Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

လူ့အခွင့်အရေး ကော်မရှင် စွမ်းရည် သုံးသပ်တဲ့ အစီရင်ခံစာ ထွက်


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ထိရောက် တဲ့ လူ့ အခွင့်အရေး ကာကွယ်မှု တွေ မပေးနိုင် ဘူး ဆိုပြီး ၂ဝ၁၄ အတွက် ကော်မရှင် ရဲ့ စွမ်းရည် ကို သုံးသပ် တဲ့ အစီရင်ခံစာ တစောင် မှာ ဝေဖန် ထားပါတယ်။

စစ်ဖြစ်နေတဲ့ ဒေသတွေမှာ လက်နက်ကိုင်တွေ ကျူးလွန် တဲ့ အမှု တွေမှာ ကော်မရှင်က အရေးယူ အပြစ်ပေးနိုင်မှု မရှိဘူးလို့ အစီရင်ခံစာကို ပူးပေါင်း ရေးသားတဲ့ အဖွဲ့ တွေထဲက ညီမျှခြင်း မြန်မာ ( Equality Myanmar ) အထွေထွေ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း က ပြောပါတယ်။

ဒီ ၂ နှစ် အတွင်း ကော်မရှင် ကို လာရောက် တိုင်တန်းတဲ့ အမှုပေါင်း ၉ဝဝဝ လောက် ရှိပေမယ့် ဘယ်လို အမှုတွေလဲ၊ ဘယ်လို ဖြေရှင်းပေးခဲ့လဲ တိတိကျကျ မသိရကြောင်းလဲ သူက ပြောပါတယ်။

ဒီအစီရင်ခံစာ ကို Burma Partnership ၊ Asian Forum for Human Rights and Development စတဲ့ အဖွဲ့ တွေက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက် ပြီး ရေးသား ခဲ့တာ လို့လဲ သိရပါတယ်။

လူ့အခွင့်အရေး ကော်မရှင်ကို မြန်မာ အစိုးရ အရာရှိ ဟောင်းကြီး တွေ နဲ့ ၂ဝ၁၁ ခုနှစ်က ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။



လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြား နိုင်တယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ