Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

လင်မယား စကားများရန်ဖြစ်တာတွေ ရှိပေမယ့် နားလည်မှုရှိရှိနဲ့ပဲ နှစ်ဦးသားဖြတ်သန်းသွားမယ်လို့ ဆိုလာတဲ့ ၀ိုင်းစုခိုင်သိန်း




အာဘွားဗီစီဒီအတွက် အချိန်ပေးရင်း ရိုက်ကူးမှုတွေ ပြုလုပ်နေတဲ့ ၀ိုင်းစုခိုင်သိန်းဟာ အတွဲခွေတစ်ခွေအ တွက် လည်း ဒီလထဲမှာအသံသွင်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားခရီးစဉ်တွေ အနေနဲ့တော့ အမေရိကားကို သွားဖို့ရှိတဲ့အပြင် နောက်နှစ်ဆန်းပိုင်းမှာ ဂျပန်သွားဖို့ရှိပါသတဲ့။

အိမ်ထောင်ကျပြီး ပြောင်းလဲမှုအနေနဲ့ ဘာမှမရှိပါဘူးလို့ ဆိုလာတဲ့ သူမက “အိမ်ထောင်ကျပြီး ထူးထူးခြား
ခြား ပြောင်းလဲတာမျိုး ဘာမှမရှိသေးဘူး။ အရင်ကတည်းကလဲ ကိုဥက္ကာနဲ့က သူ့အလုပ်လဲ တိုင်ပင် ကိုယ့် အလုပ်လဲ တိုင်ပင်ဆိုတော့ ဒီလိုမျိုး တိုင်တိုင်ပင်ပင်နဲ့ပဲ သွားတာ များပါတယ်။ အိမ်ထောင်ကျသွားပြီဆိုပြီး အိမ်ထောင်ရှင်မကြီးလိုလဲ နေစရာမလိုဘူးလေ။ သူကလဲ အဲ့လိုမနေခိုင်းဘူးဆိုတော့ ၀ိုင်းစုလဲ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ သူလဲ သူ့အလုပ်သူ လုပ်တယ်။ ဒါပါပဲ။

ဝိုင်းစုတို့အနေနဲ့ အဓိကကတော့ နားလည်မှုပြန်ယူရတာပေါ့နော်။ တခါတလေ စကားများ ရန်ဖြစ်တာ ကတော့ ရှိတာပေါ့။ ရှိတယ်ဆိုပေမဲ့ အသေးအဖွဲ့ပေါ့။ လင်ရယ် မယားရယ်ဖြစ်လာမှတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးရမှာပေါ့နော်။ သူဖက်ကလဲ နားလည်ပေး၊ ကိုယ့်ဖက်ကလဲ နားလည်ပေးပေါ့။ သူ့ကိုတစ်ခုခုဆို တိုင်ပင်တယ်။ သူ့အလုပ်ဆိုလဲ ၀ိုင်းစုနဲ့တိုင်ပင်တယ်။

တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်တယ်။ ဖေးမတယ်။ ဒီလောက်ပါပဲ။ ၀ိုင်းစုလိုချင်တဲ့ ဘ၀ဖြတ်သန်းမှု ကတော့ ၀ိုင်းစုချစ်တဲ့ အနုပညာအလုပ်တွေကိုလဲ လုပ်မယ်။ ကိုယ့်မိသားစုနဲ့လဲ သာသာယာယာလေးနေ မယ်။ ကိုယ့်ကို ပရိသတ်အားပေးသရွေ့ဆက်လုပ်သွားမယ်။ နောက်ပိုင်းကျမှ ကလေးယူတာ ဘာညာ ကတော့ ဆက်လုပ်ရမှာပေါ့။” လို့ ပြောပါတယ်။

သားသမီးယူဖို့နဲ့ပတ်သတ်ပြီးတော့လဲ နောက်တစ်နှစ်ခွဲ နှစ်နှစ်လောက်တော့လိုဦးမယ်လို့ ဆိုတဲ့ သူမက “ဘာလို့လဲဆိုတော့ အာဘွားအခွေ ဗီစီဒီထွက်ရင် ပရိုမိုးရှင်းတွေ ထွက်ရမယ်။ နောက်ဝိုင်းစု ရန်ကုန်နဲ့ မန္တလေး မှာ One Lady Show လုပ်မယ်။ တစ်လပိုင်းနဲ့နှစ်လပိုင်းမှာ လုပ်ဖို့အတွက် ပြင်ဆင်စရာတွေ ရှိသေးတော့ အဲ့ဒါတွေအားလုံးပြီးသွားတော့မှပဲ ကလေးယူဖို့စဉ်းစားထားပါတယ်”တဲ့။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ