Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ဘဝ အတွက် မှတ်သားစရာ အချို့





၁။ လူတစ်ယောက်မှာ အရေးကြီးဆုံး အလှက စိတ်အလှ ဖြစ်ပါတယ်။ ရုပ်ရည် အားဖြင့် မလှရင်တောင် စိတ်လှ တာကြောင့် အလိုအလျောက် လူအများ ချစ်ခင် လိုလားတဲ့ အလှပိုင်ရှင် ဖြစ်လာပါတယ်။ (စိတ်အ လှဆိုတာ လောဘ ၊ ဒေါသ နည်းပါးလို့ ပညာဥာဏ်ကြွယ်ဝခြင်း ဖြစ် ပါတယ်။)

၂။ မိမိတို့ မက်တဲ့ အိပ်မက်ဟာ မိမိရဲ့ တွေးခေါ် လုပ်ဆောင်မှုနဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိပါတယ်။ စိတ်ညစ် စရာ ခဏခဏတွေးတတ်သူ၊ မကောင်းမှု အရာ ကိစ္စ ပြုလုပ်တတ်သူတို့ဟာ မကောင်းတဲ့ အိပ်မက်များ ကို မြင်မက်တတ်ပြီး၊ အပူအပန် ကင်းအောင် စိတ်ထားတတ်သူ၊ ကောင်းမှုနဲ့ မွေ့လျော်သူတို့က အိပ်မက် မမက်ပဲ နှစ်ခြိုက်စွာတောင် အိပ်ပျော်ပါတယ်။

၃။ မိမိကို အထိန်းချုပ် မခံရမယ့် အရာ ၃ ခု ရှိပါတယ်။ သူတစ်ပါး၊ ငွေ နဲ့ အတိတ် ဖြစ်ရပ်များ ဖြစ်ပြီး ယင်း အရာများ ထိန်းချုပ်မှု၊ ကွပ်ကဲမှု စွက်ဖက်မှုကို ခံနေရသရွေ့ ဘဝမှာ စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။

၎။ ပြဿနာ တစ်ခု ကြုံတွေ့ရတဲ့အခါ မိမိမှာ ရွေးချယ် စရာ နှစ်ခု ရှိပါတယ်။ အရာအားလုံးကို လစ်လျူရှု ထွက်ပြေးခြင်းနဲ့ ယင်းပြဿနာကို ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းခြင်းတို့ ဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ