Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ရန်ကုန်မြို့သစ် စီမံကိန်း တိုင်းလွှတ်တော်ကို တင်ပြ


ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်ထည်ဖော်ဖို့ သင့်၊ မသင့်နဲ့ အဲ့ဒီစီမံကိန်းကို အကောင်အထည် ဖော်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ထပ်မံရွေးချယ်သင့် မသင့်ကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကို တင်ပြပြီး အတည်ပြုချက်တောင်းခံခဲ့ပါတယ်။

အဲ့ဒီတင်ပြချက်ကို လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

"ဒီစီမံကိန်းကို ကုမ္ပဏီတစ်ခုထဲကို မပေးဖို့ပြောမယ်၊ ဒီမြို့သစ်စီမံကိန်းကြီးဟာ နိုင်ငံတော်အတွက် ဘယ်လိုအန္တရယ်မျိုးတွေ ကျရောက်နိုင်သလဲဆိုတာကို ဆွေးနွေးမယ်၊ ဒီမြို့သစ် စီမံကိန်းကြီးအတွက်ကို တာဝန်ခံမယ့်အဖွဲ့ ရှိလာမှာလား မရှိဘူးလားဆိုတာကို ဆွေးနွေးမယ်၊ လေ့လာပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ကို ဆွေးနွေးသွားမှာပါ"

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြီးခဲ့တဲ့ သြဂုတ်လက ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မြို့သစ်စီမံကိန်းဆောင်ရွက်ဖို့ အစီအစဉ်ရှိကြောင်းနဲ့ အကောင်ထည်ဖော်ဆောင်ရွက်မယ့်ကုမ္ပဏီကို ရွေးချယ်ပြီးပြီလို့ တင်ပြခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းကျော်မှာ အကောင်ထည်ဖော်မှာဖြစ်ပြီး မြို့သစ်စေတနာအများပိုင်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မူလက သဘောတူခဲ့တာဖြစ်ပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ