သရုပ်ဆောင် မော်ဒယ်လ်မင်းသားလေး ကောင်းပြည့် နဲ့နာမည်ရပြီးသား သရုပ်ဆောင် မင်းသမီးလေး မိုးယုစံ တို့ တရုတ်တန်းမှာ ညဖက်ကြီး လက်တွဲလမ်းလျှောက်သွားတယ်ဆိုတဲ့ သတင်းတွေ ဖေ့စ်ဘွတ်ခ်ပေါ် မှာ ပလူပျံနေတာမို့ ကာယကံရှင်ဖြစ်သူ မင်းသား ကောင်းပြည့်ကို အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တဲ့အ ခါ “ ခု ကျွန်တော့်မှာ ဘာအချစ်ရေးမှ မရှိပါဘူး။ မိုးယုစံနဲ့ လမ်းလျှောက်တာကလည်း ဘာမှမဟုတ်ပါဘူး။ အဲ့ဒါကလဲ အမှန်တော့ ဆိုင်ကယ် ကြော်ငြာတွက် တရုတ်တန်းမှာ ဓာတ်ပုံရိုက်ပီး ပြန်တဲ့အချိန်မှာ မုန့်သွား စားကြတာပါ။ ပရိသတ်တွေနဲ့တောင် ဓာတ်ပုံတွေ တွဲရိုက်ခဲ့ကြပါသေးတယ်။ အမှန်တော့ လူကြားထဲ မှာ သွားထိုင်ပြီး မုန့်စားလိုက်တာက ဘ၀တစ်ခုဖြစ်သွားတယ်။ တကယ်တော့ ဘာမှမဟုတ်ပါဘူး။” လို့ သူက ပြောပါတယ်။
နာမည်သုံးလုံး မော်ဒယ်အဆိုတော်နဲ့ နာမည်တွေ ထွက်ခဲ့တဲ့ ကောင်းပြည့်က သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက် ပြီးတော့လည်း “အချစ်သစ်ကမရှာချင်တော့ဘူး။ တွေ့ဖို့လဲ တော်တော်လေးလိုဦးမယ်။ မတွေ့လဲ မတွေ့ဘူး။ တွေ့ဖို့လဲ မဖြစ်နိုင်သေးဘူး။ တော်တော်လေးတော့ လိုဦးမယ်။ ကိုယ့်ကို တကယ်ချစ်၊ တကယ်မြတ်နိုးတဲ့ သူတစ်ယောက်ရဖို့အတွက် တော်တော်လေးကို ခက်ခဲပါတယ်။ အချစ်နဲ့ပတ်သတ်ပြီး ပျော်ရွှင်နေရတဲ့ချိန်၊ အဆင်ပြေနေတဲ့ချိန်ဆို အလုပ်နဲ့ပတ်သတ်ပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိတယ်။ သူနဲ့အဆင်မပြေဘူး။ ရန်ဖြစ်နေကြတယ်ဆိုရင် တော့ ဘာပဲလုပ်လုပ် အဆင်မပြေတော့သလို ခံစားနေရပါတယ်။
ဒါ့အပြင်သူက “နောက်ချစ်သူဆိုတာဖြစ်လာရင် နားလည်မှုကလဲ လိုအပ်တယ်။ ကျွန်တော်လုပ်တဲ့ အလုပ်ကို သူသိမှာပဲ။ သိသိကြီးနဲ့လက်ခံပေးခဲ့ပြီးမှ ဒီအလုပ်နဲ့ ပတ်သတ်ပြီး ယုံကြည်မှု ကင်းမဲ့တဲ့ စွပ်စွဲမှုတွေ ကျွန်တာ် မလိုချင်ပါဘူး။ လုပ်လို့ပြောခံရတာ အကြောင်းမဟုတ်ဘူး။ မလုပ်ပဲနဲ့ အလုပ်လုပ်နေတာကို စွတ်စွဲတာတို့အ ပြစ်ပြောတာတို့ဆိုရင်တော့ အဆင်မပြေဘူးပေါ့”တဲ့။
လတ်တလောမှာ ကောင်းပြည့်ဟာ ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဇာတ်ကားလေးမှာ မိုးဟေကို ၊ အောင်မင်းခန့်တို့နဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပြီး နောက်လထဲမှာ နယ်ဖက်ကို သီချင်းသွားဆို ဖို့ရှိတယ်လို့ပြောပြခဲ့ပါတယ်။
No comments:
Post a Comment