Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ကျန်းမာရေး ဝန်ဆောင်မှု လွှမ်းခြုံဖို့ ကြိုးစား



ဆေးကုသခွင့် အခြေခံ ပြည်သူတွေ လက်လှမ်း မီဖို့လို
၂၀၁၅ ခုနှစ် ဘဏ္ဍဍာနှစ် ကနေ စလို့ ပြည်တွင်းမှာ လူတိုင်း လက်လှမ်းမီနိုင်မယ့် ကျန်းမာရေးဝန်ဆောင်
မှု စနစ် ကို ကျင့်သုံးဖို့ ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြု လိုက်ပါတယ်။

၂ဝ၁၅ ကနေ၂ဝ၁၉ ဘဏ္ဍဍာနှစ် အလိုက် ဆောင် ရွက် သွားမယ့် ဒီစီမံကိန်း အတွက် ကမ္ဘာ့ဘဏ်က ရတဲ့ အတိုးမဲ့ ချေးငွေ ဒေါ်လာ သန်း (၁ဝဝ) နဲ့ အကောင်အထည် ဖော်မှာ ဖြစ်ပြီး ဒီချေးငွေ ကို ဆိုင်းငံ့ ကာလ အပါအဝင် ၃၈ နှစ် ကြာမှ ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။

ဒီစနစ် ကျင့်သုံးဖို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းအောင် က ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့တာ ဖြစ်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ် (၆)ဦး က လွှတ်တော်မှာ အမည် စာရင်း တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။

ကျေးလက် ဒေသန္တရ ဆေးပေးခန်းတွေကို တလ မြန်မာငွေ ၅ သိန်းက ဆယ်သိန်းထိ ထောက်ပံ့မှာ ဖြစ်သ လို ကျောင်းကျန်းမာရေးနဲ့ မိခင်နဲ့ ကလေး ကျန်းမာရေး ဌာန တွေကို တလ ကျပ်တသိန်းစီ ထောက်ပံ့ဖို့ စီစဉ်ထားကြောင်း ဆွေးနွေးမှုမှာ ပါတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ရှင်းပြ ပါတယ်။

သားဖွားမိခင်နဲ့ ကလေး သေဆုံးမှု လျော့ကျရေး လို ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ရေး အတွက် ကျန်းမာရေး ဝန်ထမ်းတွေ အရည်အချင်း မြှင်တင်ရေး သင်တန်းတွေ ပေးသွားမယ် လို့လဲ ဆိုပါတယ်။

ဒီဝန်ဆောင်မှု စနစ်မှာ ယိုပေါက် ဟာပေါက်တွေ အလေအလွင့် တွေ မဖြစ်ရအောင် ပွင့်လင်း တာဝန်ခံမှု ရှိတဲ့ ငွေကြေး လည်ပတ်မှု စနစ်နဲ့ ဒုဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ် စတဲ့ အဆင့်ဆင့် ကြပ်မတ် စစ်ဆေး သွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ