Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 7, 2014

မုန်တိုင်းငယ်ကြောင့် မိုးသက်လေပြင်းများ တိုက်ခတ်နိုင်

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိ အားနည်း ရပ်ဝန်းဟာ ပိုမို အားကောင်းလာပြီး ၂၄ နာရီ အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ဌာနက ခန့်မှန်း ထားပါတယ်။

လေဖိအားနည်း ရပ်ဝန်း အရှိန်ကြောင့် မြစ်ဝကျွန်း ပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်း တလျှောက် ကမ်းလွန် ပင်လယ်ပြင်တွင်း တခါတရံ မိုးသက် လေပြင်းတွေ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင် တယ်လို့ မိုးဇလဌာနက ကြေညာ ထားပါတယ်။

လေတိုက်နှုန်းကတော့ မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့ မြေပြင်လေဟာ ၁ နာရီ မိုင် ၄၀ နှုန်းအထိ တိုက်ခတ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန်က  မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကတော့ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီအချိန် မုန်တိုင်းအခြေအနေ ခန့်မှန်းချက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ခုလို ပြောပါတယ်။

“သူက မုန်တိုင်းငယ်အဆင့်နီးပါး ရောက်သွားပြီ။ ၉၉ ဘီလို့ နာမည်ပေးထားတယ်။ အဲဒီကောင်က ကိုကိုးကျွန်းကို ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းထဲကို သွားဖို့ ရှိတယ်။ လောလောဆယ် လေတိုက်နှုန်းက ၁ နာရီကို ၂၅ ကနေ မိုင် ၃၀ လောက်ပဲ တိုက်သေးတယ်။ သူက ကျနော်တို့ အနီးဆုံးတွက်တော့ ဘန်ကောက်ကနေ အနောက်တောင်ယွန်းယွန်း ၃၉၀ မိုင်အကွာ ရေပြင်။ ကိုကိုးကျွန်းကို ဖြတ်သွားတယ်။ ခန့်မှန်းတာတော့ ဒီကောင်က ဘင်္ဂလားပင်လယ်အော်ကို ရောက်ရင်တော့ အားပိုကောင်းပြီး ဆိုင်ကလုံးမုန်တိုင်းတခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။”

မုန်တိုင်းအန္တရာယ် ကျရောက်နိုင်တဲ့  နေရာဒေသတွေနဲ့ ပတ်သက်ပြီး  ဦးထွန်းလွင်က ခုလို သတိပေးထားပါတယ်။

“လမ်းကြောင်းမှန်ပေါ်မူတည်တယ်။ အခုလို အနောက်မသွားဘဲနဲ့ အနောက်မြောက်ဘက်တို့ တက်ရင်တော့ မြစ်ဝကျွန်းပေါ် ဦးတည်သွားတာပေါ့။ ဦးတည်သွားတော့ အန္တရာယ်ပိုကြီးတာပေါ့။ အခုက အနောက်သွားတဲ့အတွက် မြစ်ဝကျွန်းပေါ် မတက်ဘူး။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကနေ အရှေ့အလယ်ပိုင်းတို့ကို ပြန်ကွေ့တဲ့သဘာဝ ရှိတယ်။ ပြန်ကွေ့ရင်တော့ ကျနော်တို့အတွက် စိုးရိမ်ရတယ်။ သို့သော်လည်း သွားပြီးမှ ကွေ့ရင်တော့ မြစ်ဝကျွန်းပေါ်ဘက် လွတ်ကင်းနိုင်တာပေါ့။ များများ အနောက်ဘက်ထွက်ပြီး ကွေ့ရင်တော့ ရခိုင်ဘက်သွားဖို့ များတယ်။ ဒီနေရာလေးမှာ ကပ်ကွေ့ရင်တော့ လတ္တီကျူ့က နိမ့်တဲ့ဘက်ဆိုတော့ မြစ်ဝကျွန်းပေါ်ဘက်။ လောလောဆယ်တော့ မြစ်ဝကျွန်းပေါ်တော့ မဖြစ်လောက်ဘူး။ ရခိုင်နဲ့ အထက်လောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ လောလောဆယ် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာတော့ လှိုင်းနဲ့လေ အသင့်အတင့်ရှိပါတယ်။”

မြန်မာ့ပင်လယ်ပြင်အနီး အခုနှစ်အတွင်း  ပြီးခဲ့တဲ့  ဇန်န၀ါရီလနဲ့ မေလတွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့ဖူးပြီး ခု တတိယအကြိမ်မြောက် မုန်တိုင်း ဖြစ်ပွားတာပါ။

ပြီးခဲ့တဲ့နှစ် မိုးလွန်ကာလတုန်းကတော့  မုန်တိုင်း ၅ ကြိမ်လောက် ဖြစ်ခဲ့ဖူးပြီး  ယခုနှစ် မိုး လွန်ကာလမှာတော့ မုန်တိုင်း ၂ လုံး ၃ လုံးလောက် ဖြစ်နိုင်ခြေရှိတယ်လို့ မိုးလေ၀သကျွမ်း ကျင်သူတွေက  ခန့်မှန်းထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ