နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီဟာ အောက်တိုဘာ လကုန် ဒါမှမဟုတ်
နိုဝင်ဘာလဆန်းတာနဲ့ သူ့ရဲ့ ဆင်းကတ်တွေကို ရန်ကုန်မှ စပြီး
ရောင်းချတော့မယ်လို့ တယ်လီနော မြန်မာ အမှုဆောင် အရာရှိချုပ် Mr.Petter
Furberg က ပြောပါတယ်။
မြို့နယ်ပေါင်း ၄၄ မြို့နယ်က ဆိုင်ပေါင်း ၆၀၀၀ ကျော်ကနေ တဆင့် ရောင်းပေး
မှာဖြစ်ပြီး ဆင်းကတ် အရေအတွက် ၁ သန်းလောက် ပြင် ဆင်ထားတယ်လို့ ဆိုပါတယ်။
တယ်လီနော အနေနဲ့ မန္တလေးမှာ ဆင်းကတ်ရောင်းချပြီး ရန်ကုန်မှာ ရောင်းချဖို့
နောက်ကျနေရခြင်းဟာ နက်ဝေါ့ကောင်းအောင် လုပ်နေရလို့ ဖြစ်တယ်လို့ သူက
ဆိုပါတယ်။
အမှန်တကယ် ရန်ကုန်မှာ တာဝါတိုင် ၈၀၀ လောက် လိုပေမယ့် လက်ရှိ ၃၀၅ တိုင်ပဲ စိုက်ထူပြီးသေးတယ်လို့ အမှုဆောင်အရာရှိချုပ်က ရှင်းပြပါတယ်။
 |
| တယ်လီနောဆင်းကတ် မန္တလေးမြို့တွင် ရောင်းချပေးနေစဉ် |
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment