Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

အစိုးရတပ်နဲ့ ဒီကေဘီအေ တိုက်ပွဲ ထပ်မံဖြစ်

မြန်မာစစ်တပ် နဲ့ DKBA တို့ အောက်တိုဘာလ ၁၀ ရက်၊ မနက်ပိုင်းက ကော့ကရိတ်မြို့အနား မှာ တိုက်ပွဲဖြစ်လို့ နယ် စပ် ကနေ ပြည်တွင်း ကို သွားတဲ့ ကားလမ်း ကို အချိန်ပိုင်းနဲ့ ယာယီ ပိတ်လိုက် ရတဲ့ အထိ တိုက်ပွဲ ပြင်းထန် ပါတယ်။

တိုက်ပွဲဟာ၊ ကော့ကရိတ်မြို့ အရှေ့ဖက် ၃ မိုင် လောက်အကွာ က၊ ကော့နွဲဆိုတဲ့ရွာအနားမှာ မနက် ၁၀ နာရီလောက် က ဖြစ်တာပါ။

မြန်မာအစိုးရ စစ်တပ် ကခေတ္တတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းဦး ၊ ဦးစီးတဲ့ ခလရ ၂၃၀ စစ်ကြောင်းဟာ၊ တတိုင်ကူးရွာ ကို ကျော်ပြီးတော့ ၊ကော့နွီးရွာဖက် အဝင်မှာ၊ အဲဒီက DKBA တပ်နဲ့ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်တာလို့ ဒေသခံတွေ က ပြောပါတယ်။

တိုက်ပွဲကြောင့် ကော့ကရိတ် ဖက်ကို တိမ်းရှောင်သွားတဲ့ ဒေသခံ တယောက်ပြောတာ က ၊စစ်တပ်က တက်သွားတဲ့ အခါမှာ ၊တိုက်ပွဲ ဖြစ်တဲ့ အကြောင်း၊ လက်နက်ကြီး တွေနဲ့ ရော ၊လက်နက်ငယ် တွေ နဲ့ပါ ပစ်ခတ်ကြောင်း ပြောတာပါ။

နှစ်ဖက်ကြားမှာ၊ မော်တာ၊ စိန်ပြောင်းတွေ၊ စက်သေနတ်တွေ နဲ့ အပြင်းအထန်တိုက်ပွဲ ဖြစ်နေလို့၊ ကော့ကရိတ်မြို့ နဲ့ထိုင်း၊ မြန်မာ နယ်စပ် က မြဝတီမြို့ ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ကို မွန်းလွဲ ၂ နာရီ အထိ ယာယီ ပိတ်ထားပြီး၊ အဲဒီနောက်ပိုင်း မှ အသွားအလာတွေ ကို ပြန်ဖွင့် ပေးတယ်လို့ နယ်စပ်ကို ရောက်လာတဲ့ ခရီးသည်တွေ က ပြောပါတယ်။

တိုက်ပွဲ မှာ နှစ်ယောက်သေတယ် လို့ သတင်းရ ပေမဲ့၊ ဘယ်ဖက် က သေတာလည်း ဆိုတာကို တော့ အတည်ပြုလို့ မရသေးပါဘူး။

အစိုးရနဲ့ DKBA ကြားမှာ ပြီးခဲ့တဲ့ လ ကတည်းက တင်းမှာမှုတွေ ဖြစ်လာတာပါ။ ကော့ကရိတ် နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့ အနား မှာ နှစ်ဖက်ကြား ပစ်ခတ်မှု တွေ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုံးက အစိုးရ က DKBA ထိပ်တန်းအရာရှိ တယောက်ကို ဖမ်းဝါးရမ်း ထုတ်တယ် ဆိုတဲ့ နောက်မှာ တော့ အခုလို အနေအထား ကို ရောက်လာတာပါ။

အခု တိုက်ပွဲဟာအစိုးရစစ်တပ်က၊ တပ်ခွဲ ၄ ခွဲနဲ့တပ်စိတ် ၂ စိတ်ဟာ၊ DKBA တွေ ထိန်းချုပ်ထားတဲ့ နေရာတွေ ကို သိမ်းယူဖို့အသွားမှာ တိုက်ခိုက်ကြတာ မို့၊ ဒီတိုက်ပွဲဟာ ဒီမှာတင် ရပ်မယ် လို့ မထင်တဲ့ အကြောင်း အကဲ ခတ်တွေ က ပြောပါတယ်။


DKBA ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ