Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

မြောက်ဥက္ကာပမြို့တွင် ဓာတ်ကြိုးပြုတ်ကျပြီး မိသားစု ၃ ဦး ဓာတ်လိုက်

မြောက်ဥက္ကလာပမြို့နယ် သံသုမာ ၅ လမ်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၇ နာရီကျော်လောက်က ဓာတ်ကြိုးပြုတ်ကျပြီး မိသားစု ၃ ယောက် ဓာတ်လိုက်လို့ ဆေးရုံတင်ပို့လိုက်ရပါတယ်။

ဓာတ်ကြိုးဟာ ကလေးငယ်ပေါ် အရင် ပြုတ်ကျတာ ဖြစ်ပြီး မိဘ ၂ ပါးက ကလေးကို လှမ်းဆွဲရာမှာ ၃ ယောက်စလုံး ဓာတ်လိုက်ခဲ့တာပါ။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့ ၃ ယောက်စလုံး ကျန်းမာရေးကောင်မွန်လို့ ဆေးရုံကနေ ဆင်းခွင့် ပြုလိုက်ပါတယ်။

ဒီလို ဓာတ်ကြိုး ပြုတ်ကျတာဟာ လျှပ်စစ်မီးကြိုးတွေကို စတီးကြိုးနဲ့ ချိတ်ပြီး သွယ်တန်းရယူတာတွေ ရပ်ကွက်တွေမှာ ပြုလုပ်နေ တာကြောင့်လို့ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးဝဏ္ဏကျော်က ပြောပါတယ်။

နောက်ထပ် ဒီလိုမျိုး မဖြစ်အောင် ရပ်ကွက်တွေမှာလည်း လျှပ်စစ် ပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခု လျှပ်စစ်ဓာတ်ကြိုး ပြုတ်ကျအောင် စတီးကြိုးနဲ့ သွယ်တန်းသူကိုလည်း လျှပ်စစ်ပုဒ်မနဲ့ ရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ် ဇန်န၀ါရီလကနေ စက်တင်ဘာလအထိ ဓာတ်လိုက်သေဆုံးမှု အမှုပေါင်း ၁၂၀ လောက် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ