Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 12, 2014

မြန်မာနှစ်ဦးအမှု ပြန်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ရခိုင်ကွန်ရက် တောင်းဆို

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို သုံးသပ်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကို ရခိုင်အမျိုးသားကွန်ရက်က မြန်မာနိုင်ငံ ထိုင်းသံရုံးက တစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာမှာ အချက် ၃ ချက်ကို တောင်းဆိုထားတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က ပြောပါတယ်။

"ဒီအမှုဖြစ်နေတဲ့နေရာဟာ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့နေရာဖြစ်တယ်၊ မာဖီးယားတွေ ကြီးစိုးရာအရပ်မှာ ဖြစ်ပွားခဲ့တယ်၊ ဒါကြောင့် အဂတိလိုက်စားမှုတွေ အများကြီးရှိနိုင်တယ်၊ ဒါကြောင့် တရားခံအစစ်အမှန်တွေကို အမြန်ဆုံးဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်ပေးဖို့၊ ဒီအမှုဖြစ်စဉ်တွေဟာ အများကြီးလေးနက်သလို နိုင်ငံ ၃ နိုင်ငံ ပါဝင်ပတ်သက်နေတဲ့ အရေးကိစ္စဖြစ်တယ်၊ အဲဒါကြောင့် နိုင်ငံ ၃ နိုင်ငံမှာရှိတဲ့ အစိုးရတွေအနေနဲ့ အခုထက်ပိုပြီးတော့ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆိုတဲ့အချက်တွေကို ကျနော်တို့ ထည့်သွင်းဖော်ပြထားတယ်"

ရခိုင်အမျိုးသားကွန်ရက်က အဲဒီအိတ်ဖွင့်ပေးစာကို သက်ဆိုင်ရာ သံရုံးကတစ်ဆင့် ဗြိတိန်ဝန်ကြီးချုပ်ထံ ပေးပို့မှာဖြစ်သလို ကုလသမဂ္ဂ အဖွဲ့အစည်းတွေကိုပါ ပေးပို့သွားမယ်လို့ ဆိုပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ