Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

မိကျောင်းကန်သပိတ်စခန်း ရက်၂၀၀ ပြည့် အစာငတ်ခံဆန္ဒပြမည်

ရန်ကုန်မြို့တော် ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ နံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်း ရက် ၂ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြသူတွေက မနက်ဖြန် ကြာသပတေး နေ့မှာ အစာငတ်ခံ ဆန္ဒပြ ကြမယ်လို့ သိရပါတယ်။

သပိတ်စခန်း ရက် ၂ဝဝ ပြည့်တဲ့အထိ အစိုးရက ဖြေရှင်းပေးတာမရှိတဲ့အတွက် အခုလို အစာငတ်ခံဆန္ဒပြဖို့ စီစဉ်တာဖြစ်တယ်လို့ မိကျောင်းကန် သပိတ်စခန်းမှာရှိတဲ့ ဦးမောင်မောင် ဆိုသူက ပြောပါတယ်။

"မြေယာနဲ့ ပတ်သက်ပြီးတော့ အကိုတို့က မှန်မှန်ကန်ကန် မြေသိမ်းခံရတဲ့အတွက် ဒီလူတွေ မဟုတ်မမှန်ပဲနဲ့ တောင်းဆိုနေတာမဟုတ်ဘူး၊ မြေယာအဓမ္မအသိမ်းခံရတဲ့အတွက် ရရှိအောင်တောင်းဆိုတာပါ၊ ရက် ၂ဝဝ ပြည့်ပြီးတဲ့အခါကျတော့ အစိုးရကလည်း တုန့်ပြန်မှုမလာသေးတဲ့အတွက် ကိုယ့်နေရာပြန်လည်ရရှိရေးအတွက် တဆင့်တက်ပြီးတော့ အစာငတ်ခံဆန္ဒပြတာပါ၊ နောက်တစ်ခုက မိချောင်းကန်ခေါင်ဆောင် ကိုစိန်သန်း ထောင်ထဲကနေ လွတ်မြောက်ရေးအတွက်လည်း ကျနော်တို့ အစာငတ်ခံဆန္ဒပြတာပါ"

ဒီလ ၃ ရက်နေ့ နောက်ဆုံးထားပြီး မိကျောင်းကန်သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးအမိန့်နဲ့ မြို့နယ်စည်ပင်နဲ့ ရဲစခန်းက သတိပေးစာကပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အမိန့်စာထဲမှာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့အမည်မပါတဲ့အပြင် စည်ပင်ဝန်ထမ်းတွေနဲ့ ရဲတွေကလည်း တစုံတရာ အသိပေးပြောကြားခြင်းမရှိဘဲ သပိတ်စခန်းထဲကို အခုလို သတိပေးစာ ဝင်ကပ်သွားတာကြောင့် အဲဒီလူတွေကို အရေးယူပေးဖို့ ခရိုင်စည်ပင်ရုံးနဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းကို တင်ပြထားတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊ ၂နဲ့ ၃) မှာ နေထိုင်ခဲ့သူတွေက အသိမ်းခံထားရတဲ့ သူတို့မြေတွေ ပြန်လည်ရရှိဖို့ မဟာဗန္ဓုလပန်းခြံနံဘေးမှာ သပိတ်စခန်းဖွင့်ထားတာ အခုဆိုရင် ၇ လနီးပါးရှိနေပါပြီ။

လက်ရှိ မိကျောင်းကန်သပိတ်စခန်းမှာ ဆန္ဒပြသူ ၈ဝ နီးပါးရှိတဲ့အနက် သက်ကြီးရွယ်အိုတချို့ ကျန်းမာရေးထိခိုက်နေတယ်လို့လည်း သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ