Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

အကြမ်းဖက်မီးရှို့မှု ပါဝင်ခဲ့သူ တစ်သက်တစ်ကျွန်း စီရင်ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေနဲ့ ဆက်နွယ်ပြီး ဆင်ခေါင်းရွာသား ကိုဇော်ဇော်ထွန်းကို သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ပြီး ဆင်ခေါင်း၊ သပြုချိုင်နဲ့ ညောင်ခြေထောက်ကျေးရွာက ဒေသခံ ၉ ဦးကို ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်လိုက်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် အထက်တရားရုံးအဆင့်ဆင့်ကို အယူခံဝင်သွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေဒေါ်နွဲ့နွဲ့ငြိမ်းက ပြောပါတယ်။

သံတွဲမြို့နယ် သပြုချိုင်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁ ရက်နေ့က အိမ်ခြေ ၅၁ လုံး မီးရှို့ခံခဲ့ရကာ လူ ၅ ဦး သေဆုံးခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး သပြုချိုင်၊ ဆင်ခေါင်း၊ ညောင်ခြေထောက်ကျေးရွာတွေက ဒေသခံ ၂၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အဲဒီအထဲက ၁၃ ဦးကို အထောက်အထား မခိုင်လုံတဲ့အတွက် စွဲချက်မတင်မီ ပြီးခဲ့တဲ့လပိုင်းက တရားရှင်လွှတ်ပေးခဲ့ပြီး ကျန် ၁၀ ဦးကို အခု နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာလို့ သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန် အောက်တိုဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် လူ ၇ ဦး သေဆုံးပြီး အိမ်ထောင်စုပေါင်း ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ