Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ရေကြီးမှုကြောင့် ရေများ ရေစုပ်စက်ဖြင့် စုပ်ထုတ်ရာ ဓာတ်လိုက်သေဆုံး




စက်တင်ဘာ ၁၈ ရက်က တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှု နှင့်အတူ တောင်ကျရေ များကြောင့် ရေကြီး
ရေလျှံမှုများ မြို့ပေါ်ရပ်ကွက် အချို့မှာဖြစ်ပွားခဲ့ရာ ပုန်းထွန်ရပ်ကွက်တွင် ရေအမြင့် ၄ ပေမှ ၆ ပေ ခန့်အထိ
မြင့်တက်ခဲ့သည်။

ထိုသို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများကြောင့် နေအိမ်တို့တွင် ရှင်းလင်းခြင်း၊ ရွှံ့များကိုဆေး
ကြောခြင်း ဆောင်ရွက်နေဆဲ ဖြစ်ရာ စက်တင်ဘာ ၂၂ ရက် (ယနေ့) မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်က ပုန်းထွန် ရပ်ကွက် (၄) လမ်းရှိ နေအိမ်အမှတ် (၃/၃၈)တွင် အသက် (၃၉ နှစ်)ရှိ အမျိုးသားတစ်ဦး ဓာတ်လိုက်၍ သေ ဆုံးသွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ပုန်းထွန်ရပ်ကွက် (၄)လမ်း အိမ်အမှတ်(၃/၃၈) တွင် ဦးစိုင်းဝန်းခမ်းသည် နေအိမ်အတွင်း ရေ ကြီးရေလျှံမှုကြောင့် ဝင်ရောက်နေ သောရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်နိုင်ရန် မီးပလပ်ကို သွား
ရောက်ထိုးရာမှ အစိုဓာတ်ကြောင့် ဓာတ်လိုက်ကာ ပွဲခြင်းပြီး သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က ”ဖြစ်နေတဲ့နေရာက ကျွန်တော့်အိမ်ရှေ့မှာပါ၊ အသံကြား လို့သွားကြည့် လိုက်တော့ ရေထဲမှာစိုင်းဝန်းခမ်းက ပက်လက်လန်လဲ ကျ နေတာကိုတွေ့ရတာနဲ့ ချက်ချင်းပဲ လျှပ်စစ်မီတာမိန်းခလုတ်ကို အမြန် ချပြီး ဆွဲထူပေးပြီးတော့ ရင်ဘတ်ကို အမြန်ဖိပေးလိုက်တယ်။ ပြီးတော့
ဆေးရုံကို အမြန်ပို့လိုက်ရတယ်” ဟု ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က ပြောပြသည်။

စက်တင်ဘာ ၁၈ ရက်ကဖြစ်ပွား ခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပုန်းထွန်ရပ်ကွက်အတွင်း အိမ်ခြေ စုစုပေါင်း ၃၂၅ အိမ်နှင့် အိမ်ထောင်စု ဝင် စုစုပေါင်း ၅၂၇ စုမှာ ရေနစ်မြုပ် ဒဏ်ကိုခံခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ