Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

မြွေမျိုးစုံ တရားမ၀င်သယ်ဆောင်လာသူများအား အရေးယူထား




၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၄ နာရီအချိန် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နေပြည်ေ တာ်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၁/၆)ရှိ နေပြည်တော်တိုးဂိတ် တွင် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ရှမ်းပြည်နယ်၊ မူဆယ်မြို့ေ န မောင်ဇော် မောင်းနှင်လာသည့် ၆ဃ/xxxx မတ်တူးအဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ် မောင်ဇော်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ ခုန်မုန်ရွာနေ အားချန်(၂၀)နှစ်နှင့် မန္တလေး တိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ရွာသစ်ကျေးရွာနေ တင်မာ(၅၁)နှစ်တို့အား တရားမ၀င်သယ်ဆောင် လာသော မြွေပွေး/မြွေဟောက်/လင်းမြွေများထည့်ထားသည့် တစ်အိတ်လျှင် အလေးချိန်(၅)ပိဿာခန့်စီပါ အ၀တ်အိတ်(၂၂)အိတ်နှင့်အ တူ တွေ့ရှိရသောကြောင့် ၎င်းတို့ ၃ ဦးအား ပလွေးအမြန်လမ်းရဲစခန်း (ပ)၉/၂၀၁၄၊ တောရိုင်းတိရိစ္ဆာန်၊ သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ မောင်ဇော်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ