Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ကရင်ပြည်နယ်မြ၀တီတွင် ဇတ်တူသား စားမှု ဖြစ်ပွား



မြ၀တီမြို့ တွင် ဇတ်သူသား စားခြင်း ခံရသူ၏ ရုတ်အ
လောင်းကို ယနေ့နံနက်ပိုင်းက နယ်ခြား သောင်ရင်း
မြစ်အတွင်း ပြန်လည် တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မတော် (KNLA) အထူးစစ်ကြောင်းမှ ဗိုလ်ကြီးလ မင်း ၏ စစ်သည် စောတာနိုဖြစ်ပြီး ရုပ်အလောင်း တွေ့ရှိချိန် တွင် လက်ထပ်ခတ်လျက်သား လည်ပင်းအလှီးခံထား ရကာ ဦးခေါင်းတွင်လည်း သေနတ်ဖြင့် ပစ်ခတ်ခံထား ရသည်ဟု သိရသည်။

ဗိုလ်ကြီးလမင်းက လွန်ခဲ့သည့် ၁၆ ရက်နေ့က တပ် သားစောတာနိုကို (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် ရင်း အမှတ်(၁၀၂၂)က ဖမ်းဆီးပြီးနောက် ပျောက်ဆုံး
နေပြီး ယနေ့တွင် အလောင်းပြန်လည် တွေ့ရှိရခြင်းဖြစ် သည်ဟု အခိုင်အမာပြောဆိုကာ ယခုကိစ္စကို တရားဥ ပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။

စောတာနိုပျောက်ဆုံးမှုနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂)သို့မေးမြန်းရာ စတင်ဖမ်းဆီး သည့်နေ့မှာပင် ပြန်လွတ်ပေးလိုက်သည်ဟု ပြောဆိုကြောင်း ဗိုလ်လမင်းကဆိုသည်။

ဖြစ်စဉ်နဲ့ပတ်သက်၍ နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂)က တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုံးများပိတ်ထားကြသည်။

အဆိုပါတပ်သား သတ်ဖြတ်ခံခဲ့ရခြင်းကို ကရင်အမျိုးသားအစည်းအရုံး KNU မြ၀တီဆက်ဆံရေးရုံးကလည်း မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့များအတွင်း ယခုကဲ့သို့ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကြောင့် ဒေသတွင်းရှိ ကရင်အမျိုး သားများက ကရင်လက်နက်ကိုင်အဖွဲ့များအရေး ရင်လေးမိသည်ဟု မြ၀တီမှ ကရင်ဘုန်းတော်ကြီးတ ပါးက မိန့်ကြားသည်။

၎င်းက"ဘုန်းကြီးတို့က ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြည်လည်ရင်ကြားစေ့ရေးအတွက် ကြိုးစားနေတဲ့ကာ လမှာ ဒီလိုမျိုးဇတ်တူးသားစားတဲ့ အလုပ်မျိုးက လုံးဝမဖြစ်သင့်ဘူး အခြေအနေတွေ ဒီထက်ထပ်ပြီး မဆိုး ရလေအောင် ချက်ခြင်းဖြေရှင်းကြဘို့ တိုက်တွန်းပါတယ်"ဟု မိန့်ဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ စွပ်စွဲခံနေရသူများဘက်က တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရသည်။

ဘားအံမြို့  ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတဦးက "ဒီလိုဘဲဆက်ပြီး ဖြစ်နေကြမယ်ဆို ရင်တော့ ဟင်္သာကိုးသောင်း ပျက်တဲ့ ကိန်းဘဲဆိုက်ဘို့ရှိတယ် အားလုံးကို တောင်းဆိုချင်ပါတယ် ကိုယ့်ကို ကိုယ်ဘာလဲဆိုတာ သိကြပါလို့ဘဲပြောချင်တယ်"ဟု ဆိုသည်။

KNLA က ကရင်တပ်မှူးဟောင်းတဦးက" ကရင်အချင်းချင်းတွေဘဲ သဘောထားကြီးရမယ်လေ အရင် ကအတူတူနေလာခဲ့ကြတာဘဲ ကျောင်းတော်ကရန်စတွေကို ဒီလိုကာလမှာ မေ့ထားသင့်ပါပြီး"ဟု သဘော ထားပေး ပြောဆိုသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ