Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ယခုလမှစ၍ အိမ်သုံးမီတာများကို မြင်းကောင်ရေကြေး ထည့်သွင်း ကောက်ခံလာ



စစ်ကိုင်းမြို့နယ်၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ် ငန်း အနေဖြင့် ပြည်သူလူထုအား ကြိုတင် အသိပေး အကြောင်းကြားခြင်း မရှိဘဲ ယခုလပိုင်းမှ စတင်၍ အိမ်သုံး လျှပ်စစ်မီတာ တစ်လုံး လျှင် မြင်းကောင်ရေ
ကြေး ငွေကျပ်၂ဝဝ စီ ဓာတ်အားခ တောင်းခံလွှာတွင် ထည့်သွင်း ဖော်ပြ ကောက်ခံလာကြောင်း သိရသည်။

ယခင်က လုပ်ငန်းသုံး ပါဝါမီတာများ ကိုသာ သုံးစွဲ သည့် မြင်းကောင်ရေကို လိုက်၍ မြင်းကောင်ရေကြေး
ကောက်ခံကြောင်း၊ အိမ်သုံးမီတာ များကို မြင်းကောင်ရေကြေး ကောက်ခံမှု မရှိခဲ့ကြောင်း သိရသည်။ ယခုလပိုင်းမှစတင်၍ လျှပ်စစ် ဓာတ်အားခ၊ မီတာ ဝန်ဆောင်ခ အပြင် မြင်းကောင်ရေကြေး ငွေကျပ် ၂ဝဝ ကိုပါ ထည့်သွင်း ကောက်ခံ လာကြောင်း သိရသည်။

”အရင်က လုပ်ငန်းသုံး ပါဝါမီတာ တွေကိုပဲ မြင်းကောင်ရေကြေး ဆိုတာ ကောက်ခံ ပါတယ်။ ဆယ်ကောင် မီတာ တပ်ထားတဲ့ အတွက် လစဉ် မြင်းကောင်ရေကြေး ငွေကျပ် နှစ်ထောင် ထည့်သွင်း ပေးဆောင် ရတယ်။ အခုလပိုင်း ကစပြီး ဓာတ်အားခ တောင်းခံလွှာ တွေ ထွက်လာတဲ့ အခါ အိမ်သုံးမီတာ တွေကိုပါ မြင်း
ကောင်ရေကြေး ကျပ်နှစ်ရာစီ ထည့်သွင်း တောင်းခံလာတာ တွေ့ရတယ်။

လျှပ်စစ်ဌာန အနေနဲ့ ဘာကြောင့် ကောက်ခံရတယ် ဆိုတာကို ပွင့်လင်း မြင်သာစွာ ချပြ ကောက်ခံ တာ မျိုး ဖြစ်သင့်တယ်။ ပြည်သူလူထု ကို ကြိုတင် အသိပေးခြင်း မရှိဘဲ တောင်းခံလွှာထဲ ထည့်သွင်း ကောက်ခံ လိုက်တာမျိုး မဖြစ်သင့်ဘူး … ” ဟု ပုံနှိပ်စက်လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း အနေဖြင့် အိမ်သုံးမီတာ များကို သုံးစွဲယူနစ် (၁-၁ဝဝ) ယူနစ်အထိ တစ်ယူနစ် လျှင် ငွေကျပ် ၃၅ကျပ်နှုန်း၊ (၁ဝ၁-၂ဝဝ) ယူနစ်အထိ ငွေကျပ် ၄ဝ နှုန်းအပြင် မီတာဝန်ဆောင်
ခ ငွေကျပ် ၅ဝဝ ကောက်ခံကြောင်း၊ ယခုအခါ မြင်းကောင်ရေကြေး ငွေကျပ်၂ဝဝ ထပ်မံထည့် သွင်း
တောင်းခံ ကောက်ခံ လာကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ