
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာသည် လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကမ္ဘာ့ အကောင်း ဆုံးအမျိုး သမီးဘောလုံး သမားဆုနှင့် အကောင်းဆုံး အမျိုး သမီးနည်းပြဆုများအတွက် ဆန်ခါတင်စာရင်းကို စတင်ကြေညာမည်ဖြစ်ပြီး အောက်တိုဘာလ ၂၈ရက်နေ့တွင်ကမ္ဘာ့အကောင်း ဆုံးအမျိုးသားဘောလုံးသမား ဆုနှင့် အကောင်းဆုံးအမျိုးသား နည်းပြဆု ဆန်ခါတင်စာရင်းကို ကြေညာမည် ဖြစ်သည်။
ထို့နောက်တွင် ၂၀၁၄ ဒီဇင်ဘာလ ၁ ရက်နေ့၌ နောက်ဆုံးဆန်ခါတင် သုံးဦးစာရင်းကို ထပ်မံ ကြေညာမည်ဖြစ်ပြီး ၂၀၁၅ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ဆုရရှိ သူများအားလုံးစာရင်းကို ကြေညာမည် ဖြစ်သည်။
“ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက်ဆန်ခါတင်၂၃ဦးစာရင်းကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ကရွေးချယ်ပြီးလာမယ့်အောက် တိုဘာလ ၂၈ ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မကြာမီမှာ ဆန်ခါတင်သုံး ဦးစာရင်းကို ကြေညာပေးပြီး ၂၀၁၅ ဇန်န၀ါရီလ အလယ်မှာ ဆုရရှိသူကို ကမ္ဘာတစ်ဝှမ်းက အားကစားကလောင်ရှင်တွေ၊ နိုင်ငံအသင်းနည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေက ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်” ဟုဖီဖာ က ကြေညာသည်။
လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရီးယဲလ်တိုက်စစ်ကစားသမား စီရော်နယ်ဒိုက ရရှိထားပြီး ယခုနှစ်ဆုအတွက် စီရော်နယ်ဒို၊ မက်ဆီနှင့် နေမာ တို့ အဓိက ယှဉ်ပြိုင်ရဖွယ်ရှိသည်။ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီ အသင်းမှ ဂိုးသမား နျူအာ၊ အသင်းခေါင်းဆောင် ဖိလစ်လမ်းနှင့် နယ်သာလန် တောင်ပံကစား သမား ရော်ဘင်တို့မှာ ယှဉ်ပြိုင်သူများ ဖြစ်လာနိုင်သည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကြီးမှူးပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d'Or ဆုကို ၁၉၅၆ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဖီဖာနှင့် ပူးပေါင်းကာ FIFA Ballon d'Or ဆု(ဖီဖာ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု)ဟု နာမည်ပြောင်းလဲခဲ့သည်။
၂၀၁၀ ခုနှစ်က စတင်ရွေးချယ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆန်ခါတင်သုံးဦးစာရင်းတွင် ရီးယဲလ်နှင့်ဘာစီလိုနာအသင်းတို့မှမဟုတ်သည့်ကစား သမားဟူ၍ ဘိုင်ယန်တောင်ပံကစားသမား ရီဘာရီတစ်ဦးသာ ပါဝင်ခဲ့သည်။



































No comments:
Post a Comment