Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

တိုးမြင့်လာသည့် ရန်ကုန်လူဦးရေအတွက် ပို့ဆောင်ရေးစနစ် တိုင်းအစိုးရ အဆင်သင့်မဖြစ်

တိုးမြှင့်လာသည့် လူဦးရေသယ်ယူ ပို့ဆောင်ရေးအတွက်သုံးစွဲမည့် ဘတ်ဂျက်နှင့် အစီအမံများ တိုင်းအစိုးရ တွင် ရှိမနေသေးဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင် ဘာလ ၁၁ ရက် တွင် မဇ္ဈိမကို ပြောသည်။


“လက်ရှိရန်ကုန်သယ်ယူပို့ဆောင်ရေးအရင်သယ်ယူပို့ဆောင်ရေးဆိုင်ရာဥပဒေနဲ့လုပ်နေပေမယ့်အခုတိုင်း
လွှတ်တော်တင်ထားတဲ့ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး ဥပဒေ အသစ်ထွက်လာရင်တော့ အဲဥပဒေနဲ့ အကောင်အ ထည်ဖော်ရမယ်။ အခုတော့ အကောင်အထည်ဖော်တဲ့ အစီအစဉ်တွေ မရှိသေး ဘူး”ဟု ၎င်းက ပြော သည်။

အဆိုပါဥပဒေကြမ်းတို့တွင်သဘော ကွဲလွဲမှုအချက် ၁၄၁ ချက် ရှိနေ၍ ရန်ကုန်တိုင်း လွှတ်တော်က ပယ်ချ မည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အမတ် ဦးနေမျိုးအောင် က မဇ္ဈိမကို ပြောဆိုသော်လည်း ဦးအောင်ခင်ကမူ ဆက်လက် ညှိနှိုင်းသွားမည်ဟု ဆိုသည်။

ရန်ကုန်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကအများပြည်သူအဓိကသုံးစွဲနေသည့် မော်တော်ယာဉ်စနစ်ကို
မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (မထသ)က စီစဉ်နေသည်ဟု ပြောသည်။

သို့သော် မထသဥက္ကဋ္ဌ ဦးလှအောင်ကမူ ရန်ကုန်မြို့ အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ်အတွက် တစ်ဖွဲ့ တည်းနှင့် လုပ်၍မရဟု မဇိ္ဈမကို ပြောသည်။

“ရန်ကုန် သယ်ယူပို့ဆောင်ရေးက ပိုခေတ်မီပြီး စနစ်တကျဖော်ဆောင်ဖို့လို လာပြီ”ဟု ၎င်းက ပြောသည်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူဦးရေ ခုနစ် သန်းကျော်ရှိသည့် ရန်ကုန်မြို့ အတွင်းနေ့စဉ် လူဦးရေ ၂ ဒသမ ၂ သန်းကိုသာ ယာဉ်လိုင်းပေါင်း ၃၆၄ လိုင်း၊ ယာဉ်စီးရေ ၆,၃၀၀ ကျော်ဖြင့် ၀န်ဆောင်ပေးနေ သည်ဟု မထသ၏ ခန့်မှန်းစာရင်းများက ဆိုသည်။

ရန်ကုန်မြို့ပြ အဆင့်မြင့် သယ်ယူပို့ ဆောင်ရေး အတွက် တိုင်းအစိုးရနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေ သည့် စီမံကိန်းကို နှစ်တို (၂၀၁၈)၊ နှစ်လယ်(၂၀၂၅) နှင့် နှစ် ရှည် (၂၀၃၅) စသဖြင့် စီစဉ်နေသော်လည်း ဆွေးနွေးဆဲအဆင့်၌သာရှိသည်ဟု ၀န်ကြီးဦးအောင်ခင်က
ပြောသည်။

“ရန်ကုန် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့် ဖို့ကတော့ မလွယ်သေးဘူး”ဟု တာမွေမဲ ဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးအေး သိန်းကသုံး သပ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ