Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ဝတ်လစ်စလစ်ကိုယ်လုံးတီး ပုံစံ ၀တ်စုံမဟုတ်ဟု ကိုလံဘီယာအသင်းတုံ့ပြန်


ကိုလံဘီယာ အသင်းကတော့ ၀တ်စုံဒီဇိုင်းဟာ အသင်းရဲ့ စက်ဘီးသမား တဦးက ဖန်တီးခဲ့တာဖြစ်ပြီး အသင်းဖော်တွေက အတည်ပြုခဲ့သလို လပေါင်း အတော်ကြာအောင် ၀တ်ဆင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့ အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံတကာ စက်ဘီး အဖွဲ့ချုပ်က ဝေဖန်ခဲ့တဲ့ ကိုလံဘီယာ အမျိုးသမီး စက်ဘီး အသင်းရဲ့ ၀တ်စုံကို အသင်းသားတွေက ကာကွယ်ပြောဆို လိုက်ပါတယ်။

အီတလီမှာကျင်းပနေတဲ့ ပြိုင်ပွဲအတွက် ကိုလံဘီယာ အမျိုးသမီးစက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့ အ၀ါရောင်ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို အသုံးပြုထားတဲ့အတွက် ကြည့်လိုက်ရင် ၀တ်လစ်စလစ်ကိုယ်လုံးတီး ပုံစံဖြစ်နေပေမယ့် တကယ်တမ်း ခါးနဲ့ တင်ပါးနေရာမှာ အသုံးပြုထားတာဟာ ရွှေရောင်ဖြစ်တယ်လို့ ကစားသမားတွေက ပြောပါတယ်။

ဒီဝတ်စုံကို ဒီဇိုင်း ထုတ်လုပ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် စက်ဘီးသမား Angie Tatiana Rojas က ဒီလိုဒီဇိုင်းအတွက် သူက ရှက်နေမှာမဟုတ်သလို ၀တ်စုံကို ဂုဏ်ယူစွာဝတ်ဆင်တဲ့ အကြောင်းနဲ့ ဒီဇိုင်း ပြောင်းသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အသင်းမှာ မိသားစုရှိတဲ့ ကလေးအမေတွေပါဝင်ပြီး အားကစားအတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေ စက်ဘီးစီးတာကို ချစ်မြတ်နိုးတဲ့သူတွေ ပါတယ်လို့ ပြောပါတယ်။

ကိုလံဘီယာအသင်းရဲ့ ၀တ်စုံဟာ ဒီသတင်းပတ် လူမှုရေး စာမျက်နှာမှာ အငြင်းပွား ဖွယ်ရာဖြစ်ခဲ့ပါတယ်။






No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ