တစ်နာရီကို ကီလိုမီတာ ၂၀၀ လေတိုက်နှုန်းနဲ့ Hud Hud ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်းနဲ့အတူ မိုးသည်း ထန်မှုတွေ၊ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကမ်းရိုးတန်းနားက ကျေးရွာတစ်ရွာလုံးဟာ ရေထဲ မျောပါသွားတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
မုန်တိုင်း မဖြစ်ခင် ကြိုတင် သတိပေးမှုတွေကြောင့် လူပေါင်း တစ်သိန်းလောက် ကြိုတင် ထွက်ပြေးတိမ်းရှောင်မှုတွေလုပ်ခဲ့ကြပြီး အများစုက အရေးပေါ်အတွက် ချပေးထားတဲ့ နေရာနဲ့ စာသင်ကျောင်း တွေမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။
ဘယ်လောက် အတိုင်းအတာအထိ ပျက်စီးသွားသလဲ ဆိုတာကို သိရဖို့ ရက်အနည်းငယ် အချိန်ယူရဦးမယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပေမယ့် အဆောက်အဦးတွေနဲ့ သီးနှံပင်တွေ အများအပြား ပျက်စီးဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။
ဒီသတင်းကို အေဘီစီ သတင်းထောက် Stephanie March က နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာပါ။
![]() |
| အိန္ဒိယနိုင်ငံက တံငါးသည်တချို့ လှိုင်းလုံးကြီးကြားမှာ သွားလာစဉ် |




































No comments:
Post a Comment