Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

လားရှိုးမြို့၌ မှိုနှစ်မျိုးစားမိ၍ နှစ်ဦးသေဆုံး၊ တစ်ဦးဆေးရုံတက် ကုသမှုခံယူ

လားရှိုး စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး မြို့ ရပ်ကွက်(၁) နယ်မြေ(၉) နမ့်ခေါ် ရွာတွင် ဖခင်ဖြစ်သူက အလုပ်သွား ပြီးအပြန် သားနှင့်သမီး စားသောက်ရန် ယခင်နေ့စဉ် စားသောက်နေကျ မှိုနှင့်နောက်ထပ်မှို တစ်မျိုးနုတ်ယူလာပြီး ချက်စားရာမှ သားနှင့်သမီး သေဆုံးကာ ဖခင်ဖြစ်သူ အဆိပ်သင့်ပြီး လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ အတွင်း လူနာအဖြစ် တင်ပို့ ကုသရသော ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၅ ရက် က ဖြစ်ပွားခဲ့သည်။

လားရှိုးပြည်သူ့ဆေးရုံသို့ တင်ပို့ထားသော ဖခင်ဦးဂျိုးဇက်(၆၅)နှစ်အား သွားရောက်တွေ့ဆုံမေးမြန်း ရာတွင် ''မှိုနှစ်မျိုးကို ရောချက်စားကြ တယ်။ ညအိပ်ရာဝင်အိပ်နေကြချိန်မှာ အငယ်ဆုံးသမီးဖြစ်သူ ရို့မေရီ (၅)နှစ်က လူးလှိမ့်ပြီး မခံမရပ်နိုင်အောင် အော်ဟစ်ညည်းညူနေတယ်။ နောက် ည ၁၂ နာရီလောက်မှာ သေဆုံးသွားခဲ့တယ်။ ဒါနဲ့ စိတ်ပူပြီး အော်ဟစ်အကူ အညီတောင်းဖို့လုပ်တော့ အော်မရ၊ လှုပ်မရဘဲ ကယောင်ချောက်ချား ဖြစ် ပြီး ကျွန်တော်ပါအဆိပ်မိနေတာကို သတိပြုမိလာတယ်။ မနက် ၄ နာရီ ခန့်လောက်မှာ သားကြီးဖြစ်သူ မောင်အာပေလှ (၈)နှစ်ကလည်း သမီးငယ်ဖြစ်သလို ခံစားခဲ့ရပြီး သေဆုံးသွားခဲ့တယ်။ အိမ်ခြေကျဲတော့ တစ်အိမ်နဲ့တစ်အိမ် အဝင်အထွက်က မရှိဘူး။ ဒီလိုနဲ့ တစ်ညလုံး တစ်နေ့လုံး နေပြီး စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်လောက်မှာ အမျိုးတော်စပ်သူ မမေနော်က ဟင်းလာပို့ရင်း တွေ့သွားလို့ လူကြီးတွေ ပြောပြတယ်နဲ့ တူတယ်။ ရပ်ကွက်က လူတွေ ရောက်လာပြီး ကျွန်တော့်ကို ဆေးရုံပို့ ပေးကြတာပါ''ဟု နယ်မြေမှူး ဦးဇော်လွင်ကို ပြောပြခဲ့ကြောင်း သိရသည်။

နယ်မြေရဲကင်းမှူး ဒု-ရဲအုပ်ဝင်းနိုင် က အိမ်ရှင်ဖြစ်သူ ဦးဂျိုးဇက်မှာ လားရှိုးမြို့ဆေးရုံကြီး ဖျားနာဆောင်၌ အခြေအနေကောင်းမွန်သက်သာလာ ပြီဖြစ်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက် ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောပြသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ