လက်သည်းလေးတွေ လှပပြီး ကျန်းမာမှုနဲ့
ပြည့်ဝနေဖို့အတွက်ဆိုရင် အစာအဟာရထဲမှာ လိုအပ်တဲ့ ဓါတ်တွေ ပြည့်ပြည့်စုံစုံ
ပါဝင်ဖို့ လိုပါတယ်။ လက်သည်းတွေ ကောင်းကောင်းမွန်မွန်
ဖွံ့ဖြိုးကြီးထွားနေရင် လက်သည်းအရင်းကနေစပြီး ပုံမှန်အတိုင်း ရှည်နေမှာပဲ
ဖြစ်ပါတယ်။
လက်သည်းမှာ ကန့်လန့်စင်းတွေရှိရင် နှလုံးရောဂါတစ်စုံတစ်ရာနဲ့
ဆက်စပ်တွေးနိုင်တယ်၊ လက်သည်းက နီမြန်းပြီး ပန်းရောင်ဖြစ်နေရမယ့် အစား
ပြာနှမ်းနေမယ်ဆိုရင်တော့ အဆုတ်ရောဂါ တစ်မျိုးမျိုးကြောင့် လေရှုမှုဖြစ်စဉ်
ချို့ယွင်းနေပြီဆိုတာ သိနိုင်ပါတယ်။
- အဖြူအရောင် အစက်အပြောက်များ
လက်သည်းခွံပေါ်မှာ လက်သည်းပန်းပွင့်တယ်ဆိုပြီး အဖြူရောင်အစက်တွေ ပေါ်နေခြင်းက သင်စားနေတဲ့ အစားအသောက်တွေထဲမှာ ဇင့်(Zinc) ဓါတ် ချို့တဲ့နေပြီလို့ ပြနေတယ်။
-ဖြူသောလက်သည်း
ဖြူရော်ရော် လက်သည်းတွေက သံဓါတ်ချို့တဲ့ပြီး သွေးအားနည်းတာ ဒါမှမဟုတ် သွေးသားလှည့်ပတ်မှုမှာ လိုအပ်ချက်ရှိနေတာတွေကို ပြတယ်။ လက်ချောင်းလေးတွေရဲ့ ထိပ်ဖျားဆီ သွေးလှည့်ပတ်စီးဆင်းမှု မရှိတာကိုလည်း သိသာစေတယ်။
-အနီပုပ်ရောင်လက်သည်း
ဒီလို အနီပုပ်ရောင်လက်သည်းပိုင်ရှင်တွေက Fatty Acids ပါဝင်နှုန်းနဲ့ သွေးတွင်းအဆီဓါတ် Cholesterol ပါဝင်နှုန်းများနေပြီဆိုတာ သိနိုင်တယ်။ အဆီအဆိမ့် နို့ထွက်ပစ္စည်းတွေက သကြား၊ ဆားတွေ စားသုံးတာ ပုံမှန်ထက် လွန်ကဲနေပြီလို့ ဆိုနိုင်တယ်။
-ခရမ်းရောင်နှောတဲ့ နီပြာပြာ လက်သည်း
အစာချေဖျက်တဲ့ လမ်းကြောင်းမှာ တစ်စုံတစ်ခုတော့ ချို့ယွင်းနေပြီဆိုတာ သိနိုင်တယ်။ သကြားဓါတ်ပါဝင်မှု များတဲ့အစားအစာကို အဆမတန် စားသုံးနေပြီဆိုတာ၊ သုံးစွဲနေတဲ့ ဆေးဝါးနဲ့ အစားအသောက်တွေထဲမှာ သကြားဓါတ်များတာတွေကို ခန့်မှန်းသိရှိနိုင်တယ်။
-ကြွတ်ဆတ်ဆတ်လက်သည်း
ကယ်လဆီယမ်ဆိုတဲ့ ထုံးဓါတ်နည်းပါးရင် ဖြစ်တတ်တယ်။ ဒါမှမဟုတ် အရောင်ချွတ်ဆေးနဲ့ ဓာတုဗေဒ ဆေးဝါးတွေ ထိတွေ့ထားရင်လည်း လက်သည်းက ကျွတ်ဆတ်နေတယ်။ တဖြည်းဖြည်း ခြောက်သွေ့ပြီး လက်သည်းက ကွဲအက်သွားတဲ့ထိ ဖြစ်တတ်တယ်။
-လက်သည်းအဖုအထစ်
လက်သည်းမှာ အဖုအထစ်တွေပေါ်ရင် ခန္ဓာကိုယ်အတွင်း သကြားဓါတ်များနေပြီဆိုတာ သိနိုင်တယ်။
-လက်သည်း ကန့်လန့်ဖြတ် အစင်းကြောင်းများ
လက်သည်းမှာ အစင်းကြောင်းတွေ ကန့်လန့်ဖြတ်ပေါ်နေပြီဆိုရင်တော့ စိတ်ဖိစီးမှု သောကတွေ များနေပြီဆိုတာ သိနိုင်တယ်။
- လက်သည်း ဒေါင်လိုက် အစင်းကြောင်းများ
လက်သည်းမှာ ဒေါင်လိုက်အစင်းတွေ ပေါ်နေပြီဆိုရင် အသည်း၊ ကျောက်ကပ်နဲ့ အစာခြေဖျက်တဲ့ လမ်းကြောင်းမှာ တစ်စုံတစ်ရာ မှားယွင်းနေပြီလို့ ကောက်ချက်ဆွဲနိုင်ပါတယ်။
ကဲ ကိုယ့်ရဲ့လက်သည်းလေးတွေ ပြန်ကြည့်ရအောင်နော်။မှတ်သားထားတဲ့ စာစုလေးတွေ ရှယ်လိုက်ပါတယ်နော်။
ကျန်းမာပျော်ရွှင်ပါစေ။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment