Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

မပေါင်းသင်းအပ်သော ဂဏန်းနဲ့တူတဲ့ လူသုံးယောက်



၁။ အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်း ကြံလေသူ

၂။ ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံ တတ်သူ

၃။ တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်း စားရေးကို လုပ်ဆောင်တတ်သူ

ထိုသူတွေက ဂဏန်းနဲတူတဲ့လူတွေဖြစ်တယ်။ ဂဏန်းေ တွဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက် ဘဲရှိ မယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန် ကြပါတယ်။ တစ်ခါက လူငယ်တစ်ယောက်ကမ်းခြေ တစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်း
ကောက်နေတဲ့ လူကြီးတစ်ယောက်ကို တအံ့တသြံ ဖြစ်ခဲ့ဘူးတယ်။

ဒီကောင်းလေးက "အကိုကြီး၊ ခင်ဗျား ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊ အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်
ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား"လို့ ပြောတယ်။

လူကြီးက "ညီ။ မင်း ဂဏန်းတွေ အကြောင်း မသိပဲကိုးကွ။ ဂဏန်းတွေ ဆိုတာ ထွက်ပေါက် တစ်ခုရလို့ တစ်ကောင်က စတက်ရင် နောက် တစ်ကောင် ကလည်း လိုက်ပြီး အလုအယက် လိုက်တက်တယ်။ လုတက်တယ် ဆိုကတည်းက အောက်တစ်ကောင်က အပေါ် တစ်ကောင်ကို သူ့လက်တွေနဲ့ ချိတ် ယူပစ်တယ် ဆွဲချပစ်တယ်။ တစ်ကောင်နဲ့ တစ်ကောင် တက်ရင်း၊ ချိတ်ရင်း ကြိုးပမ်းရင်းက တစ်ကောင် ကို တစ်ကောင်က ဆွဲချနေကြပါရော။ဒါကြောင့် တစ်ကောင်မှ ထွက်မလာနိုင်ဘူး။ ပလိုင်းဖုံးကို အေးဆေး ဖွင့်ထားနိုင်တယ် ငါ့ညီ။ ဂဏန်း ဆိုတဲ့ အမျိုးဟာ သူတို့ ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် - "ဆွဲချ" နေရာမှာ အင်မတန် သန်ကြတယ်။"

စာဖတ်မိတ်ဆွေတွေအားလုံးကိုလည်း မိမိကိုယ်ရော တစ်ပါးသူကိုရော ကောင်းကျိုးမပေးတဲ့ ဂဏန်းလို မဖြစ်ကြဖို့၊ ထိုလူမျိုး မတွေ့ဆုံကြဖို့ကိုပါ ဆုတောင်းပေး လိုက်ပါ တယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ