Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ပါကစ္စတန် ISI အကြီးအကဲသစ် ခန့်အပ်

ပါကစ္စတန် နိုင်ငံမှာ သြဇာ အာဏာ ကြီးမားတဲ့ ISI ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ အသစ် အဖြစ် ဗိုလ်ချုပ်ကြီး Rizwan Akhtar ကို ပါကစ္စတန် အစိုးရက ခန့်အပ် လိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး Rizwhan Akhtar ဟာ ဆင်းဒ် ပြည်နယ်ဘက်မှာ လှုပ်ရှားတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ ရဲ့ စစ်တိုင်းမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထောက်လှမ်းရေး အကြီးအကဲ တာဝန် ကို ရှေ့လမှာ စယူမှာပါ။

ISI ထောက်လှမ်းရေး အဖွဲ့ ဟာ ပါကစ္စတန် နိင်ငံမှာ သြဇာ အရှိန်အဝါ ကြီးမား လွန်းတဲ့ အတွက် အစိုးရနဲ့ စင်ပြိုင် အာဏာရှိတယ် လို့တောင် တင်စားလေ့ ရှိတဲ့ အကြောင်း သတင်းထောက် တွေက ပြောပါတယ်။

လက်ရှိ ISI အကြီးအကဲ ရာထူးက ထွက်မယ့် ဗိုလ်ချုပ်ကြီး Zaheerul Islam ကတော့ ပါကစ္စတန် ဝန်ကြီးချုပ် Nawas Sharif နဲ့ သိပ် အဆင်မပြေသူ အဖြစ် အများက မြင်ကြပါတယ်။

အခု တက်မယ့် ထောက်လှမ်းရေး အကြီးအကဲ အသစ် ကတော့ အစိုးရ နဲ့ နီးစပ် ပြေလည်မှု ရှိမယ် လို့ ခန့်မှန်းကြပါတယ်။

သြဇာကြီးတဲ့ ISI အကြီးအကဲသစ် ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီး Rizwan Akhtar

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ