Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

ကိုယ်ဝန်ဌားရမ်း တာဟာ လူကုန်ကူးမှု ဖြစ်တယ်လို့ဆို

သြစတြေးလျနိုင်ငံသား ​နှစ်ဦးဟာ ​အိန္ဒိယ ​အမျိုးသမီးတစ်ဦးကို ​အဌားကိုယ်ဝန် ​ဆောင်ခိုင်းခဲ့ပေမယ့် ​မွေးလာတဲ့ ​အမွှာထဲက ​တစ်ဦးကိုသာ ​သြစတြေးလျနိုင်ငံထဲ ​ပြန်လည်ခေါ်လာခဲ့တယ်ဆိုတဲ့ ​သတင်းနဲ့ ​ပတ်သက်ပြီး ​ဝေဖန်မှုတွေ ​ထွက်ပေါ်နေပါတယ်။ ​သြစတြေးလျနိုင်ငံက ​ရှေ့နေ ​တစ်ဦးကတော့ ​စီးပွားရေးအတွက် ​ကိုယ်ဝန်ဌားစားနဲ့ ​လုပ်ငန်းဟာ ​ခေတ်သစ် ​လူကုန်ကူးမှု ​တစ်မျိုးလိုတောင် ​ဖြစ်နေပြီလို့ ​ပြောပါတယ်။

အဆိုပါ ​သြစတြေးလျနိုင်ငံသား ​နှစ်ဦးဟာ ​ကလေး ​တစ်ယောက် ​ကိုသာ ​ပြန်လည် ​ခေါ်ယူ ​ခဲ့တာဖြစ်ပြီး ​ကလေးရဲ့ ​လိင်အင်္ဂါကို ​ခွဲခြားပြီး ​ကလေး ​တစ်ယောက် ​ကိုသာ ​ပြန်ခေါ် ​လာတာ ​ဖြစ်ပါတယ်။

ဒီလို ​ကိစ္စမျိုးတွေကြောင့် ​အဌား ​ကိုယ်ဝန်ဆောင်ခိုင်းတဲ့ ​ကိစ္စကို ​တင်းတင်းကြပ်ကြပ် ​လုပ်ဆောင်ကြဖို့ ​အစိုးရကို ​ဖိအားပေးနေကြပါတယ်။

အရင်တလောတုန်းကလည်း ​ကိုယ်ဝန်ဌားစားတဲ့ ​ထိုင်းအမျိုးသမီးက ​မွေးလာတဲ့ ​အမွှာ ​နှစ်ယောက်ထဲက ​ကျန်းမာရေးကောင်းမွန်တဲ့ ​ကလေးတစ်ယောက်ကိုသာ ​မိဘတွေက ​လက်ခံတဲ့အတွက် ​ပြဿနာတွေ ​ဖြစ်ခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ကိစ္စဟာ ​လွန်ခဲ့တဲ့ ​နှစ်နှစ်က ​ဖြစ်ခဲ့တဲ့ ​ကိစ္စဖြစ်ပြီး ​အခုအချိန်မှာသာ ​သိကြရတာ ​ဖြစ်ပါတယ်။

တရားသူကြီး ​John ​Pascoe ​ကတော့ ​ငွေကြေး ​အမြတ်အစွန်းရဖို့အတွက် ​ကိုယ်ဝန်အဌားချတဲ့ ​ကိစ္စဟာ ​လူကုန်ကူးမှုလို ​ဖြစ်နေပြီး ​မွေးလာတဲ့ ​ကလေးငယ်နဲ့ ​ကလေးမွေးပေးခဲ့တဲ့ ​အမျိုးသမီးကို ​ဘာ ​ကာကွယ်မှုမှ ​ပေးထားတာ ​မရှိဘူးလို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံက ​ကလေးမရနိုင်တဲ့ ​လင်မယားတွေ၊ ​လိင်တူချစ်သူတွေဟာ ​ပြည်ပနိုင်ငံကို ​သွားပြီး ​ကိုယ်ဝန်အဌားဆောင်ခိုင်းတာတွေ ​လုပ်လေ့ရှိပါတယ်။

သုတ်ပိုးကို ​မိဘရင်းတွေဆီက ​ရရှိပြီး ​အဲဒီ ​သုတ်ပိုးကို ​ကိုယ်ဝန်အဌားချထားတဲ့ ​အမျိုးသမီးဆီ ​ထည့်ပေးတဲ့အတွက် ​ကိုယ်ဝန်ဆောင်ပေးသူက ​မိခင်မဟုတ်ပဲ ​မိဘအရင်းက ​သုတ်ပိုးပိုင်ရှင်ဖြစ်တယ်လို့သာ ​ယူဆကြတာ ​ဖြစ်ပါတယ်။

ကိုယ်ဝန်အဌားချတဲ့ ​အမျိုးသမီးတွေကတော့ ​ငွေကြေးရရှိတဲ့အတွက် ​စီးပွားရေးအဆင်ပြေဖို့ ​သူများတွေရဲ့ ​ရင်သွေးကို ​လွယ်ပေးကြတာ ​ဖြစ်ပါတယ်။



သူများရဲ့ ရင်သွေးကို လွယ်ပြီး ကိုယ်ဝန်အဌားချထားတဲ့ အိန္ဒိယနိုင်ငံက အမျိုးသမီးတချို့


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ