေးဟာ အလွန်အောင်မြင်ခဲ့တယ်လို့လည်း အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒီလေကြောင်းတိုက်ခိုက်မှုကို အာရပ် ၅ နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေးဘီးယား နဲ့ UAE အာရပ်စော်ဘွားများ ပြည်ထောင်စုတို့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ