Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

မျက်နှာပေါ်မှ အစက်များ ဖယ်ရှားမယ်

မျက်နှာပေါ်က အမည်းစက်များကို ဖယ်ရှားနိုင်ဖို့ မိမိရဲ့ မျက်နှာပေါ်က အမည်းစက်တွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရသူတွေ အများကြီးပါ။ အမည်းစက် အနည်းအကျဉ်းရှိနေတာဟာ မသိသာလှပေမယ့် ပိုပြီးမည်းနက်လာတဲ့အခါနဲ့ များပြားလာတဲ့အခါမှာဆိုရင် မျက်နှာ အလှကိုဖျက်ဆီးပစ်နိုင်ပါတယ်။
သဘာဝဆန်ဆန်လှပဖို့ ပြင်ဆင်နေကြတဲ့ခေတ်ကြီးမှာ အပြစ်ဆိုစရာမရှိတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့်လည်း ချောမွတ်သန့်စင်တဲ့ မျက်နှာ အသားအရေ ကိုပိုင်ဆိုင်နိုင်ဖို့ အမည်းစက်တွေကို ဘယ်လိုတိုက်ဖျက်ကြရမလဲဆိုတာ…..
ဘယ်လိုပျောက်ကင်းစေနိုင်မလဲ
☺Skin Care အသုံးပြုသူတွေကတော့ အမည်းစက်တွေကို လျော့ပါးစေနိုင်တဲ့ Retinoic Acid ပါဝင်တဲ့ Whitening Cream၊ Lightening Cream စတာတွေကို သုံးစွဲပေးနိုင်ပါတယ်။ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် ရက်သတ္တပတ်(၆)ပတ် အတွင်းမှာ သိသာလာနိုင်ပါတယ်။
☺Sunscreen ကတော့ အမည်းစက်တွေ ပိုပြီး ပွားမလာစေဖို့အတွက် အရေးအကြီးဆုံး ပစ္စည်းတစ်ခုပါ။ နေရောင်ဒဏ်ကိုတော့ မဖြစ်မနေ ကာကွယ်ရမှာဖြစ်တဲ့အတွက် အနည်းဆုံး SPF(30) ကစပြီး အဆများများ ပါဝင်တာမျိုးကို ရွေးချယ်ပါ။
☺Cosmetic တွေအသုံးပြုလိမ်းခြယ်နေရသူဆိုရင် Hydroquinone၊ Kojic Acid နဲ့ မယ်လနင်ကို တိုက်ဖျက်နိုင်တဲ့ Bleaching Agents လို့ခေါ်တဲ့ အစွန်းချွတ်ပစ္စည်းပါတဲ့ Product ကိုရွေးချယ်နိုင်ပါတယ်။
☺အကျိုးကျေးဇူးများလှသော ပဲစေ့ဖြစ်တဲ့ Soy Bean ပါဝင်တဲ့ Creamနဲ့ Moisturizer တွေကိုရွေးချယ်ခြင်းကလည်း နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်း၊ အမည်းစက်ဖြစ်ပေါ်ခြင်းတွေကို ပျောက်ကင်းစေပါသေးတယ်။
☺ အသင့်အသုံးပြုနိုင်တဲ့ Mask တွေကပ်ချင်ပါတယ်ဆိုရင်တော့ ပျားရည်၊ရှောက်သီးအပြင် ဒိန်ချဉ်နဲ့ပြုလုပ်ထားတဲ့ Mask အမျိုးအစားတွေကို ရွေးချယ်ပါ။
☺အချိန်ခဏတာအတွင်း ဖယ်ရှားပစ်ချင်တယ်ဆိုရင်တော့ လေဆာအသုံးပြုပြီး ဖယ်ရှားတာမျိုး လုပ်နိုင်ပါသေးတယ်။
အိမ်တွင်းဖြစ်ကုထုံးများ
ကိုယ့်ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေကိုပဲ အသုံးပြုချင်သူတွေ အတွက်လည်း သဘာဝကပေးစွမ်းတဲ့ လက်ဆောင်တွေ အများအပြားရှိနေပါတယ်။
☺ လိမ္မော်သီး၊ရှောက်သီးနဲ့ သံပုရာသီး စတဲ့ Citrus Fruit တွေဟာ သဘာဝအစွန်းချွတ်ပစ္စည်းဖြစ်တဲ့ ဗီတာမင် စီ ကြွယ်ဝပါတယ်။ ရှောက်သီးဟာ အမည်းစက်တွေ၊ မှဲ့ခြောက်နဲ့ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အစက်အပြောက်တွေကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်စွမ်းရှိပါတယ်။
☺ ရှောက်ရည်ကို အမည်းစက်ပေါ်တိုက်ရိုက်လိမ်းပေးနိုင်သလို ဂွမ်းစလေးနဲ့ တို့ယူပြီးတော့ လိမ်းပေးနိုင်ပါတယ်။ ရှောက်ရည်မှာရှိတဲ့ Crtric Acid က အမည်းစက်တွေကို တဖြည်းဖြည်း အရောင်ဖျော့ပြီး ပျောက်ကွယ်သွားစေမှာဖြစ်ပါတယ်။
☺ သခွားသီး Mask ကဲ့သို့သော တခြားအသီးအနှံအမျိုးမျိုးကို Mask အဖြစ်ပြုလုပ်ရာမှာ ရှောက်ရည် (သို့မဟုတ်) သံပုရာရည် အနည်းငယ်ကို ထည့်သွင်းပေးသင့်ပါတယ်။
☺ သင်သုံးစွဲနေကျ Moisturizing Cream တစ်မျိုးမျိုးထဲမှာ လိမ္မော်ရည်၊ ရှောက်ရည်တို့ကို အနည်းငယ်ညှစ်ထည့်ပြီး မျက်နှာပေါ်ကု လိမ်းပေးနိုင်ပါသေးတယ်။ ဒီလိုအမြဲလိမ်းပေးမယ်ဆိုရင် မှဲ့ခြောက်နဲ့ အမည်းစက်တွေကို လျော့ပါးလာစေနိုင်ပါတယ်။
☺ဒိန်ချဉ်၊နို့ချဉ်နဲ့ ပျားရည် အရောအနှောဟာလည်း အစွမ်းထက်ပစ္စည်းပါ။ ဒီအရောအနှောကို အမည်းစက်တွေပေါ် တိုက်ရိုက်လိမ်းပေးပါ။ ပျားရည်က သဘာဝအတိုင်း အစိုဓာတ်ဖြည့်ပေးတဲ့ Moistruizing Agent ဖြစ်ပြီး ဒိန်ချဉ်၊ နို့ချဉ်ထဲမှာရှိတဲ့ Lactic Acid က အသားအရေကို ထိခိုက်ပွန်းရှမှု မရှိစေဘဲ သဘာဝအတိုင်း ဖြူဖွေးလာစေပါတယ်။
☺ဖရဲသီးအခွံနဲ့ မျက်နှာကို ညင်ညင်သာသာ ပွတ်တိုက်ပေးမယ်ဆိုရင်လည်း အမည်းစက်တွေကို လျော့ပါးစေပါတယ်။
☺ဂျုံမှုန့်နဲ့ ဒိန်ချဉ်ထဲကို သံပုရာရည် သုံးစက်ခန့်ညှစ်ပြီး ရောနှောကာ မျက်နှာပေါ်ကို နှိပ်နယ်သုတ်လိမ်းပေးနိုင်ပါတယ်။ (၁၀)မိနစ်ထားပြီး ရေနဲ့ဆေးချပါ။ တစ်ပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
☺နောက်ထပ်လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့အရာကတော့ အာလူးပါပဲ။ အာလူးကို ပါးပါးလေးတွေ ရှပ်လှီးပြီး အမည်းစက်တွေရှိတဲ့နေရာကို (၁၅)မိနစ်ကပ်ပေးနိုင်ပါသေးတယ်။ ဒါဟာ သဘာဝအတိုင်း အမည်းစက်တွေကို ချွတ်ပေးနိုင်တဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းပါပဲ။
☺လတ်ဆတ်တဲ့အသီးအနှံ များများစားခြင်း၊ ဟင်းသီးဟင်းရွက်တွေစားခြင်းက စိုပြည်ကျန်းမာတဲ့ အသားအရေကို ရရှိစေတယ်ဆိုတာ အားလုံးကသဘောတူလက်ခံကြမှာပါ။
ဒါကြောင့် ဗီတာမင် အီး ကြွယ်ဝတဲ့ နာနတ်သီးနဲ့ သဘောင်္သီးတွေ များများစားပေးခြင်းကလည်း အမည်းစက်ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူပြုပါတယ်။
အသားအရေပြဿနာ အတော်များများဟာ ရေဓာတ်ဆုံးရှုံးတဲ့အတွက် ဖြစ်တတ်တာကြောင့် ရေဓာတ်ပြည့်ဝနေအောင် လုပ်ဆောင်ပေးရပါမယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက်(၈)ခွက်မှ (၁၀)ခွက် အထိသောက်ပေးသင့်ပါတယ်။( အခု ဘလော့ရေးရင်းနဲ့တောင် ရေသောက်လိုက်သေးတယ် အဟိ)
☺ဗီတာမင် အီး ဆေးလုံးကို သောက်သုံးတာမျိုးကလည်း အမည်းစက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။
☺အသားအရေပြဿနာ အမျိုးအမျိုးကို ပျောက်ကင်းစေနိုင်စွမ်းရှိတဲ့ စွမ်းအားရှိ အပင်တစ်မျိုးကတော့ ရှားစောင်းလက်ပပ်ပါပဲ။ ရှားစောင်းလက်ပပ်အရည် (သို့မဟုတ်) အတွင်းသားအနှစ်ကို အမည်းစက်ဖြစ်ပေါ်နေတဲ့ နေရာတွေပေါ်မှာ ကပ်ထားပေးနိုင်ပါတယ်။ အမည်းစက်တွေကို တဖြည်းဖြည်း မှိန်ဖျော့လာစေပါတယ်။
☺ဂျုံ၊ပျားရည်နဲ့ ကြက်ဥအကာတို့ကို ရောနှောပြီး မျက်နှာပေါ်သုတ်လိမ်းကာ (၁၅)မိနစ်မှ မိနစ်(၃၀) အထိထားပေးပါ။ ပြီးရင် ရေနဲ့မျက်နှာသစ်ပါ။ဒီပေါင်းတင်နည်းလေးဟာ အမည်းစက်တွေကို ပျောက်ကင်းစေနိုင်ရုံသာမကဘဲ ထပ်မဖြစ်ပေါ်ရအောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။
☺၀က်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်၊ အမည်းစက်တွေ လျော့ပါးဖို့အတွက် အစိမ်းရောင် အရွက်ဖားဖား အသီးအရွက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေကို များများစားပေးသင့်ပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ