Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 12, 2014

ဆေးရုံ......... ဆေးရုံ ...... ဆေးရုံဆိုတာ (ပေးစာ)

ဆေးရုံ......... ဆေးရုံ ...... ဆေးရုံဆိုတာ အသံကြား လိုက်ရုံနဲ့ လူတွေ အလွန်လန့် ကြပါတယ်။ တက်ရမှာလည်း ကြောက်တယ်။ လူနာ စောင့်ရမှာလည်း ကြောက်တယ်။ လူနာမေးရမှာလည်း ကြောက်တယ်။

စည်းကမ်းတွေကလည်း တင်းကျပ်ပါတယ်။ လိုလို့လား မလိုဘဲလားဆိုတာထက် သာမာန်ပြည်သူတွေ အနေနဲ့ အခက်အခဲ ရှိပါတယ်။ လူနာမေးချိန်ကို အရောက်သွားရတယ်။ ဂိတ်စောင့်ကို ပိုက်ဆံ ပေးတတ်ရတယ်။ လူနာစောင့်က ယောင်္ကျားဆို ယောင်္ကျားကစောင့်။ မရှိငှားပေါ့။


လူတွေအကုန်လုံးက ငွေပေးမယ်။ စိတ်ချမ်းသာမှု ပြန်ပေးမဲ့ အပြင်ဆေးရုံတွေကို ရွေးလာကြတယ်။


လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မမေမေ စံပြဆေးရုံမှာ တတ်ရပါတယ်။ ကျွန်မက မန်းလေးကနေ သွားရတာ ဆေးရုံရောက်တော့ ၉ နာရီပါ။ ၀င်ခွင့်ရပါတယ်။ ဘယ်သူမှ တားမြစ်သူမရှိပါဘူး။ မေမေက မြေးလေးကို ကြည့်ချင်တာပါ။ ကလေး 1 နှစ်သားလေး ခေါ်ခွင့်ရှိပါတယ်။ ခွင့်ပြုတာ မဟုတ်ပေမဲ့ မတားမြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လည်း သိပါတယ်။ ဒါပေမဲ့ လူနာ မေမေဟာ သမီးနဲ့ မြေးကို ကြည့်ခွင့်ရတာနဲ့ အစားစားနိုင်တာ ပျော်ရွှင်တာတွေကလည်း စိတ်ကုသမှု တစ်ခုပါလေ။

ဆရာဝန်တွေ၊ သူနာပြုတွေ တအားကောင်းပါတယ်။ ကျွန်မက စံပြဆေးရုံမှာတတ်တယ်ဆိုတော့ အတော်စိတ်ညစ်သွားတယ်။ အစိုးရဆေးရုံတွေက တအားဟောက်တာ ရစ်တာ လူတိုင်းအသိပါ။ ခု ဆေးရုံကတော့ စိတ်ရှည်တယ် ။အမှန်တကယ် သဘောထားကောင်းတယ်။ အမှန်တကယ် အလုပ်လုပ်ကြတယ်။

မရှိသူတွေကို နေ့စာ၊ ညစာ၊ မနက်စာ ကျွေးတယ်။ အသီးတွေ ဝေတယ်။ ၀မ်းသာမိပါတယ်။ ဆေးဖိုးဝါးခ ပေးစရာမလိုဘူး။ လိုတဲ့ဆေးတော့ ၀ယ်ပေါ့။ မရှိသူတွေ ဥပမာ Room 2 က ဒေါ်နီဆိုရင် ဆေးရုံက အကုန်ကူညီပါတယ်။ မန်းလေးပြန်ချင်တယ်ဆိုလို့ ဆရာဝန်က နေကောင်းအောင်ကြိုးစား တစ်ယောက်စာပေးမယ်။ ယောင်္ကျားနဲ့ သားအတွက်တော့ မပေးဘူးတဲ့။ အတော်တော်ကြပါတယ်။

အမျိုးသမီးလူနာကို အမျိုးသားစောင့်လို့လည်း ပြသနာမရှိဘူး။ အားလုံးအေးဆေးပဲ။ လူနာတွေ အစောင့်တွေ အ၀တ်ကို လျှော်လို့ရတယ်။ လှမ်းစရာတွေလည်းရှိတော့ နယ်ကလာသူတွေအတွက်ကောင်းတာပေါ့။

ဆရာဝန်မလေးတွေလေ တစ်ကယ့်ကို အလုပ်လုပ်တာ လမ်းလျှောက်တော့မြန်မြန် ခပ်သွပ်သွပ်နဲ့ အပြေးအ
ပြေးအလွှားပဲ။ လူနာရှင်တွေကမှ ပြင်ဆင်နိုင်သေးတယ်။ သူတို့ခဗျာ ဆံပင် ဖို့ယို့ဖားယား ရှုပ်ပွနေတာတောင် ရှင်းချိန်မရရှာပါဘူး။ဆရာဝန် ယောင်္ကျားလေးတွေလည်း ဒီလိုပါပဲ။ ကုလားဆင်ဆရာလေးလည်း အတော်တော်ပါတယ်။ လူမျိုးဘာသာ မခွဲရာပဲ ကိုယ်ဖိရင်ဖိပြုစုရှာတယ်။

ဘယ်အချိန်လိုလို သူတို့ဘယ်လောက်အလုပ်ရှုပ်နေပါစေ။ ဘယ်ဆရာဝန်။ ဆရာမတွေမှ မငြိုငြင်ပါဘူး။

အိမ်သာတွေ သန့်ရှင်း သပ်ရပ်တယ်။ ဆေးရုံသန့်တယ်။
 ရေချိုးခန်းတွေကောင်းတယ်။
ဘေစင်ကအစ ရေကောင်းတယ်။  ရေလာတယ်။ မီးပြတ်ချိန်နည်းတယ်။ သန့်ရှင်းရေး ၀န်ထမ်းတွေ ကောင်းတယ် ဆိုပါစို့ ။ အိမ်သာအထွက်မှာ လက်ဆေးဖို့ သန့်စင်ဆေးရည်တွေထားပေးတယ်။ ဖုန်းတွေ အားသွင်းနိုင်တယ်။

ကျွန်မ မေမေ ဒေါ်လှလှအေး Room 2 နံပါတ် 19 မှာ တတ်ခဲ့တာပါ။ ကျွန်မ မေမေအပါအ၀င် ကျွန်မတို့ ဆွေမျိုးတွေကိုယ်စား ဒီစာလေးနဲ့ စံပြဆေးရုံ ရန်ကုန် မှ ဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် သန့်ရှင်းရေးဝန်ထမ်းအပါအ၀င် အားလုံးကို သစ်ထူးလွင်မှတဆင့်  အထူးကျေးဇူးတင်ကြောင်းပြောပါရစေရှင်။ ရိုသေစွာ ကန်တော့လိုက်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ