“နောက်ဆုံးမှာတော့ ကျနော်ထင်တယ် ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံမှာ ကျင်းပဖြစ်မှာ မဟုတ်ပါဘူး” ဟု ယင်းက Sport Bild Plus ကိုပြောသည်။
ဂျာမန်ဘောလုံးအဖွဲ့ချုပ် DFB ခေါင်းဆောင်ဟောင်းဖြစ်သူ ဇွင်ဇီဂါက နွေရာသီအပူချိန်မြင့်မားမှုသည် ကာတာနိုင်ငံအတွက် ကမ္ဘာ့ဖလား လက်ခံကျင်းပခွင့် ဆုံးရှုံရမည့် အဓိက အကြောင်းရင်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖီဖာပြောရေးဆိုခွင့်ရှိသူကမူ “မစ္စတာဇွင်ဇီဂါကိုယ်တိုင်ပြောထားသလိုပဲ ဒါဟာသူ့ရဲ့ ပုဂ္ဂိလိက အမြင်ပါ” ဟု ပြောသည်။
လက်ရှိတွင် ကာတာနိုင်ငံသည် အအေးပေးစနစ်ပါအားကစားကွင်းများ တည်ဆာက်လျက်ရှိသည်ဟု ကြားသိရပြီး ယင်းအပေါ် မစ္စတာဇွင်ဇီဂါက ကမ္ဘာ့ဖလားပွဲသည် အားကစားကွင်းတခုတည်နှင့် မပြီးကြောင်း၊ ကမ္ဘာ့အရပ် လေးမျက်နှာမှ ပရိသတ်များ လာရောက်ကြည့်ရှုကြသည့်အတွက် အပူချိန်မြင့်မားမှုသည် စိုးရိမ်စရာကိစ္စဖြစ်သည်ဟု ပြောသည်။
ကမ္ဘာ့ဖလားလက်ခံကျင်းပခွင့်ကို ၂၀၁၀ခုနှစ်က ဖီဖာက နွေရာသီအပူချိန် ၄၀ ဒီဂရီ Celsiusရှိ ကာတာနိုင်ငံအား အပ်နှင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရွေးချယ်မှုတွင် အကြီးအကျယ်လာဘ်စားမှုများရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် အငြင်းပွားဖွယ်ရာများ ရှိနေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖီဖာကျင့်ဝတ်ကော်မတီက ၂၀၁၅ အစောပိုင်းတွင် တွေ့ရှိချက်များကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။




































No comments:
Post a Comment