Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

အီဘိုလာရောဂါပိုး လူ ၅ သိန်းထက်ထိ ကူးစက်လာနိုင်

အီဘိုလာရောဂါကို ဟန့်တားထိန်းချုပ်မှု မလုပ်နိုင်ဘူးဆိုရင် ဇန်န၀ါရီလ အရောက်မှာ အနောက်အာဖရိက မှာ နေထိုင်တဲ့ လူပေါင်း ၅ သိန်းကနေ ၁ ဒဿမ ၄ သန်းကြား အရေအတွက်အထိ ကူးစက်သွားနိုင် တယ်လို့ အမေရိကန် သုတေသနပြုသူတွေက ပြောဆိုပါတယ်။

Liberia နဲ့ Sierra Leone စတဲ့ တိုင်းပြည်တွေမှာ ရောဂါဖြစ်ပွားနေတဲ့နှုန်းဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ နှစ်ဆ တိုးများလာနေကြောင်း၊ အခု WHO က ရရှိထားတဲ့ ရောဂါဖြစ်ပွားမှုနှုန်းဟာ တကယ်ရောဂါဖြစ်ပွားမှုနှုန်းထက် လျှော့ တွက်ထားတာသာဖြစ်တဲ့အကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန CDC က ခန့်မှန်းပြောဆိုလိုက်ပါတယ်။

ရောဂါဖြစ်ပွားတဲ့ဒေသကို အမေရိကန် ကူညီပေးရေး တပ်ဖွဲ့ဝင်တွေ ၃ ထောင် စေလွှတ်မယ်လို့ ကတိပေးထားပြီးတော့ ရောဂါကုသပေးမှု ဌာနတွေ တည်ဆောက်ပေးမယ်လို့ ပြောပါတယ်။ ရောဂါခံစားရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို လုံခြုံမှုရှိတဲ့ အဆောက်အအုံတွေမှာ ထားပြီးတော့ ရောဂါကူးစက်မှုကို လျှော့ချနိုင် မှသာလျှင် ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖွယ်ရှိတယ်လို့လည်း CDC အဖွဲ့က ကြေညာထားပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ