'အချစ်များစွာယူ' တေးသီချင်းနဲ့ 
ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် ထွန်းရတီက  ဂီတ လမ်းကြောင်း 
ပေါ်မှာသာမက သရုပ်ဆောင် လမ်းကြောင်းပေါ်ကိုလည်း ကမ်းလှမ်းမှုများ ရှိလာခဲ့မယ်
ဆိုရင်  လုပ်သွား ချင်တယ်လို့  ယခုလိုပြောပြခဲ့ပါတယ်။
'
''ရတီ့အနေနဲ့  ဂီတကတော့   ရတီ 
အရမ်းဝါသနာပါတဲ့ အလုပ်တစ်ခုဖြစ်နေတဲ့ အတွက်  ဒီအလုပ်ကိုပဲ တစိုက်မတ်မတ် 
လုပ်ဖြစ်သွားမှာပါ။ သရုပ်ဆောင် ဘက်ကိုတော့ တစ်ခါမှ မလုပ်ခဲ့ဖူး ပေမယ့်  
အခွင့်အရေးရှိမယ်၊ ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တော့ လုပ်သွားကြည့်ချင် ပါတယ်။ 
 သရုပ်ဆောင်ဘက်ကို လုပ်ခွင့်ရမယ်ဆိုရင် ကိုရီးယားပုံစံ ဖန်စီ 
ဇာတ်ကားမျိုးလေး တွေကို  ရိုက်ကြည့်ချင်တယ်''လို့ ပြောပြခဲ့ပါတယ်။
သူမရဲ့ ဒုတိယ အခွေအတွက်  
ပြင်ဆင်နေမှုများနဲ့ ပတ်သက်ပြီး တော့လည်း ရတီရဲ့ ဒုတိယ အခွေလေးကို  
ပရိသတ်တွေလက်ထဲ အမြန်ဆုံး ရောက်အောင်လို့ ရတီ ကြိုးစားနေပါတယ်။   
သီချင်းတွေ ကတော့  ပြီးသလောက် ရှိနေပါပြီ။  ဒီသီချင်းခွေလေး ထဲမှာလည်း  ပထမ
 အခွေထဲကလို အချစ်များစွာယူ သီချင်းပုံစံမျိုးလေးတွေ ပါမယ်။ အချစ်သီချင်း 
လူငယ်ဆန်ဆန် ပုံစံလေးတွေ ပါမှာပါ။ သီချင်းခွေရဲ့ ခေါင်းစဉ်ကတော့  မပေးရ 
သေးပါဘူး။ စဉ်းစားနေတုန်းပဲ ရှိပါ သေးတယ်။ ဒုတိယ အခွေလေးကိုလည်း ပရိသတ် 
ကြိုက်နှစ်သက်ဖို့ အတွက် အကောင်းဆုံး ကြိုးစား နေပါ တယ်။
ပရိသတ် လက်ထဲကို ရတီရဲ့ သီချင်းခွေ 
အမြန်ဆုံး ရောက်အောင် ကြိုးစားနေပြီ ဖြစ်လို့ ပရိသတ်ကြီး အားလုံး 
နည်းနည်းလေး စောင့်ဆိုင်းပြီး အားပေး ဖို့လည်း ပြောချင် ပါတယ်။   ။








 
 
 
 
.jpg) 
 
 
 
      




























No comments:
Post a Comment