Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

အရုပ်တွေကို သွေးသားရင်းပမာ ပြုစုစောင့်ရှောက်တဲ့ အံ့ဖွယ်အမျိုးသမီး




အမေရိကန် ပြည်ထောင်စု နယူးယော့ခ်စီးတီးမှာ နေထိုင်တဲ့ အသက် (၃၆)နှစ် အရွယ်ရှိ မာရီလင်းဟာ အရုပ်တွေကို သွေးသားရင်း ပမာပြုစု စောင့်ရှောက်လေ့ ရှိတယ်လို့ သိရပါတယ်။ မာရီလင်းမှာ အရုပ်ပေါင်း (၃၀၀) ခန့်ရှိပြီး အချို့အရုပ်တွေကို ဖန်တီး ပြုလုပ်ရာမှာ မိသားစုဝင်တွေရဲ့ ဆံပင်ကို အသုံးပြုလေ့ရှိ ပါတယ်။ မာရီလင်းဟာ အရုပ်တွေ ဖန်တီးထုတ်လုပ်ရောင်းချသူ ဖြစ်ပေမယ့် အရုပ်တွေ အပေါ်ထားရှိတဲ့ မေတ္တာတရား က ကြီးမားလွန်းပါ တယ်။ နေအိမ် အနှံမှာ အရုပ်တွေကို စနစ်တကျထားလေ့ ရှိပြီး အရုပ်တိုင်းကို သွေးသားရင်း ပမာပြုစု စောင့်ရှောက်ထား ပါတယ်။ အရုပ်တွေ အတွက် ခုတင်ထားရှိ ပေးခြင်း၊ ကလေးငယ်တစ်ဦး ပမာစောင့်ရှောက်ပေးခြင်း တို့ကို ပြုလုပ်နေပေမယ့် မာရီလင်းကို မိသားစုဝင်တွေက အပြစ်မမြင်ပဲ ၀ိုင်းဝန်း ကူညီပေးကြပါတယ်။ မာရီလင်းဟာ ငယ်စဉ် ကတည်းက အရုပ်တွေကို ချစ်မြတ်နိုးခဲ့တာ ဖြစ်ပါတယ်။ အသက် နှစ်နှစ်အရွယ် ကတည်းက အရုပ်တွေနဲ့ နေထိုင်ခဲ့တဲ့ မာရီလင်းဟာ အရုပ်တွေကို ကလေးငယ်တွေလို သဘောထားပြီး ဆော့ကစားခဲ့ ပါတယ်။ မာရီလင်းဟာ သူ့အကြိုက်ဆုံး အရုပ်တွေကို သားငယ်ဖြစ်သူ ဆံပင်တွေနဲ့ ဖန်တီးလေ့ ရှိပါတယ်။ မာရီလင်းမှာ အသက် (၁၀)နှစ် အရွယ် သားတစ်ဦးနဲ့ အသက်(၁၅)နှစ်အရွယ် သမီးတစ်ဦးရှိပါတယ်။ မာရီလင်းရဲ့ခင်ပွန်းဖြစ်သူ အသက် (၄၀) နှစ်အရွယ် အိုမွန်ကလည်း မိမိသည် အရုပ်များနှင့် ရင်းနှီး ကျွမ်းဝင်နေပြီ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူ၏ ၀ါသနာကို ကူညီပေးလေ့ ရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ