Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

ဆီးရီးယားဒုက္ခသည်အရေးအတွက် စီစဉ်

ဆီးရီးယားနိုင်ငံက ထွက်ပြေးလာကြတဲ့ ဆီးရီးယားဒုက္ခသည်တွေအရေး လေ့လာနိုင်ဖို့အတွက် ကျနော်ဟာ လီဘာနွန်နိုင်ငံနဲ့ တူရကီနိုင်ငံတွေကို သုံးရက်ကြာခရီး ထွက်ခွာလာခဲ့ပါတယ်။ Syrian refugees inTurkeyကျနော်တွေ့ခဲ့ရတာတွေက အင်မတန် အရုပ်ဆိုးအကျည်းတန်ပြီး အော့နှလုံးနာစရာ မြင်ကွင်းတွေကိုပါပဲ။ ယာယီခိုလှုံနေကြတဲ့ ဆီးရီးယားဒုက္ခသည်အရေးတွေကို လေ့လာနိုင်ဖို့ သုံးရက်ကြာခရီး ထွက်ခွာခဲ့တဲ့ကာလ အတွင်းမှာ လူဦးရေ ၁ သိန်းလောက်ဟာ အသက်ဆုံးရှုံးခဲ့ကြရပြီး ကိုးသန်းလောက်ဟာ အဓမ္မနေရာရွှေ့ပြောင်းခံခဲ့ရတာ၊ ကလေးသူငယ်စုစုပေါင်း ၂ သန်းလောက်ဟာ စာသင်ကျောင်းတွေကနေ နုတ်ထွက်ခဲ့ရတာတွေ၊ အရိုးပျော့ရောဂါခံစားနေရတာတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေးခိုလှုံ လာကြရတာတွေကြောင့် ဒုက္ခသည်လှိုင်းလုံးကြီးပမာ ဖြစ်နေတာတွေကို ကျနော်မြင်တွေ့ခဲ့ရပါတယ်။

လင်ယောက်ျားတွေ၊ ဇနီးမယားတွေ အသက်သေဆုံးသွားလို့ ငိုကြွေးနေကြတဲ့ ဇနီးမယားတွေ၊ လင်ယောက်ျားတွေ၊ ညီအစ်ကိုနောင်နှမတွေ၊ ကလေးသူငယ်တွေကို ကျနော်ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။
သူတို့ရဲ့ အိမ်တွေရော၊ ဘ၀တွေရော အားလုံးဟာ ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ ဒေသတွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ (အီရန်မှာရှိတဲ့ ဘေရွတ်သံရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့မှုတွေ) ကြောင့် တစဆီပျက်ဆီးသွားသလို ပြဿနာတွေက အများကြီးဖြစ်နေခဲ့တာပါ။
လက်ရှိနိုင်ငံကို အုပ်ချုပ်နေတဲ့ “အာဆတ်” အစိုးရကို ဆန့်ကျင်နေကြတဲ့ အဖွဲ့တွေရှိနေသလို “ဂျီဟတ်” လို့ခေါ်တဲ့ အစ္စလာမ်ဘာသာရေး စစ်ပွဲတွေ ဖြစ်စေချင်သူတွေလည်း ရှိနေကြတာပါ။
ဆီးရီးယားနိုင်ငံအရေး ကျွမ်းကျင်သူတွေကတော့ အခုနောက်ဆုံးအနေနဲ့ ပြဿနာတွေကို ညှိနှိုင်းအဖြေရှာဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို အခုလပိုင်းတွေအတွင်း မလုပ်နိုင်သေးပဲ ဖြစ်နေပါတယ်။ အခုအတိုင်း အမြန်ဆုံးဆွေးနွေးပြီး အဖြေရှာမယ်လို့ ပြောဆိုနေခဲ့တာက နှစ်တွေ၊ ဆယ်စုနှစ်တွေနဲ့ ချီနေခဲ့ပါပြီ။
နိုင်ငံတကာကြက်ခြေနီအဖွဲ့လို နိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့တွေက ဒေသအတွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ အမြန်ဆုံးပြေလည်စေရေးအတွက် ကြိုးစားနေကြပေမယ့် ဒေသတွင်းရှိ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကိုတော့ အကာအကွယ် မပးနိုင်ခဲ့ပါဘူး။
အထူးသဖြင့် လက်ဖြောင့်သေနတ်သမားတွေရဲ့ရန်၊ မိဆိုင်းဒုံးကျည်တွေရဲ့ ရန်တွေကို အကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက် အစာရေစာ ငတ်မွတ်မှုတွေနဲ့ အမိုး အကာအိမ်တွေ မရှိတာတွေကြောင့် ဒေသတွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ ပြီးဆုံးဖို့ဆိုတာ အချိန်ကာလ လိုနေပါသေးတယ်။ ပဋိပက္ခဖြစ်နေတဲ့ ကာယကံ ရှင်တွေ နှစ်ဖက်လုံး ပဋိပက္ခ ရပ်စဲစေချင်စိတ်ရှိဖို့က အရေးတကြီးလိုအပ်နေပါတယ်။ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အရင်တုန်းက ရှိခဲ့တဲ့ ရန်ညှိုးရန်စတွေကို အမြန်ဆုံးပြေလည်စေရေးဟာ သိပ်ကို အရေးကြီးနေပြီဖြစ်ပါတယ်။ နောက်ပြီး ဓာတုလက်နက်တွေ အသုံးမပြုကြဖို့ လိုအပ်နေတာပါ။
အဲဒီဒေသရဲ့ လူဦးရေ ၂.၅ သန်းဟာ အစားအစာ၊ သောက်သုံးရေနဲ့ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောဆိုနေပါတယ်။ ခန့်မှန်းခြေ လူဦးရေ ၂ သိန်းခွဲလောက်ဟာ အကူအညီတွေ၊ နိုင်ငံတကာ အကူအညီတွေ ဖြတ်တောက်ခံထားခံရတဲ့အတွက် အကူအညီတွေ အမြန်ဆုံးလိုအပ်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးကပဲ ဖြည့်စွက်ပြောဆိုခဲ့တာပါ။
ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ အရေးပေါ်အကူအညီတွေပေးကြဖို့ ဆော်သြနေပါတယ်။ လီဘာနွန်နိုင်ငံကတော့ ဆီးရီးယားဒုက္ခသည် တသန်းနီးပါးလောက်ကို နေရာထိုင်ခင်းတွေပေးဖို့ စီစဉ်နေပါတယ်။ တူရကီနိုင်ငံကလည်း ဒုက္ခသည် ၂၀၀,၀၀၀ လောက်ကို သူတို့ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ နေရာထိုင်ခင်းတွေ စီစဉ်ပေးထားပေမယ့် အဲဒီအရေအတွက်ထက် နှစ်ဆလောက်ပိုများတဲ့ လူဦးရေတွေဟာ မြို့တွေပေါ်မှာ သူတို့ဟာ သူတို့ ရုန်းကန်ရပ်တည်နေကြတယ်လို့ သိရပါတယ်။ နိုင်ငံတကာကပေးတဲ့ အကူအညီအထောက်ပံ့တွေနဲ့ပဲ ရပ်တည်နေကြရတာပါ။ ဒါပေမယ့် လိုအပ်တာနဲ့ နှိုင်းစာရင် နည်းနေပါသေးတယ်။ လိုအပ်တာထက် ၆၀ ရာခိုင်နှုန်းလောက်ပဲ လက်ခံရရှိနေတာပါ။ နယ်စပ်တွေကိုဖြတ်ပြီး ကူညီနိုင်တဲ့ အေဂျင်စီတချို့ရဲ့ အကူအညီတွေဟာ တိုက်ပွဲဒေသတွေကို ဖြတ်ကျော်ရတဲ့အတွက် အထောက်အပံ့တချို့ ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ ကြရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကိုဖြတ်ပြီး ပစ္စည်းတွေကို သူတို့ မသယ်ဆောင်နိုင်ခဲ့ကြပါဘူး။
နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းကတော့ ဆီးရီးယားနိုင်ငံမှာ ယာယီအပစ်အခတ် ရပ်ဆိုင်းနေခိုက်မှာ အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေကို အမြန်ဆုံးပံ့ပိုးသွားကြဖို့ တိုက်တွန်းပြောကြားနေပါတယ်။ ဆီးရီးယားက ကလေးတော်တော်များများဟာ အရိုးပျော့ရောဂါကို ခံစားနေကြရတာ ဖြစ်ပါတယ်။ ဂျီနီဗာမှာကျင်းပပြုလုပ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာက အကူအညီတွေပေးနေရုံနဲ့ မလုံလောက်ပါဘူး။ အဲဒါကြောင့် ဆီးရီးယားနိုင်ငံ တည်ငြိမ်အေးချမ်းရေးက အရေးကြီးတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ခံ ဗယ်လာရီ အေမို့က ပြောဆိုခဲ့တာပါ။
ဒါပေမယ့် ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခဟာ နှစ်တွေအများကြီး ကြိုးစားကြရဦးမှာလို့ အကူအညီတွေပေးနေတဲ့ အေဂျင်စီတွေက ယူဆနေကြပါတယ်။ အဲလို ဒုက္ခသည်တွေကို ပံ့ပိုးပေးမှုတွေထဲမှာ ကမ္ဘာ့ဘဏ်က ဂျော်ဒန်နိုင်ငံနဲ့ လီဘာနွန်နိုင်ငံတွေမှာ ဆောင်ရွက်ပေးခဲ့သလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ကူညီပံ့ပိုးမှုတွေလည်း ရှိနေရမှာဖြစ်ပါတယ်။
အဲလိုမျိုးလုပ်ကိုင်နိုင်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ နည်းတွေကို အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာပြရရင် IRC လို့ ခေါ်တဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီက အခုအောက်မှာ ဖော်ပြထားတဲ့ နယ်ပယ် (၃) ခု ခွဲပြီး လုပ်ကိုင်ရမှာပါ။
ပညာရေး စနစ်သစ်
နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်တွေအတွက် ဘယ်လိုပညာရေးစနစ်မျိုး လက်ခံကျင့်သုံး နေသလဲဆိုတာကို ဥပမာထားပြီး ဆီးရီးယားနိုင်ငံအတွက် လိုက်ဖက်ညီမယ့် ပညာရေးပုံစံမျိုးကို ဖန်တီးအသုံးပြုရပါမယ်။ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေမှာထက် မြို့ပြတွေမှာ နေထိုင်ကြတာက ပိုများပါတယ်။ အဲဒါကြောင့် ဒုက္ခသည်စခန်းပညာရေး ပုံစံကို လေ့လာဖို့ အခွင့်အရေးက တကယ့်ကို နည်းနည်းလေးပဲရှိတာပါ။ အများအားဖြင့်ကတော့ စနစ်တကျမဟုတ်တဲ့ ပညာရေးစနစ်ပုံစံတွေကို ဒုက္ခသည်တွေအတွက် ဆရာတွေကို ဒေသဆိုင်ရာတွေကပဲ လိုအပ်တဲ့ အကူအညီတွေနဲ့ ပံ့ပိုးမှုတွေပေးနေကြတာ ဖြစ်ပါတယ်။ ဥပမာပြရရင် အဲဒီလို ပညာရေး စနစ်ပုံစံကို ကွန်ဂိုနိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ အဲဒီ့ပညာရေးစနစ်မျိုးတွေကသာ ဒုက္ခသည်တွေ အမှန်တကယ် လိုအပ်နေတဲ့ ပညာရေးမျိုးကို ပံ့ပိုးပေးနိုင်မှာပါ။
နည်းပညာကို ဖန်တီးရယူခြင်း
ဆီးရီးယားလူမျိုးအများစုဟာ ပညာတတ်တွေဖြစ်ကြပြီး စက်မှုအတတ်ပညာနဲ့လည်း အလှမ်းမဝေးလှပါဘူး။ အဲဒါကြောင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ အကျိုးအမြတ်ကို အဓိကမထားတဲ့ Internews လို အဖွဲ့အစည်းတွေက လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် “တာဝါဆူး” လို့ ခေါ်တဲ့ (ဆက်သွယ်မှု) ဆိုတဲ့ အခြေခံလူမှု ဆက်သွယ်ရေးစနစ်ကို ဦးစွာပထမဆုံး ဖန်တီးကျင့်သုံးခဲ့ပါတယ်။ အဲဒီလို ကျင့်သုံးခဲ့တဲ့အတွက် ဒုက္ခသည်ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ သတင်းအချက်အလက်တွေနဲ့ အကြံဥာဏ်တွေကို တခြားနိုင်ငံတွေနဲ့ ဖလှယ်နိုင်သလို အကျိုးအမြတ်လည်း ရရှိလာနိုင်မှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း
ဆီးရီးယားဒုက္ခသည်တွေဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ရင်းနီးကျွမ်းဝင်ရှိကြပါတယ်။ အဲဒါကြောင့် ဆီးရီးယားပြည်သူပြည်သားတွေကို ကုန်သွယ်ရေးလုပ်ငန်းတွေ ဖန်တီးပေးမယ်ဆိုရင် အထောက်အပံ့ပေးသလိုနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် ဖန်တီးပေးသလိုလည်း ဖြစ်စေမှာပါ။ ဒါကြောင့် IRC လို့ ခေါ်တဲ့ နိုင်ငံတကာဒုက္ခသည်ကော်မတီက “အလုပ်အတွက် ပိုက်ဆံ” ဆိုတဲ့ ပရိုဂရမ်တခုကို ဖန်တီးပေးပြီး (သူတို့ကိုယ်တိုင် လုပ်ကိုင်တဲ့) စီးပွားရေးလုပ်ငန်းမျိုးတွေ ဖန်တီးပေးနိုင်ဖို့ စီစဉ်နေပါတယ်။
ဆီးရီးယားနိုင်ငံမှာဖြစ်တဲ့ ဆိုးရွားလှတဲ့ ပဋိပက္ခတွေကို သင်ခန်းစာယူပြီး ဖြစ်နေတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျနော်တို့ဟာ နောက်တဆင့်အနေနဲ့ လူတွေအများကြီးရဲ့ အသက်တွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေကို ရှာကြံကြရမှာပါ။ ဒါပေမယ့် သူတို့ရဲ့အသက်တွေ ရေရှည် ရပ်တည်နိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို ကြိမ်ဖန်များစွာ ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ဒေသထဲကို ဆေးဝါးအကူအညီ တွေ၊ သောက်ရေသန့်တွေ ရရှိစေရေးနဲ့ ရေဆိုးရေညစ်တွေ မဖြစ်စေရေးတွေ ဖန်တီးနိုင်မယ်ဆိုရင် ဆိုးရွားလှတဲ့ ဆောင်းရာသီမှာ အသက်အိုးအိမ်တွေ မဆုံးရှုံးစေရေးအတွက် လုပ်ကိုင်နိုင်မှာပါ။ ဒါပေမယ့် ပညာရေးစနစ်ကောင်းမွန်ဖို့နဲ့ သူတို့ရဲ့ ဘ၀တွေ လှပစေရေးဖို့အတွက် ကျနော်တို့ ဦးစွာကြိုးစားကြရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။
(၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် ကိုရီးယားဟာရယ်သတင်းစာမှာ ဒေးဗစ် မီလီဘန်း ရေးသားထားတဲ့ “A plan for Syria’s refugees” ဆာင်းပါးကို မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။)
(ဆောင်းပါးရေးသားသူ ဒေးဗစ် မီလီဘန်းဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးတာဝန်ကိုထမ်းဆောင်ခဲ့ပြီး အခုလက်ရှိမှာတော့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ