Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

IS နှိမ်နင်းရေး လေကြောင်းစစ် အာရပ် တိုင်းပြည်များ ဦးဆောင်နေ

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အစ္စလာမ် စစ်သွေးကြွတွေ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ရေနံ သိုလှောင်ရေးဌာနတွေကို စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် အာရပ်နိုင်ငံ ၂ ခုက အမေရိကန်ပြည်ထောင်စုကို ဦးဆောင်ပြီး ကြာသပတေးနေ့ က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ လေကြောင်း တိုက်ခိုက်မှု အတွင်း ဆော်ဒီ အာရေးဗီးယားနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံတို့က စုစုပေါင်း ကြဲခဲ့တဲ့ ဗုံးအရေအတွက် ၈၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ တိုက်ခိုက်မှု အတွင်း စစ်သွေးကြွ ၁၄ ဦးနဲ့ အရပ်သား ၅ ဦးတို့ သေဆုံးသွားကြောင်း လန်ဒန်မြို့အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ စုံစမ်း စစ်ဆေးသွားမယ်လို့ ပင်တဂွန်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း ပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အတတ်နိုင်ဆုံး မလိုလားအပ်တဲ့ ဘေးကလူတွေ မထိခိုက်ရအောင် သတိထားပြီး တိတိကျကျ ဆောင်ရွက်နေကြောင်း သူက ပြောပါတယ်။

စစ်သွေးကြွတွေအတွက် တနေ့မှာ အမေရိကန်ဒေါ်လာ ၂ သန်းအထိ ၀င်ငွေရှာပေးနေတဲ့ အသေးစား ရေနံချက်စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။


ဆီးရီးယား စစ်သွေးကြွတွေကို လေကြောင်းနဲ့ တိုက်ခိုက်။ (စက်တင်ဘာ၊ ၂၀၁၄)

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ