
ဟယ်ရီပေါ်တာကြယ်ပွင့် ဒင်နီရယ်ရက်ကလစ်ဖ်ဟာ နောက်ဆုံးရိုက်ကူးထားတဲ့ ဟယ်ရီပေါ်တာဇာတ်ကားနဲ့ သုံးနှစ်ကျော်ဝေးခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေအမြင်မှာတော့ မှော်ဆရာလေးလို့ပဲခံစားနေရတုန်းပါပဲ။ မှော်ဆရာခေါင်းဆောင်းထားတဲ့ ဒင်နီရယ်လို့တောင် ပြောစမှတ်ပြုနေကြပါပြီ။ အသက် ၂၄ နှစ်အရွယ်ရှိ ဒင်နီရယ်ရက်ကလစ်ဖ်ဟာ ဇူလိုင် ၁၃ ရက်က နယူးယောက်မြို့တော် ဘရော့ဒ်ဝေးရှိုးကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီမှာ ဒင်နီရယ်က ပရိသတ်တွေကို လက်မှတ်ရေးထိုးပေးခဲ့တဲ့အပြင် ပရိသတ်တွေအကြိုက် သူတို့နဲ့အတူ Selfie ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ Selfie ဓာတ်ပုံရိုက်ကူးတာဟာ အတူတွဲဖက်ရိုက်ကူးသူ နှစ်ယောက်အကြားက ရင်းနှီးမှုကိုပြသတဲ့သဘောဆောင်ပါတယ်။ ကိုယ်တွဲဖက်ရိုက်ကူးလိုတဲ့ အနုပညာရှင်နဲ့လည်း နီးနီးကပ်ကပ် ရှိနေနိုင်ပါတယ်။
ဒင်နီရယ်ဟာ သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ အနီးကပ်ရှိနေရတာကို ပျော်မွေ့နေပုံရပါတယ်။ သူ့ကိုကြည့်ရတာ ပရိသတ်တွေကြားမှာ ပြုံးလို့ရွှင်လို့ပါပဲ။ နေဗီပြာရောင် ပိုလိုရှပ်အင်္ကျီကိုဝတ်ဆင်ထားတဲ့ ဒင်နီရယ်ဟာ ယောကျာ်းပီသစွာ လှပခံ့ညားလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဇူလိုင် ၈ ရက်) က A Young Doctor's Notebook And Other Stories ဆိုတဲ့ဇာတ်ကားကို ရုပ်သံဝေဖန်ရေးသမားများအသင်း(TAC) ပွဲမှာလာရောက် မိတ်ဆက်ပြသခဲ့ပါတယ်။
အဲဒီဇာတ်ကား မိတ်ဆက်ပွဲအတွင်းမှာ ထပ်မံရိုက်ကူးဖို့စီစဉ်ထားတဲ့ ဟယ်ရီပေါ်တာနောက်ဆက်တွဲဝတ္ထုအကြောင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျေကေရိုးလင်း နောက်ဆုံးရေးသားထုတ်လုပ်တဲ့ ဟယ်ရီပေါ်တာ နောက်ဆက်တွဲဝတ္ထုသာ ရိုက်ကူးဖြစ်မယ်ဆိုရင် ဇာတ်ကောင်ထက် မိမိအသက်က ငယ်နေတဲ့အတွက် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ရင်ဖွင့်ပြောကြားသွားပါတယ်။
View Website
No comments:
Post a Comment