Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

မြွေကိုပြပြီး ဘုရားတည်၊ တံတားဆောက်ဖို့ဟုဆိုကာ အလှူခံမှု များလာ

ဘုရားပွဲများ၊ ဈေးပွဲများတွင် ဘုရားတည်ရန်၊ တံတား ဆောက်ရန်ဟု ဆိုကာ မြွေပြပြီး အလှူခံ ယူမှုများ တွေ့မြင်လာရသည်။

““ဘဘတို့က ကိုယ်လည်း စားတယ်၊ မြွေတွေကိုလည်း ကျွေးတယ်။ သာသနာလည်း ပြုတယ်။ တံတားဆောက်ပြီးပြီ။ ပဲခူးမှာ မြွေတံတားဆိုရင် လူတိုင်း သိတယ်။ ဘုရားတည်ဖို့ လိုသေးတယ်။ သာသနာပြုမယ်””ဟု မြွေဘိုးတော်ဟု ဆိုသူ ဦးမြင့်လွင်က ပြောသည်။

ယင်းနှင့် ပတ်သက်၍ ““ပဲခူးမှာ ဘယ်မြွေတံတားမှ မရှိ ဘူး။ မကြားမိပါဘူး။ အလှူခံတဲ့လူတွေက ဒီလိုပဲပြောကြတာပါပဲ””ဟု ပဲခူးမြို့ဒေသခံသတင်းထောက်ဖြစ်သူ ဦးမိုးမြင့်လွင်က ပြောသည်။
မြွေလိမ္မာပြ၍ မြို့နယ်များ၊ ဈေးများတွင် လှည့်လည်ပြသ အလှူခံနေခြင်းများ မကြာခဏ တွေ့ကြုံနေရခြင်း ဖြစ်သည်။

မြွေလိမ္မာဖြင့် အလှူခံ၍ သာသနာပြုရန် ပဲခူးတိုင်းဒေသကြီးမှ လာရောက်ပြီး ပဲခူးတွင် တံတားတစင်း တည်ဆောက်ပေးပြီးပြီဖြစ်ကြောင်း မြွေဘိုးတော်က ပြောသည်။

““ကျွန်တော်တို့တော့ မကြားမိဘူး ဗျ။ မြွေဘုရားတော့ ပဲခူးမှာရှိတယ်။ အဲဒီ မှာလာရောက်တဲ့ ဘုရားဖူးတွေဆီ အလှူခံ တာရှိတယ်””ဟု ပဲခူးဒေသခံ ကိုမျိုးကြီးက ပြောသည်။

မြွေလိမ္မာ(၅)ကောင်ပါရှိပြီး အသက်အရွယ်များမှာ ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ် အရွယ်များဖြစ်ကြပြီး ယင်းတို့အား နွားနို့၊ ကြက်ဥနှင့် ငါးတို့ကို ကျွေးမွေးရကြောင်း တနေ့ကုန်ကျစရိတ် တကောင်လျှင် ၄ ထောင်ကျော်ဖြင့် ၂ သောင်းကျော်ကုန်ကျကြောင်း ဦးမြင့်လွင်က ပြောသည်။

မြွေလိမ္မာများ၏ ကျန်းမာရေးကိစ္စသည် ယင်းတို့ ၀မ်းသွားသည့်အပေါ်မူတည်၍ ပြုလုပ်ပေးရကြောင်း ၎င်းကရှင်း ပြသည်။
““၀မ်းပျော့ရင် ပျော့သလို၊ မာရင် မာသလိုပေါ့။ အားဆေးတွေ တိုက်ရတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ပြရတယ်။ တခါပြရင် တသောင်းကျော်လောက်ကုန် ပါတယ်””ဟု ၎င်းက ဆိုသည်။

၂၀၀၃ ခုနှစ်မှစတင်၍ ဈေးများ၊ ဘုရားပွဲတော်၊ ဈေးပွဲတော်များတွင် မြွေလိမ္မာဖြင့်အလှူခံပြီး တနေ့ ၅ သောင်း ကျပ်ဝန်းကျင်ရရှိကြောင်း၊ ပွဲရက်မရှိလျှင် မရကြောင်း ၎င်းက ပြောသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ